ဘင်္ဂါလီအကြမ်းဖက်သမားများ၏ မေယုမြစ်ဝှမ်း (မောင်တောတောင်ပိုင်း) သိမ်းယူရေးဗျူဟာ

 

၁၉၆၃ ခုနှစ်တွင် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေပြုကာ မောင်တောဒေသ၊ မေယုတောင်တန်းတွင် အခြေချရန်ကြိုးစားခဲ့ကြသည်။ စစ်လက်နက် အပြည့်အစုံဖြင့် အင်အား ၄၀ ကျော်ခန့်သည် ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်ပြီး မြင်းလွှတ်ကျေးရွာနှင့် ကျောက်ပန္တူကျေးရွာအကြား ကမ်းခြေသို့တက်ရောက်ခဲ့ကြသည်။ မေယုတောင်တန်းပေါ်သို့ ဝင်ရောက်ခိုလှုံခဲ့သော်လည်း တပ်မတော်မှလိုက်လံချေမှုန်းနိုင်ခဲ့သဖြင့် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းမှုများ တစ်စခန်းရပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းတွင်လည်း ဘင်္ဂါလီများ အင်နှင့်အားနှင့်လှုပ်ရှားမှု ရှိခဲ့သည်မှာ မောင်တောတောင်ပိုင်းကျေးရွာကြီးများတွင်ဖြစ်သည်။

By ကျွန်းသားငမန်း 25 Aug 2018

ကျွန်းသားငမန်း ရေးသားသည်။

မေယုမြစ်ဝှမ်းဒေသသည်၊ မေယူမြစ်နှင့် ဘင်္ဂလားပင်လယ်ကမ်းခြေစပ်နေသော နေရာဖြစ်သည်။ အလွယ်တကူပြောရလျှင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၏ တောင်ဖက်စွန်းနေရာများ ဖြစ်ကြသည်။ စစ်တွေတစ်ဖက်ကမ်း အငူမော်မှစကာ သဝင်ချောင်း၊ ကိုးတန်ကောက်၊ ကျောက်ပန္ဒူ၊ အင်းဒင် စသည့်ကျေးရွာကြီးများတည်ရှိရာနေရာဖြစ်သည်။ အဆိုပါနေရာများသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ကမ်းခြေနေရာများဖြစ်ကြသည်။ တစ်နည်းပြောရလျှင် ဟင်းလင်းပွင့်နေသော ပင်လယ်ပြင်တံခါး ပေါက်ကြီးလည်းဖြစ်သည်။

 ရည်ရွယ်ချက်ဖြင့် ထွက်ခွာသွားကြသူများ.

၂၀၁၂ ခုနှစ် ဇွန်လ၊ ၂၀၁၆ ခု အောက်တိုဘာ ၉ ရက်နေ့နှင့်၊ ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက် အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်လာခဲ့ကြသည့် ဘင်္ဂါလီကုလားများသည် ယင်းတို့၏မူရင်းဒေသ မိခင်တိုင်းပြည်သို့ ထွက်ခွာသွားခဲ့ကြသည်။ ဤသို့ထွက်ခွာသွားရာတွင် ရိုးရိုးတန်းတန်းထွက်ခွာသွားခြင်းမဟုတ်၊ ဒေသခံတိုင်းရင်းသားများအား မဟုတ်မမှန်လုပ်ကြံဇာတ်လမ်းများဖန်တီးကာ လူနည်းစု၎င်းတို့အား အနိုင်ကျင့် စော်ကားမှုများပြုလုပ်သည်ဟု စွတ်စွဲပြစ်တင်မှုများဖြင့် နိုင်ငံတကာမှအမြင်တွင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအား  အထင်အမြင်သေးအောင် ဆောင်ရွက်သွားခဲ့ကြသည်။ မိမိတို့နေအိမ်များကို မိမိတို့ကိုယ်တိုင်မီးရှို့ပြီး မြေလှန် စနစ်ဖြင့် ထွက်သွားကြခြင်းလည်းဖြစ်သည်။ ဝရုန်းသုံးကားထွက်ပြေး သည့်ပုံစံမဟုတ်။ ထွက်ခွာခြင်းမပြုမီ မိမိတို့ပိုင်ဆိုင်သည့်ရွေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခဲ့ကြ သေးသည်။ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ တိုင်းရင်းသား ဒေသခံများ၏ပြောဆိုချက်အရ၊ ဘင်္ဂါလီများသည် ၎င်းင်းတို့ပိုင်ဆိုင်သော စပါး၊ လှေနှင့်အခြားပရိဘောဂပစ္စည်းများကို တဖြည်းဖြည်းရောင်းချ မှုများရှိခဲ့ကြောင်းဖြင့်လည်းသိရသည်။ 

 ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ အရေးအခင်းအပြီး၊၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် ဖြစ်စဉ်မဖြစ်မီကပင် မေ၊ ဇွန်၊ ဇူလိုင် ကာလများ၌ စပါးစိုက်ရာသီရောက်ပြီဖြစ်သော်လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီကျေးရွာအချို့၌ ရွာနီးချုပ်စပ်နေရာများမှတစ်ပါး အခြားနေရာများတွင် မိုးရာသီလယ်ယာထွန်ယက်မှုနည်းပါးခဲ့ကြောင်း ဒေသခံများက သတိထားမိခဲ့ကြသည်။ ထို့အတူ ၂၀၁၆ ခု အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီကျေးရွာအချို့မှ မေယုတောင်တန်း ပေါ်သို့ ဆန်များတင်ပို့မှုများရှိသည်ကို မသင်္ကာဖွယ်တွေ့ရှိရကြောင်းဖြင့်လည်းဆိုကြသည်။ ဤအကြောင်းအချက်များကို ကြည့်ခြင်းအားဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ဘင်္ဂါလီကုလားများ နေရပ်စွန့်ခွာထွက်ခွာသွားခြင်း(ထွက်ပြေးခြင်းမဟုတ်)မှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်သွားခြင်း ဖြစ်သည်ကို တွေ့မြင်နိုင်ပေသည်။ ဤသို့ သွားရောက်ကြသူအများစုမှာ တစ်ဖက်နိုင်ငံ ဒုက်္ခ သည်စခန်းများတွင် နေထိုင်ပြီး အနေအစားချောင်လည်မည်ဟု ယူဆသည်ကတစ်ကြောင်း၊ တတိယနိုင်ငံတစ်နိုင်ငံသို့ ဒုက္ခသည်အမည်ခံပြီး သွားရောက်နိုင်မည်ဟု မျှော်လင့်သည်ကတစ်ကြောင်း စသည့်ရည်မှန်းချက်များ ရှိကောင်းရှိနိုင်ကြသည်။ အခြားတစ်ဖက်တွင်လည်း ရခိုင်ဒေသမှ ရှေးဦးအလျင် ထွက်ခွာသွားပြီး  နိုင်ငံခြားတိုင်းပြည်အသီးသီးသို့ ရောက်ရှိနေကြသော ဘင်္ဂါလီကုလားများ၏ မောင်တော ဒေသအား အာဖကစ္စတန်နိုင်ငံအဖြစ် ထူထောင်နိုင်ရေး ရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်ရန် သွေးဆောင်စည်းရုံးမှုများကြောင့်လည်းဖြစ်နိုင်သည်။ထိုသို့စည်းရုံးရာတွင်ပင် ဘင်္ဂါလီအချင်းချင်း သတ်ဖြတ်ပြပြီး   အကြောက်တရားဖြင့် ခြောက်လှန့်စည်းရုံးသည့်ပုံစံများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ သြဂုတ်လတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၏ ကြားကာလ အတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများ၏သတ်ဖြတ်ခံခဲ့ရသူ ၇၉ ဦးရှိခဲ့ပြီး၊ ၃၇ ဦးပျောက်ဆုံးနေခဲ့သည်။ ပျောက်ဆုံးခဲ့သူများမှာလည်း သတ်ဖြတ်ခံရပြီး သေဆုံးပြီးဖြစ်ကြောင်းယူဆရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ စာကြည့်တိုက်မှူး အပါအဝင် အချို့သောဘင်္ဂါလီအရပ်သားများ သတ်ဖြတ်ခံရခြင်းမှာ၊ အစိုးရနှင့်ပူးပေါင်းသူဟုယူဆပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်သမားများသည် အချို့သတ်ဖြတ်မှု များ၌ နေ့ခင်းကြောင်တောင်၊ ပြောင်ပြောင်တင်းတင်းပင် ရွာတွင်းသို့ဝင်ရောက်၍ အိမ်ထဲမှဆွဲချခေါ်ယူကာ သတ်ဖြတ်ခဲ့ကြသည်။ အကြမ်းဖက်သတ်ဖြတ်မှုများမှာ လစဉ်ပင်ရှိခဲ့သည်ကိုတွေ့ခဲ့ရသည်။အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူများကလည်း ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတင်းအစအနကိုရရှိခြင်းမရှိခဲ့ကြ။

 ပြန်လည်လက်ခံနေရာချထားပေးမည်

မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံအစိုးရသည် မိမိနိုင်ငံအားစွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သူ များအနက်၊ မိမိနိုင်ငံအတွင်းနေထိုင်ခဲ့သူဟု အထောက်အထားပြနိုင်သူများအား ပြန်လည်လက်ခံသွားရန် ဆောင်ရွက်ခဲ့သည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရန်ဆောင်ရွက် လျက်ရှိသည်။ ဤသို့ပြန်လည်လက်ခံနေရာချထားရာတွင်ပင် ပြန်လည်ဝင်ရောက်လာသူများအား သိက္ခာရှိရှိဖြင့်ပြန်လည်လက်ခံရေး၊ စွန့်ခွာခဲ့ရာမူရင်းဒေသ၌ ပြန်လည်နေရာချထားပေးရေးများကို ဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံကြီးများက ဖိအားပေး တောင်းဆိုနေကြသည် ကိုတွေ့ရသည်။ထွက်ပြေးသူများအား ပြန်လည်လက်ခံရေး၊ လက်မခံရေးဆိုသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ လုပ်ပိုင်ခွင့်ဖြစ်သလို၊ ပြည်တွင်း၌ ပြန်လည်နေရာချထားရေးဆိုသည်မှာလည်း အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏လုပ်ပိုင်ခွင့်သာဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံခြားအဖွဲ့အစည်းများကမှ ဝင်ရောက်စွက်ဖက် အာဏာပေးခိုင်းစေရန်အခွင့်အာဏာမရှိပေ။ယခုမူကား ရလေ၊လိုလေအိုတစ္ဆေပုံစံဖြင့် ပြုမူ ဆက်ဆံနေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံအား ခြေစုန်ကန်ထွက်ခွာသွားသူများအား လူသားချင်းစာနာမှုအရ ပြန်လည်လက်ခံပေးရန် သဘောတူထားခဲ့ပြီးဖြစ်သည်။ ၎င်းတို့အား ပြန်လည်နေရာချ ထားပေးရန်လည်း ဆောင်ရွက်လျက်လည်းရှိသည်။ သို့ရာတွင် ရခိုင်ပြည်သူများအနေဖြင့် ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်း ပင်လယ်ကမ်းခြေ၊ အခြေပြုနေရာများတွင် ပြန်လည်ဝင်ရောက်လာသူများအား နေရာချထားပေးခြင်းမပြုရန် ကန့်ကွက်လျက်ရှိကြသည်။ဝင်ရောက်လာသူများအား လက်ခံခြင်းမပြုရန် တစ်ဖက်သတ်ငြင်းပယ်နေခြင်းကားမဟုတ်ပေ။သေချာစွာစိစစ်ပြီး နိုင်ငံသားဖြစ်သင့်သူများကို လက်ခံခြင်းကိုမူ ငြင်းပယ်ခြင်းမရှိကြပေ။ ရခိုင်ပြည်နယ်လွှတ်တော်မှလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ များအား မောင်တောတောင်ပိုင်းတွင် ပြန်လည်နေရာချထားခြင်းမပြုရန် အရေးကြီးအဆိုတင်သွင်းဆုံးဖြတ် ခဲ့ကြသည်။အမှန်ပြောရမည်ဆိုပါက မြန်မာနိုင်ငံအား စုန်ကန်ထွက်ခွာသွားကြသူများမှာ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိခြင်းမရှိကြသူများဖြစ်ကြသည်။မြန်မာနိုင်ငံအားစွန့်ခွာသွားကြသူများသည် မည်သည့်အကြောင်း ဖြင့် ထွက်ခွာသွားကြသည်ဖြစ်စေ၊ မြန်မာနိုင်ငံအားသစ္စာစောင့်သိရိုသေခြင်း မရှိသူများသာဖြစ်ပြီး နိုင်ငံသားအရည်အချင်း ပျက်ယွင်းနေသူများသာဖြစ်သည်။ ထိုသူများအား ပြန်လည်လက်ခံမည်ဆိုခြင်းမှာ နိုင်ငံငတော်အတွက် အလွန်အန္တရာယ်ရှိသောလုပ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့် မောင်တောမြို့နယ် တောင်ပိုင်းနေရာများတွင် ပြန်လည်နေရာချထားမည်ဆိုခြင်းမှာ နိုင်ငံတော်၏လုံခြုံရေးအတွက် အလွန်အန္တရာယ်များသော လုပ်ရပ်၊ လုပ်ဆောင်ချက်ပင်ဖြစ်သည်။

 သတိထားရမည့် အန္တရာယ်စက်ဝန်း

ဘင်္ဂါလီအကြမ်းဖက်လှုပ်ရှားမှုများ စတင်သည့်သမိုင်းကြောင်းကိုကြည့်လျှင် မောင်တောမြောက်ပိုင်းကို အခြေပြုလှုပ်ရှားခဲ့သည်ကိုတွေ့ရသည်။ လွတ်လပ်ရေးမရမီ ဘင်္ဂါလီမူဆလင်များ၏ အာကစ္စတန်နိုင်ငံ ထူထောင်ရေးအစ သန္ဓေတည်ရာနေရာသည် မောင်တောတောင်ပိုင်းရှိ အလယ်သန်ကျော်ကျေးရွာမှဖြစ်သည်။ ဘင်္ဂါလီမူဆလင်များ၏အလယ်သန်ကျော်ညီလာခံမှာ ရခိုင်သမိုင်းတွင်ထင်ရှားသော သမိုင်းဖြစ်ရပ်ဖြစ်သည်။ ဘင်္ဂါလီများသည် ယင်းအချိန်ကပင် မြန်မာနိုင်ငံအပေါ် သစ္စာခံယူလိုခြင်းမရှိဘဲ ၎င်းတို့နှင့်မျိုးနွယ်တူ၊ ဘာသာ တူရာ ဘင်္ဂါလားဒေ့ရှ်(ယင်းအချိန်က အရှေ့ပါကစ္စတန်နိုင်ငံ) ရှိဘင်္ဂါလီများနှင့် ပူးပေါင်းရန်သာ စိတ်ဝင်စားခဲ့ ကြသည်။ အရှေ့ပါကစ္စတန်နိုင်ငံအား သစ္စာခံရန်သာလိုလားစိတ်ပြင်းပြနေခဲ့ကြသည်။ပါကစ္စတန်ခေါင်းဆောင် အလီဂျင်းနားနှင့်ဆက်သွယ်ကာ လွတ်လပ်ရေးတွင် နတ်မြစ်ဒေသအား ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းပါဝင် ခွင့်ရရန်တောင်းဆိုခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် ကုလားရခိုင်အဓိကရုဏ်းကိုအကြောင်းပြုပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်များမှ ရခိုင်ကျေးရွာများအားဖျက်ဆီးကာ လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည်။ ရခိုင်ကျေးရွာ အမြောက်အများဖျက်ဆီးခံခဲ့ရသည်။ ပြန်လည် ဝင်ရောက်အခြေချနေထိုင် နိုင်ခြင်းမရှိခဲ့ တော့။လွတ်လပ်ရေးရပြီး မူဂျာဟစ်လက်နက်ကိုင် သောင်းကျန်းသူများတစ်စခန်းထခဲ့သည်။ ထိုစဉ်ကလည်း မောင်တောတောင်ပိုင်းဒေသများကို အခြေခံလှုပ်ရှားခဲ့သည်။ မေယုတောင်တန်းတောင်ပိုင်းတွင် ခိုအောင်းလှုပ် ရှားခဲ့ကြသည်။ဤနေရာသည်  စားရေရိက္ခာပွားများပြီး ဆက်သွယ်ရေး၊ သွားလာရေးလွယ်ကူခြင်း ကြောင့်လည်းဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေပြုကာ မောင်တောဒေသ၊ မေယုတောင်တန်းတွင် အခြေချရန်ကြိုးစားခဲ့ကြသည်။ စစ်လက်နက် အပြည့်အစုံဖြင့် အင်အား ၄၀ ကျော်ခန့်သည် ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်ပြီး မြင်းလွှတ်ကျေးရွာနှင့် ကျောက်ပန္တူကျေးရွာအကြား ကမ်းခြေသို့တက်ရောက်ခဲ့ကြသည်။ မေယုတောင်တန်းပေါ်သို့ ဝင်ရောက်ခိုလှုံခဲ့သော်လည်း တပ်မတော်မှလိုက်လံချေမှုန်းနိုင်ခဲ့သဖြင့် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းမှုများ တစ်စခန်းရပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းတွင်လည်း ဘင်္ဂါလီများ အင်နှင့်အားနှင့်လှုပ်ရှားမှု ရှိခဲ့သည်မှာ မောင်တောတောင်ပိုင်းကျေးရွာကြီးများတွင်ဖြစ်သည်။ ဒုချရားတန်းကျေးရွာတွင် အကြမ်းဖက် အင်အားစုများ စုစည်းနေထိုင်ကာ လှုပ်ရှားမှုများကို လုပ်ကိုင်ခဲ့ကြသည်။ လတ်တလောအထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် အကြမ်းဖက်မှုမဖြစ်မီ ကာလများတွင်ဖြစ်သည်။ ၂၀၁၇ ခုဇူလိုင်လတွင် မေယုတောင်ကြောပေါ်သို့ ဟင်းစားရှာသွားသော အရပ်သားတစ်ဦးပျောက်ဆုံးရာမှ မောင်တော တောင်ကြောပေါ်သို့ အရပ်သားများ၊ လုံခြုံရေးအဖွဲ့ဝင်များ တောနင်းရှာဖွေခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းဟုယူဆရသည့် နေရာများ၊ TFP နှင့် NGOs အဖွဲ့များမှ ထောက်ပံ့ပစ္စည်း များအားတွေ့ရှိခဲ့ရသည်။ အဆိုပါနေရာမှာလည်း မောင်တောတောင်ပိုင်း ရသေ့တောင်မြို့နယ် တွင်ပင်ဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် မောင်တောတောင်ပိုင်း ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ၈ ဦး အသတ်ခံလိုက်ရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာသို့ အကြမ်းဖက်သမား ၆ ဦးအား သွားရောက်ဖမ်းဆီးသော ရဲအင်အား ၄၀ ခန့်အား အဆိုပါဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီ ကုလား ၆၀၀ ခန့်က တုတ်၊ ဓားတို့ဖြင့် ဝိုင်းဝန်းပြီး တရားခံပြန်လုခြင်းကို ခံလိုက်ရသည်။အောက်နန်းရာကျေးရွာမှာလည်း မောင်တောတောင်ပိုင်းနေရာပင်ဖြစ်သည်။ ထို့အတူ ကျောက်ပန္တူကျေးရွာ၊ အင်းဒင်ကျေးရွာများအနီး မေယုတောင်တန်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာ၊ ရိက္ခာသိုလှောင်ရာ လူလုပ်လှိုဏ်ခေါင်းများကို တွေ့ရှိခဲ့ရသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ်သြဂုတ်လဖြစ်စဉ်များတွင် မောင်တောတောင်ပိုင်းရှိ သဝင်ချောင်း၊ ကိုးတန်ကောက်၊ အင်းဒင်ရဲစခန်းများအား ဘင်္ဂါလီများက သာလွန်အင်အားများဖြင့်တိုက်ခိုက်ကာ သိမ်းယူရန်ကြိုးပမ်းဆောင်ရွက် မှုများရှိခဲ့သည်။ မောင်တောတောင်ပိုင်းအားသိမ်းယူပြီး နယ်မြေစိုးမိုးရန်ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်ဘင်္ဂါလီများသည် မောင်တောတောင်ပိုင်းနေရာများကို ခြေကုတ်ရယူရန် ကြိုးပမ်း လုပ်ဆောင် ခဲ့ကြသည်မှာ အစဉ်အဆက်ပင် ဖြစ်သည်။ သမိုင်းအထောက်အထားများအရလည်း သိသာထင်ရှားစွာတွေ့မြင်နေရသည်။မောင်တောတောင်ပိုင်းသည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသည်။ ရေပြင်အားဖြင့် မိုင် ၄၀ ခန့်ထိစပ်နေသော ဟင်းလင်းပွင့်နေရာဖြစ်သည်။ တစ်ဖက်နိုင်ငံတွင် ခိုအောင်းနေထိုင် သော ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လိုအပ်လျှင်အချိန်မရွေးဝင်ထွက် နိုင်သည့် နေရာလည်းဖြစ်သည်။ အလယ်သံကျော်ကမ်းခြေမှ လှမ်းမြင်နေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် အုန်းကျွန်း သည်ပင် မြန်မာနိုင်ငံ မောင်တောကမ်းခြေနေ မှောင်ခိုများနှင့် အစဉ်မပြတ်ကူးလူး ဆက်သွယ်သွားလာရာနေရာ ဖြစ်သည်။ သို့ဖြစ်လေရာ နိုင်ငံသားဖြစ်ရန် ထိုက်တန်ခြင်းမရှိသော ဘင်္ဂါလီများအား မောင်တောတောင်ပိုင်း တွင် ပြန်လည်နေရာချထားရေးဆိုသည်မှာ အလွန်အန္တရာယ်ကြီးမားသော အစီအစဉ်ပင်ဖြစ်သည်။ ရခိုင်ဒေသခံများအနေဖြင့် နိုင်ငံအပေါ်သစ္စာမရှိသူများ၊ နိုင်ငံသားအဖြစ် ခွင့်ပြုရန်မသင့်သူများအား မောင်တော တောင်ပိုင်းတွင် ပြန်လည်နေရာချထားခြင်းမပြုရန် ကန့်ကွက်ပြောဆိုနေခြင်းမှာအကြောင်းမဲ့ မဟုတ်ပေ။ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအသိဖြင့် စဉ်းစားချင့်ချိန်နိုင်ရန် လိုအပ်ပေလိမ့်မည်။ မောင်တောတောင်ပိုင်းအား သိမ်းပိုက်ရယူခြင်းဖြင့် မောင်တောမြို့နယ် တောင်ပိုင်းကိုသာမက၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်တောင်ပိုင်းကိုပါ သိမ်းယူရရှိသွားခြင်း ပင်ဖြစ်ပေလိမ့်မည်။မောင်တောတောင်ပိုင်းသိမ်းယူရရှိသွားခြင်းသည် မောင်တောမြောက်ပိုင်းအား အလိုလိုသိမ်းယူရရှိသွားခြင်းပင်ဖြစ်ရာ၊ မေယုမြစ်ဝှမ်း (မောင်တောတောင်ပိုင်း)အား သိမ်းယူရေး ဘင်္ဂါလီမူဆလင်များ၏ မဟာဗျူဟာမှာ နိုင်ငံတော်နှင့်ပြည်သူအားလုံး သတိထားရမည့် အန္တရာယ်စက်ဝန်းပင် ဖြစ်ပေသည်။

 

ဗီဒီယိုများ