- ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး
- ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
- CDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့သည့် ပလက်ဝဒေသခံ ၁၆ ဦး ပြန်လွတ်
- စစ်ကောင်စီက ကျောက်ဖြူသို့ တင့်ကားနှင့် စစ်သင်္ဘောများ ထပ်ပို့
- ကုလားတန်အထက်ပိုင်းက ဒေသခံများ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ခက်ခဲနေသေး
ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်
ဖနွမ်ပင်မြို့တွင် အစောပိုင်းက သတင်းထောက်များကို ဖြေကြားရာ၌ လက်ထောက်ဝန်ကြီးချုပ် ဆန်ချန်သော်က ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးခဲ့သည့်အတွက် သမ္မတထရမ့်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို နိုဘယ်ဆုအတွက် အမည်တင်သွင်းရန် ထိုက်တန်သူလည်း ဖြစ်သည်ဟု ပြောခဲ့သည်။
02 Aug 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နိုဘယ်ဆုအတွက် ကမ္ဘောဒီးယားက အမည်တင်သွင်းမည်ဟု ကမ္ဘောဒီယား လက်ထောက်ဝန်ကြီးချုပ်က သြဂုတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ရေးပဋိပက္ခတွင် ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်မှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလာခြင်း ဖြစ်သည်။
ဖနွမ်ပင်မြို့တွင် အစောပိုင်းက သတင်းထောက်များကို ဖြေကြားရာ၌ လက်ထောက်ဝန်ကြီးချုပ် ဆန်ချန်သော်က ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးခဲ့သည့်အတွက် သမ္မတထရမ့်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို နိုဘယ်ဆုအတွက် အမည်တင်သွင်းရန် ထိုက်တန်သူလည်း ဖြစ်သည်ဟု ပြောခဲ့သည်။
ပါကစ္စတန်သည်လည်း အိန္ဒိယနှင့် ပဋိပက္ခတွင် ပါဝင်ကူညီခဲ့သည့်အတွက် ထရမ့်ကို နိုဘယ်ဆုအတွက် ထောက်ခံပေးမည်ဟု ပြီးခဲ့သောဇွန်လက ပြောခဲ့သေးသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း သမ္မတထရမ့်အား ဤဆုအတွက် ထောက်ခံပေးထားကြောင်း ဇူလိုင်လတွင် ပြောကြားခဲ့သည်။
ဇူလိုင်လအတွင်းက ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်တွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်၌ သမ္မတထရမ့်သည် နှစ်နိုင်ငံလုံးနှင့် တွေ့ဆုံပြောကြားမှုများ ရှိခဲ့သည်။
အပစ်အခတ် မရပ်ပါက နှစ်နိုင်ငံလုံးနှင့် ကုန်သွယ်ရေး မလုပ်ဘဲထားမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
နောက်ပိုင်းတွင် အဆိုပါနှစ်နိုင်ငံသည် မလေးရှား၌ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အပစ်အခတ် ရပ်စဲရန် သဘောတူခဲ့ကြသည်။
"ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်" ဟု ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်က ထရမ့်အား ရည်ညွှန်းပြောဆိုသည်။
ထရမ့်အစိုးရသည် ကမ္ဘောဒီးယားအပေါ် ကောက်ခံမည့် အခွန်နှုန်းထားများကိုလည်း ယခင်က ၄၉ ရာခိုင်နှုန်းအထိ သတ်မှတ်ထားရာမှ သြဂုတ်လ ၁ ရက်နေ့တွင် ၁၉ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သည်။