အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ဆယ်ချစ်(Serchhip) မြို့၌ အာဏာပိုင်များသည် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်၍ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို စတင်ကောက်ယူနေပြီဖြစ်ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 31 Jul 2025

ဓာတ်ပုံ - Times of India

ဗုဒ္ဓဟူးနေ့မှစ၍ ဆယ်ချစ်မြို့ ချန်မာရီကျေးရွာတွင် ဒုက္ခသည်အချက်အလက်များကို စတင်ကောက်ယူခဲ့ပြီး နောက်နေ့များ၌ အခြားနေရာများသို့ တိုးချဲ့ကောက်ယူသွားမည်ဟု အရာရှိ ရီဘက်ကာ လာဒင်မာဝီ ရာဆယ်က Times of India သတင်းဌာနသို့ ပြောကြားသည်။

အချက်အလက် ကောက်ယူရေး အဖွဲ့သည် ကျေးရွာဒေသ ၃၀ အတွင်းရှိ ဒုက္ခသည် တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို အိမ်တိုင်းစေ့ ကောက်ယူသွားမည်ဟု ရာဆယ်က ပြောသည်။

အဆိုပါခရိုင်အတွင်း လတ်တလော၌ မြန်မာဒုက္ခသည် ၆၄၇ ဦးရှိပြီး ဆွေမျိုးနေအိမ်များ၌ နေကြသူများ သို့မဟုတ် အိမ်ငှားနေထိုင်နေကြသူများ ဖြစ်သည်။ သန်ဇောမြို့တွင်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ၂၆၆ ဦးရှိကာ အများစုမှာ မီဇိုဘွန်း အသိုင်းအဝိုင်းမှ ဖြစ်သည်ဟု Times of India က ဖော်ပြသည်။

အိမ်နီးချင်း ချမ့်ဖိုင်နှင့် လွန်းလေခရိုင်တို့၌ ဒုက္ခသည် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှုကို ကြာသပတေးနေ့တွင် စတင်မည် ဖြစ်သည်။ ချမ့်ဖိုင်ခရိုင်တွင် ဒုက္ခသည် ၁၃,၅၈၆ ဦးရှိပြီး လွန်းလေခရိုင်တွင် ၁,၉၉၁ ဦးရှိသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လက်ရှိ၌ မြန်မာဒုက္ခသည်စုစုပေါင်း သုံးသောင်းကျော် ခိုလှုံနေကြောင်း Times of India သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ - Times of India အိန္ဒိယမီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ