မျက်လှည့်ရွာ နဲ့ ကျောင်းဆရာ

 လက်ရှိအစိုးရအနေဖြင့် မည်သည့်လူမျိုးကိုမဆို နိုင်ငံတော်အကျိုးစီးပွားအလို့ငှာ သင့်တော်သည်ဟု ယူဆပါက နိုင်ငံသားစိစစ်ရေးကဒ် ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ရခိုင်လူမျိုးဖြစ်ဖြစ်၊ ကမန်လူမျိုးဖြစ်ဖြစ်၊ ခမီးလူမျိုးပဲ ဖြစ်ဖြစ် သူ့မူရင်းလူမျိုး အမည်ဖြင့်သာ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို လုပ်ပေးသင့်ပါ တယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်နေသည့် ကမန်တိုင်းရင်းသားလူမျိုး နိုင်ငံသားစိစစ်ရေးကဒ် ရရှိသည်မှာ  အဆန်းမဟုတ်ပေမဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ဧည့်နိုင်ငံသား ဘင်္ဂလီလူမျိုး တို့က ကမန် တိုင်းရင်းသားဟုဆိုကာ ရောင်ခြည်တော်နှင့်ရောလွှတ်သည် ဆိုသည့် စကားအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက အကျင့်ပျက် ဝန်ထမ်းတချို့နဲ့ပေါင်းပြီး မသမာသော နည်းလမ်းဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ရရှိသွားမည်ဆိုပါက အနာဂတ် မြန်မာနိုင်ငံအတွက် အလွန်ရင်လေးဖွယ် ကောင်းပါတယ်။

By အောင်ကြည်မိုး (သင်ပုန်းတန်း) 13 Oct 2018

 

အောင်ကြည်မိုး (သင်ပုန်းတန်း)

   ကျွန်တော် ငယ်စဉ်ကတည်းက မျက်လှည့်ကို အထူးစိတ်ဝင်စားတယ်။ ရွာမှာ မျက်လှည့် လာပြပြီ ဆိုရင် ရှေ့ဆုံးကကြည့်တတ်ပြီး အခုချိန်ထိ TV Channel တွေက ပြနေတဲ့ မျက်လှည့်ပွဲတွေဆို အမြဲ ကြည့်ဖြစ်တယ်။  ကမ္ဘာကျော်မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးလ် ပြကွက်တွေဖြစ်တဲ့ လေယာဉ် ပျံကို စင်ပေါ်တင်ဖျောက်ပစ်တာ၊ ဂရိတ်ဝေါလ် တရုတ်တံတိုင်းကို  ဟိုဘက်ဒီဘက် ဖောက်ပြတာထက် ပြီးခဲ့တဲ့လက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာနေတဲ့ တစ်ဘက်နိုင်ငံက ခိုးဝင်ဘင်္ဂလီ (၃၃၀၆) ယောက်က ကမန်တိုင်းရင်းသားလူမျိုး ဖြစ်သွားပြီး နိုင်ငံသား စိစစ်ရေးကဒ်ရသွားတဲ့ မျက်လှည့်ပြကွက် ကို  အထူးစိတ်ဝင်စားမိတယ်။

  ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာနေ ကမန်တိုင်းရင်းသားမဟုတ်သူများကို ကမန်တိုင်းရင်းသား အဖြစ် အသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေတာကို ဒေသခံရခိုင်နှင့် ကမန်လူမျိုး များက ကန့်ကွက်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ကရက်ရုံးခန်းတွင် ၁၈-၉-၂၀၁၈ ရက်နေ့  နေ့လယ်နှစ်နာရီတွင် ပြုလုပ်ခဲ့တယ်။   အရင်ကတည်းက ကမန်တိုင်းရင်းသား ပါတီ(ရန်ကုန်) ကလည်း အဲဒီလိုနိုင်ငံသားကတ် ထုတ်ပေးခဲ့သူတွေဟာ ကမန်လူမျိုးမဟုတ်ဘူး ဆိုပြီး နိုင်ငံတော်သမ္မတအထိ ကန့်ကွက်စာ တင်ထားတာ ရှိနေခဲ့လို့ အလုပ်သမားနှင့်ပြည်သူ့အင်အား ဦးစီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်စိစစ်သွားမယ်ဆိုပြီး ပြောကြားသွားတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ  (၁) မွေးရာပါနိုင်ငံသား (Citizen by birth) ၊ (၂) ဥပဒေအရနိုင်ငံသား (Citizen by law) ဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက် တစ်ခုက ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့သည် တည်ဆဲဥပဒေအရ မည်သည့်ခုနှစ်၊ မည်သည့်အချိန်တွငမဆို မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပေမဲ့ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးမှအပ အလို အလျောက် မြန်မာနိုင်ငံသား ဖြစ်ခွင့်မရှိပါ။ ဥပဒေအရစိစစ်ပြီး တည်ဆဲဥပဒေနှင့် ကိုက်ညီမှုရှိမှသာ လျှင် သတ်မှတ်အဆင့်အတိုင်း နိုင်ငံသား တစ်မျိုးမျိုး ဖြစ်ခွင့်ရရှိမည်သာ ဖြစ်တယ်။

 နောက်တစ်ခုက ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ခေါ်ယူသော နိုင်ငံဝန်ထမ်းခေါ်ယူရာတွင် လျှောက် ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။  ဒါပေမဲ့ ပြီးခဲ့သည့်လက မောင်တော ခရိုင်တွင် အခြေခံပညာ စာသင်ကျောင်းများတွင် ဘင်္ဂလီလူမျိုး ပညာတတ်များကို သင်ကြားရေးအကူ (Assiant Teacher) အဖြစ် ဆရာ၊ဆရာမများ ခေါ်ယူခဲ့ရာတွင် နိုင်ငံသား မဟုတ်သော ဧည့်နိုင်ငံသား ဘင်္ဂလီများကို ခေါ်ယူခဲ့သည်ကို တွေ့မြင်ခဲ့ရတယ်။ ဘယ်နိုင်ငံ မှာမှ  ဧည့်နိုင်ငံသားကို မိခင်ဘာသာနဲ့ သင်ကြားပေးနေတာ မရှိပါ။ ဖြစ်သင့်တာက ဘင်္ဂလီကလေး များကို မြန်မာစာတတ်မြောက်ရေး အတွက် ဘွဲ့ရပညာတတ် ဘင်္ဂလီများက သူတို့ရဲ့ ဘာသာရေးကျောင်းများတွင် ကြိုသင်ထားရမည် ဖြစ်တယ်။ ဘင်္ဂလီပညာတတ်များ ကျောင်းဆရာ၊ဆရာမများ ဖြစ်သွားလျှင် နိုင်ငံတော်အလံကို အလေးပြုပါမည်လား။ စာရေးသူ အလယ်တန်းကျောင်းသားဘ၀ ၁၉၈၀-ခုနှစ် ဝန်းကျင်က မောင်တောခရိုင်တွင် ဘင်္ဂလီလူမျိုး ကျောင်းဆရာ အချို့ သင်ကြားရေးမွမ်းမံသင်တန်းတစ်ခုတွင် နိုင်ငံတော်အလံကို အလေးမပြုနိုင်ဆိုပြီး အလုပ်ထွက်သွားဖူးတယ်။ သူတို့ဘာသာတွင် ဘုရားသခင် ကလွဲ၍ ဦးမညွှတ်ကြပါ။

ထိုင်းနိုင်ငံနယ်စပ်ရောက် မြန်မာများ၏ သားသမီးတို့က ထိုင်းနိုင်ငံ ပညာရေးကို မြန်မာဘာသာစကား ဖြင့် သင်ကြားခွင့် မရရှိပါ။ တစ်ခါက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်လူမျိုး ကျောင်းသားများက ဘင်္ဂလား ဒေ့ရှ် မူလတန်းပညာရေး သင်ရိုးတန်းကို မြန်မာဘာသာနဲ့ ပူးတွဲသင်ကြားနိုင်အောင် တောင်းဆိုခဲ့ဖူး ပေမဲ့ အစိုးရက ခွင့်မပြုပေးခဲ့ပါ။

   အမှန်ဆို သူတို့က မြန်မာနိုင်ငံမှာနေပါမူ မြန်မာဘာသာစကားနှင့် သင်ကြားတာကို နားလည်အောင် ကြိုးစားကြရမယ်။ မြန်မာနိုင်ငံမှာနေသည့် ဘင်္ဂလီများကို ဘင်္ဂလီစကားနှင့် စာသင်ကြားနေလျှင် သူတို့သည် သီးခြားပုံစံမျိုး ဖြစ်သွားပြီး တစ်စုတဝေးတည်းဖြစ်နေတဲ့ ကျောင်းသားလူငယ်များ ကို  ဘင်္ဂလီဆရာ၊ ဆရာမများ၏ သွေးထိုးလှုံ့ဆော် စကားများကြောင့် ရခိုင်ပြည်နယ်ကို မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး ထင်သွားနိုင်ပါတယ်။

      ပြီးခဲ့သည့် မတ်လ (၅)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ကိုဖီအာနန်ကော်မရှင် အကြံပြုချက်အတိုင်း ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်စခန်းသုံးခုမှ ကမန်တိုင်းရင်းသားလူမျိုး မိသားစု (၅၅) စုအား ရန်ကုန် တိုင်းဒေသကြီးသို့  ပြောင်းရွေ့မည့်ကိစ္စကို ပြန်လည်သုံးသပ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။  ယင်းအဆိုနှင့် စပ်လျဉ်းပြီး မတ်လ(၁၄) ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ဆွေးနွေးရာတွင် အဆိုရှင်ဖြစ်သူဦးးမောင်မြင့်သည် အခြေခံဥပဒေကို လိုက်နာခြင်းမရှိဘဲ တင်သွင်း  ခြင်း ဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ထောက်ပြ ဆွေးနွေးခဲ့ကြတယ်။

          မြန်မာနိုင်ငံတွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးစုကြီး(၈) ခုရှိပြီး  ရခိုင်လူမျိုးစုကြီးထဲတွင်  ကမန်၊ ခမီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် မျိုးနွယ်စုများ ပါဝင်နေတယ်။ ကမန်လူမျိုးတွေက ရခိုင်တိုင်းရင်းသားလူမျိုးစုဝင်အဖြစ် ပါဝင်နေသည်ကို တွေ့မြင် နေရတယ်။ အများအားဖြင့် ကမန်လူမျိုးများဟာ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်နေသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာကိုကိုးကွယ်သည့် တစ်ခုတည်းသော တိုင်းရင်းသားလူမျိုး။

 လက်ရှိအစိုးရအနေဖြင့် မည်သည့်လူမျိုးကိုမဆို နိုင်ငံတော်အကျိုးစီးပွားအလို့ငှာ သင့်တော်သည်ဟု ယူဆပါက နိုင်ငံသားစိစစ်ရေးကဒ် ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ရခိုင်လူမျိုးဖြစ်ဖြစ်၊ ကမန်လူမျိုးဖြစ်ဖြစ်၊ ခမီးလူမျိုးပဲ ဖြစ်ဖြစ် သူ့မူရင်းလူမျိုး အမည်ဖြင့်သာ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို လုပ်ပေးသင့်ပါ တယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်နေသည့် ကမန်တိုင်းရင်းသားလူမျိုး နိုင်ငံသားစိစစ်ရေးကဒ် ရရှိသည်မှာ  အဆန်းမဟုတ်ပေမဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ဧည့်နိုင်ငံသား ဘင်္ဂလီလူမျိုး တို့က ကမန် တိုင်းရင်းသားဟုဆိုကာ ရောင်ခြည်တော်နှင့်ရောလွှတ်သည် ဆိုသည့် စကားအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက အကျင့်ပျက် ဝန်ထမ်းတချို့နဲ့ပေါင်းပြီး မသမာသော နည်းလမ်းဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ရရှိသွားမည်ဆိုပါက အနာဂတ် မြန်မာနိုင်ငံအတွက် အလွန်ရင်လေးဖွယ် ကောင်းပါတယ်။

 တစ်ဖက်နိုင်ငံကနေ ရခိုင်ပြည်နယ်သို့  ခိုးဝင်ရောက်ရှိလာတဲ့ ဘင်္ဂလီလူမျိုးများကို ကမန်တိုင်းရင်း သားလူမျိုးဆိုပြီး နိုင်ငံသားဖြစ်ခွင့်ရရှိသွားပါက နိုင်ငံသားတစ်ယောက်၏ မူလအခွင့်အရေးအတိုင်း မြန်မာနိုင်ငံ၏    အမြင့်ဆုံးရာထူးဖြစ်သည့် နိုင်ငံတော်သမ္မတအထိ ဖြစ်လာနိုင်လို့ အနာဂတ် မြန်မာပြည်အတွက် အလွန်အန္တရာယ်များလာမည့် ကိစ္စတစ်ခုအဖြစ် ရှုမြင်သုံးသပ်တတ်ဖို့လိုပါ တယ်။  နောက်တစ်ခုက ကမန်တိုင်းရင်းသားလူမျိုးအဖြစ် အသွင်ပြောင်း ဘင်္ဂလီများ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ များလာလျှင်  ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင် လာနိုင်ပါတယ်။ ဘင်္ဂလီလူမျိုး တွေဟာ သားဖောက်တတ်ပြီး လူဦးရေနဲ့သိမ်းယူသွားတဲ့နိုင်ငံတွေ ကမ္ဘာမှာ သာဓကတွေ အများကြီးပါ။ 

   ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာက ကမန်လူမျိုး-အစ္စလာမ် ဘာသာဝင်တွေ နိုင်ငံသားဖြစ်ပြီး ဘင်္ဂလီလူမျိုး-အစ္စလာမ်ဘာသာဝင် တွေဟာ ဧည့်နိုင်ငံသား ဖြစ် တယ်။ တစ်ဘက်နိုင်ငံက ခိုးဝင်လာသည့် ဘင်္ဂလီလူမျိုးများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိဖို့ အတွက် ကိုးကွယ်ရာဘာသာတူသော ရခိုင်မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသားလူမျိုးဟု နာမည်ခံ ယူကာ  အသုံးချမှုများ ရှိလာနေကြတယ်။

နောက်တစ်ခုက တိုင်းရင်းသားမဟုတ်သည့်  ဘင်္ဂလီ တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အကျင့် ပျက်ခြစားဝန်ထမ်းအချို့က  မိမိတို့ ကိုယ်ကျိုးတစ်ခု အတွက် သေချာမစိစစ်ဘဲ  နိုင်ငံသား စိစစ်ရေး ကဒ်များ ထုတ်ပေးနေတာတွေဟာ အနာဂတ်မှာ မြန်မာနိုင်ငံ၏ ဖြေရှင်းရန်ခက်ခဲသော အဓိက ပြဿနာတစ်ရပ် ဖြစ်လာနိုင်တယ်။ ကမန်တိုင်းရင်းသားနှင့် ရခိုင်လူမျိုးတွေရဲ့ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ တစ်ခုတင်မဟုတ်ပါဘူး။ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအပေါ် တိုက်ရိုက် စိန်ခေါ် ခြိမ်းခြောက်မှုပါပဲ။

 ကမန်လူမျိုးများ၏ ပြောစကားအရ ၂၀၀ရ ခုနှစ်တွင်   ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်စသည့် နေရာ သုံးခု၌ ကမန်လူမျိုး ၉၀၀ ဦးရေ နီးပါးသာရှိကြောင်း သိရတယ်။ ဒါပေမဲ့ ၁-၁၀-၂၀၁၂ ခုနှစ်တွင် လူဝင်မှု နှင့် ပြည်သူ့အင်အားဦးစီးဌာနက ကျောက်ဖြူခရိုင် တစ်ခုလုံးတွင် ကမန်လူဦးရေ ၂၂၃၂ ဦးရေ ရှိကြောင်း ထုတ်ပြန်ထားခဲ့လို့ ကမန်လူဦးရေထဲတွင် ဘင်္ဂလီလူမျိုးများ အရောပါနေပြီး နိုင်ငံသားဖြစ် ရေးနှင့် နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးနေသည့်ကိစ္စတွင် သံသယဖြစ်ဖွယ်များ  မြင်တွေ့လာနေ ရခြင်း ဖြစ်တယ်။

     ယခုလက်ရှိအချိန် ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားသည့် ကမန် တိုင်း ရင်းသားလူမျိုး နဲ့ ဘင်္ဂလီလူမျိုးတွေကို ပြန်လည်စိစစ်ဖို့ အချိန်ရောက်နေပါပြီ။ ဝန်ထမ်းအချို့၏ မသမာမှုကြောင့်ဖြစ်စေ၊ကာယကံရှင်များ၏ လိမ်လည်လျှောက်ထားမှုကြောင့်ဖြစ်စေ၊ ကမန်တိုင်းရင်း သားလူမျိုး မဟုတ်သူတွေကို ကမန်တိုင်းရင်းသားလူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးမှု များ စစ်ဆေးတွေ့ရှိပါက ကဒ်ပြားများကို ပြန်လည်သိမ်းဆည်းပြီး ကာယံရှင်များအား တည်ဆဲဥပဒေ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်းနှင့် ပါဝင်ပတ်သက်ခဲ့သည့် ခေတ်အဆက်ဆက် အကျင့်ပျက် ဝန်ထမ်းများကိုလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်တယ်။မောင်တောခရိုင်တွင်  (AssistantTeacher )ခန့်ထားပေးမည့် ဧည့်နိုင်ငံ သား ဘင်္ဂလီလူမျိုးအား ပြည်သူ့ဝန်ထမ်းဥပဒေနှင့်ညီမညီ ဆိုတာကိုလည်း ပြန်လည်စိစစ်ဖို့လိုပါတယ်။

   အချုပ်အားဖြင့် ရခိုင်ပြည်နယ်သို့ တစ်ဘက်နိုင်ငံမှ ခိုးဝင်ရောက်ရှိလာကြသော ဘင်္ဂလီလူမျိုးကို ကမန်တိုင်းရင်းသားလူမျိုးဟု ဆိုကာ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးနေမှုသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ  စိစစ်ဖို့ လိုအပ် နေပါတယ်။ နိုင်ငံသား စိစစ်ရေးကဒ် ရရှိသွားလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၅ ကို အသုံးပြုခွင့် ရရှိသွားမည်ဆိုတာ တာဝန်ရှိပုဂ္ဂိုလ်တွေက သိနားလည်ဖို့လိုပါတယ်။

 တရားမဝင် နိုင်ငံ သားများ ဝင်ထွက်မှုရှိနေသော ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးနေမှု၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အညီ ဆောင်ရွက်ရန် လိုအပ်နေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးနှင့် တိုင်းရင်းသားလူမျိုးစုများ ရေရှည် ရပ်တည်နိုင်ရေးတို့အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အစဉ်စောင့်သိရိုသေသော မွေးရာပါနိုင်ငံသား အသိစိတ်ရှိသူများနှင့် မွေးရာပါ နိုင်ငံသား ဝန်ထမ်းကောင်းများကသာ  ဒီမိုကရေစီ နိုင်ငံတော်ကြီး ကို တည်ဆောက်နိုင်ကြပါမည် ဖြစ်တယ်။

                                                         အောင်ကြည်မိုး(သင်းပုန်းတန်း)

ဗီဒီယိုများ