ရပ်ကွက်လူကြီးတွေဟာ လိုင်စင်ရလူမိုက်တွေလား

          လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရပ်ကွက်တွင်း နေထိုင်သူတစ်ယောက် အိမ်ရှေ့မှာ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူး တချို့ အော်ဟစ် ဆဲဆိုနေကြသည့် မြင် ကွင်းကို ကြုံခဲ့ရသည်။ အချိန်က ည ၈ နာရီခန့်ဖြစ်၏။ အော်ဟစ်၊ ဆဲဆိုနေသော ဆယ်အိမ်မှူး လူငယ်မှာ အရက်မူးနေ သည်။ အိမ်ထဲမှလူကို လမ်းပေါ်ထွက် လာခဲ့ရန်နှင့် သူနှင့်ယှဉ်ပြိုင် ထိုးသတ်ရန် ဆဲဆိုအော်ဟစ်နေပုံက မင်းမဲ့စရိုက် ဆန်လွန်းလှသည်။ ထိုဆယ်အိမ်မှူး လူ ငယ်၏ နံဘေးနားတွင် အတူလိုက်ပါ လာကြသော ရပ်ကွက်လူကြီးများ ရှိနေကြသော်လည်း လူငယ်ကိုမဟန့်တားဘဲ မီးလောင်ရာ လေပင့်ပေးနေကြသည့်အဖြစ်ကိုသာ တွေ့ရ၏။

By ရက္ခ 10 Sep 2018

ရက္ခ ရေးသားသည်

“လူတိုင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ ကြိုးစားကြတယ်.. ဒါပေမယ့် ဘယ်သူကမှ ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ မကြိုးစားကြဘူး”

    (လီယိုတော်စတွိုင်း)

                (တစ်)

          လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရပ်ကွက်တွင်း နေထိုင်သူတစ်ယောက် အိမ်ရှေ့မှာ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူး တချို့ အော်ဟစ် ဆဲဆိုနေကြသည့် မြင် ကွင်းကို ကြုံခဲ့ရသည်။ အချိန်က ည ၈ နာရီခန့်ဖြစ်၏။ အော်ဟစ်၊ ဆဲဆိုနေသော ဆယ်အိမ်မှူး လူငယ်မှာ အရက်မူးနေ သည်။ အိမ်ထဲမှလူကို လမ်းပေါ်ထွက် လာခဲ့ရန်နှင့် သူနှင့်ယှဉ်ပြိုင် ထိုးသတ်ရန် ဆဲဆိုအော်ဟစ်နေပုံက မင်းမဲ့စရိုက် ဆန်လွန်းလှသည်။ ထိုဆယ်အိမ်မှူး လူ ငယ်၏ နံဘေးနားတွင် အတူလိုက်ပါ လာကြသော ရပ်ကွက်လူကြီးများ ရှိနေကြသော်လည်း လူငယ်ကိုမဟန့်တားဘဲ မီးလောင်ရာ လေပင့်ပေးနေကြသည့်အဖြစ်ကိုသာ တွေ့ရ၏။ ရပ်ကွက်နေပြည် သူများ ရွေးချယ်တင်မြှောက်ပေးလိုက် သော ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ က ရပ်ကွက်အတွင်း၌ ထိုသို့မိုက်ကြေးခွဲ နေကြခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ခြင်းဟုပင် ခံစားမိသည်။

          စာသင်ကျောင်း တစ်ကျောင်း တွင် ဆရာ၊ ဆရာမများသည် ကျောင်း သားကျောင်းသူများအတွက် စံပြဖြစ်ရ မည့် သူများဖြစ်သည်။ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ကျောင်းထိုင်ဆရာ တော်သည် ကျောင်းတွင်းနေ သံဃာတော် များ၏ ကြည်ညိုလေးစားမှုကို ခံယူထိုက် သော ပုဂ္ဂိုလ်ဖြစ်သင့်၏။ မိသားစုတစ်စု တွင် မိဘသည် သား၊ သမီးများအတွက် အားကျအတုယူစရာ ပုဂ္ဂိုလ်များဖြစ်နေ ရန် လိုအပ်သည်။ ထို့အတူ နိုင်ငံတစ် နိုင်ငံ၊ မြို့တစ်မြို့နှင့် ရပ်ကွက်တစ်ခုတွင် လည်း အုပ်ချုပ်သူ လူတန်းစားများသည် အုပ်ချုပ်ခံ ပြည်သူများအတွက် လေးစား အတုယူထိုက်သော စံပြလူပုဂ္ဂိုလ်များ အဖြစ် ရပ်တည်နေကြရမည် ဖြစ်သည်။ သို့သော် လတ်တလော ကြုံတွေ့လိုက် ရသော ဆယ်အိမ်မှူးလူငယ်၏ မူးယစ် ရမ်းကားမှုမှာ စံပြထိုက်သော လုပ်ရပ် တစ်ခုမဟုတ်သည်မှာ သေချာ၏။ =ရပ် ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် လိုင်စင်ရ လူမိုက်များလား+ စသော သုံးသပ်သံများ ရပ်ကွက် ထဲတွင် ပျံ့လွင့် သွားခဲ့သည်။ ရခိုင်ပြည်နယ်ထဲတွင် ထို ကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် များ မည်မျှလောက်ထိ ရှိနေကြသည်ကို ဖြည့်စွက် စဉ်းစားစရာပင် ဖြစ်သည်။

             (နှစ်)

          ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက တတိယအကြိမ်မြောက် ပြင်ဆင်ခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေထဲတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဥပဒေအရ ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပုဂ္ဂိုလ်ကို ဆိုလိုကြောင်း ဖော်ပြသည်။ ထိုဥပဒအရ ဆယ်အိမ်မှူးဆိုသည်မှာ ရာအိမ် မှူးရွေးချယ်ရန် အတွက်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အထောက်အကူ ပြုရန်အတွက် လည်းကောင်း၊ သက်ဆိုင် ရာ ဆယ်အိမ်စုအဖွဲ့က ရွေးချယ်သည့် ပုဒ်မ(၅) ပါ အရည်အချင်းများနှင့် ပြည့် စုံသူဟု ဖော်ပြသည်။ ထို့အပြင် ရာအိမ် မှူးဆိုသည်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေး ချယ်ရန် အတွက်လည်းကောင်း၊  ရပ် ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးအား အထောက်အကူပြုရန် အတွက်လည်းကောင်း သက်ဆိုင်ရာ ဆယ်အိမ်စုအဖွဲ့က ရွေးချယ်သည့် ပုဒ် မ(၅) ပါအရည်အချင်းများနှင့် ပြည့်စုံ သူကို ဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆို ထားသည်။

          ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များ အပိုဒ်(ခ) တွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အ ရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြု ခြင်းနှင့် မလျော်သြဇာသုံးခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ပြဌာန်း ထားသည်။ ရက်ကွက်အုပ်ချုပ်ရေးမှူး များ၏ လုပ်ငန်းတာဝန်များ အပိုဒ် (က) တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟု လည်းကောင်း၊ အပိုဒ်(င)တွင် မှုခင်း များနှင့်ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေးခြင်း၊ တိုင်းကြားခြင်း၊ ဖမ်း ဆီးအရေးယူခြင်းများနှင့် စပ်လျှဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း များအား သတင်းပို့ခြင်းနှင့် ကူညီခြင်း ဟုလည်းကောင်း၊ အပိုဒ် (ဏ) တွင် လမ်းများ၊ အများပြည်သူဆိုင်ရာ နေရာ များတွင် အများပြည်သူအား အနှောင့် အယှက်ဖြစ်စေရန်၊ အန္တရာယ်ဖြစ်စေ ရန်၊ ထိခိုက်နစ်နာစေရန် ပြုလုပ်မှုအ တွက်လည်းကောင်း၊ ခိုက်ရန်ဖြစ် ပွားမှု ကိုလည်းကောင်း၊ ခွင့်ပြုချက်မရှိသော လက်နက် ခဲယမ်းများကိုင်ဆောင်မှုကို လည်းကောင်း တားမြစ်ခြင်း၊ ယင်းသို့ တားမြစ်သည်ကို လိုက်နာခြင်းမရှိပါက ဖမ်းဆီးခြင်း၊ ဖမ်းဆီးရန် အကြောင်း ကြားခြင်း စသည်တို့ကို လုပ်ဆောင်နိုင် ကြောင်း တွေ့ရှိရ၏။ ထိုဥပဒေထဲတွင် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများသည် အုပ်ချုပ်ရေးမှူးအား လိုအပ်သလို ပံ့ပိုး ကူညီရန် ပြဆိုထားသည်။

               (သုံး)

          တလောက ဖတ်လိုက်ရသော သတင်းတစ်ပုဒ်တွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် စိုးရိမ် ထိတ်လန့်ခဲ့ရသေးသည်။ အပ်နှင်းထား သော လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံး စားမှု၊ ကိုယ်ကျိုးစီးပွားရှာမှုနှင့် မကောင်း မှုဒုစရိုက် လုပ်ဆောင်ရန်အတွက် ရရှိ ထားသော အခွင့်အာဏာကို အကာအ ကွယ်အဖြစ် အသုံးချမှုများ ရပ်ကွက်ထဲ တွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ပြသလိုက်ခြင်းဟု ဆိုနိုင်သည်။ ရပ်ကွက် အတွင်း အေးချမ်းသာယာ ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ အခွင့်အရေးတို့ကို စောင့် ရှောက်ကြရမည့်သူများက ပြည်သူများ အပေါ်တွင် နိုင်ထက်စီးနင်းပြုလုပ်နေ ကြသည်မှာ စိုးရိမ်စရာ အခြေအနေပင် ဖြစ်သည်။ မသမာသူတချို့သည် ၎င်း တို့၏ ကိုယ်ကျိုးစီးပွားအတွက် အခွင့် အာဏာ တစ်ခုခုရရှိအောင် စွမ်းဆောင် လေ့ရှိတတ်ကြသည်။ ထို့အပြင် ဆင်းရဲ သားလူတန်းစားများ နေထိုင်သော ရပ် ကွက်ထဲတွင် ငွေကြေးဥစ္စာ ချမ်းသာ <ကယ်ဝသူများက အရေးပါ အရာရောက် နေတတ်သဖြင့် ထိုသူများသည် ရပ် ကွက်လူကြီးဖြစ်လာရန် အခွင့်အရေး ပိုမိုရရှိထားကြ၏။ ပြည်သူက ရွေးချယ် တင်မြှောက်သော စနစ်၌ လူတိုင်းတွင် သာတူညီမျှ အခွင့်အရေးရှိကြသည် မှန် သော်လည်း လူမဆန်သူများလက်ထဲ သို့ အခွင့်အာဏာ တစ်စုံတစ်ခု ရောက် ရှိသွားမည်ဆိုပါက မျောက်လက်ထဲသို့ မီးစရောက်ရှိသွားခြင်းထက် ပိုဆိုးသွား နိုင်သည်မှာ မြေကြီး လက်ခတ်မလွဲ။။

          ယနေ့ခေတ် နိုင်ငံတော်သည် ဒီမိုကရေစီ နိုင်ငံတော်အဖြစ်သို့ ကူး ပြောင်းနေပြီ ဖြစ်သော်လည်း အုပ်ချုပ် သူလူတန်းစားတချို့သည် အာဏာရှင် ဆန်နေကြဆဲဖြစ်သည်။ ထို့အတူ ပြည် သူများထဲတွင်လည်း ဒီမိုကရေစီ စကား လုံးကို ခုတုံးလုပ်ကာ ကိုယ်ထင်ရာစိုင်း နေသူများ ရှိကြသည်။ အရက်သမား များက ပုဆိုးချွတ်၍ ရပ်ကွက်ထဲ ဆဲဆို ခြင်းသည် ဒီမိုကရေစီ လွတ်လပ်ခွင့်၊ ဈေးတန်းထဲတွင် သားစိမ်းငါးစိမ်းသည် များ ဆံပင်ဆွဲပါးရိုက်ကြခြင်းက ဒီမိုက ရေစီလွတ်လပ်ခွင့်၊ ဆရာဆရာမများကို ကျောင်းသား ကျောင်းသူများက ကက် ကက်လန် ပြန်ပြောခြင်းခြင်းမှာ ဒီမိုက ရေစီလွတ်လပ်ခွင့်၊ မိဘများကို သား သမီးများက  ဆိုးသွမ်းနှိပ်စက်ခြင်းမှာ ဒီမိုကရေစီလွတ်လပ်ခွင့်၊ အရက်ဆိုင် များ၊ ကေတီဗွီများ ပေါများလာခြင်းမှာ ဒီမိုကရေစီလွတ်လပ်ခွင့်၊ ညအပျိုမများ လူတောသူတောထဲ ဖောက်သည်ရှာနိုင် ခြင်းက ဒီမိုကရေစီ လွတ်လပ်ခွင့် ဖြစ် နေသည်။ ထိုမျှမက ဘာသာတရား၊ ရိုး ရာယဉ်ကျေးမှု၊ လူမှုရေးနှင့် အိမ်ထောင် ရေး ဖောက်ပြန်ခြင်းများကို ဒီမိုကရေ လွတ်လပ်ခွင့်အဖြစ် အသက်သွင်းမှု များလည်း ရှိနေ၏။ သို့သော် အရပ် သားပြည်သူများ ထင်ရာစိုင်း ရမ်းကား ကြခြင်းကို သာမန်အားဖြင့် နားလည် ပေးနိုင်စရာရှိသော်လည်း နယ်ပယ်အ သီးသီးမှ အုပ်ချုပ်သူ လူတန်းစားများ ထင်ရာစိုင်း ရမ်းကားနေကြခြင်းမှာ နား လည်ရန် ခက်သော ကိစ္စသာ ဖြစ်၏။ 

            (လေး)

          စာရေးသူသည် ရခိုင်ရိုးမ တောင်ခြေရင်းတွင်ရှိသော ရခိုင်တောင် ပိုင်းမြို့တစ်မြို့တွင် နေထိုင်သည်။ စာ ရေးသူ နေထိုင်သောနေရာမှာ မြို့ပေါ် ရပ်ကွက်တစ်ခု၏ အစွန်ဆုံး နေရာထဲ တွင်ရှိသည်။ လယ်ယာမြေများကို အိမ် ဆောက်နေထိုင်ကြသော တိုးချဲ့အိမ် ရာမြေများဖြစ်၏။ နွေရာသီတွင် ဖုန်တ ထောင်းထောင်းထ၍ မိုးရာသီအချိန် တွင် အချိန်တိုင်းနီးပါး ရေကြီးရေလျှံ နေလေ့ရှိသည်။ ယခုနှစ်များအတွင်းတွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလေ့ ရှိသ ဖြင့် ဤရပ်ကွက်အတွင်း နေထိုင်သူ များမှာ အတော်ပင် ဒုက္ခရောက်ကြရ သည်။ သည်ရပ်ကွက်တွင်းမှ ဆယ် အိမ်မှူးနှင့် ရာအိမ်မှူးတချို့သည် အိမ် ခြံမြေ အရောင်းအဝယ် စာချုပ်များနှင့် ပေါင်နှံငှားစာချုပ်များ ချုပ်ဆိုရာတွင် အသိသက်သေ လက်မှတ်ထိုး၍ ပွဲစားခ ငွေရယူရန်၊ ပွဲလမ်းသဘင်များ တချို့ကို တိုက်ပုံဝတ်တက်၍ လူရိုသေ၊ရှင်ရိုသေ လုပ်ရန်နှင့် အရက်မူးလာလျှင် ရပ်ကွက် အတွင်း ပါဝါပြရန် မျှလောက်သာ တာ ဝန်ဝတ္တရားရှိကြသူများ ဖြစ်သည်။ ရေ ဘေး၊ လေဘေးစသော သဘာဝဘေး အန္တရာယ်များ၊ ရပ်ကွက် ဖွံ့ဖြိုးရေးကိစ္စ ရပ်များနှင့် ဥပဒေအရ ထိမ်းသိမ်းအ ရေးယူရမည့် ကိစ္စရပ်များတွင် ထိုသူ များ၌ တာဝန်မရှိကြချေ။ ထို့အပြင် ငါ့ မိသားစု၊ ငါ့ဆွေမျိုးအသိုင်းအဝိုင်း၊ ငွေ ကြေးတတ်နိုင်သူများနှင့် လက်ရဲ၊ ဇက်ရဲ လူမိုက်ဆန်သူများကိုသာ အကာအကွယ် ပေးတတ်ကြသော ပါးစပ်ဥပဒေမှာလည်း ထိုသူများ၏  ဥပဒေပင်ဖြစ်၏။

             (ငါး) 

          ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် တကွ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် များသည် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး လေးရပ်ထဲမှ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ ပြည်သူက လမ်းမှားနေလျှင် အုပ်ချုပ်သူလူတန်းစားက လမ်းမှန်သို့ ရောက်ရှိစေရန် တရားဥပဒေဘောင်ထဲ မှ တွန်းပို့နိုင်ကြရမည်ဖြစ်၏။ ပညာပေး ကြရမည်ဖြစ်သည်။ သူတရားပျက်၍ ငါ တရားပျက်သည်၊ သူရမ်းကား၍ ငါရမ်း ကားသည်ဆိုပါလျှင် ဤနိုင်ငံသည် မည် သည့်အခါမှ ဒီမိုကရေစီပြည့်ဝသော နိုင် ငံတစ်နိုင်ငံ ဖြစ်လာနိုင်လိမ့်မည် မဟုတ် ချေ။ တချို့သူများသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန် အာပေါင်၊ အာရင်း သန်သန်နှင့် အကြိမ်ကြိမ် ပြောဆိုနေ ကြသော်လည်း မိမိကိုယ်ကို ပြောင်းလဲ ပစ်ရန် လိုအပ်နေသေးသည်ကိုတော့ ဆိတ်ဆိတ်နေနေကြ၏။ ထိုအထဲတွင် ရပ် ကွက်တွင်းမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အများဆုံး ဖြစ်လိမ့်မည် ထင်ပါသည်။။

ဗီဒီယိုများ