အမျိုးသားရေးအသိ၊ လုံခြုံရေးသတိနှင့် စောင့်ကြည့်ရမည့် အနောက်ဖက်နယ်စပ်က အန္တရာယ်

နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းများအား မိုးဒဏ်၊ လေဒဏ်ခံနိုင်ရန် ပြုပြင်ပေးနေခြင်းမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားသူ (ထွက်ပြေးသွားသူများမဟုတ်)ဘင်္ဂါလီများအား ချက်ချင်းပြန်ပို့ရန် အစီအစဉ်မရှိသေးသည်မှာ ထင်ရှားသည်။ ဤသည်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက (၇၂) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံသို့ တင်ပြတောင်းဆိုခဲ့သည့် ကုလသမဂ္ဂ၏ ကြီး ကြပ်မှုဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအတွက် လုံခြုံရေးဇုန် ဖန်တီးပေးရန်ဟူသော အချက်ကို ရှေ့ရှုဆောင် ရွက်ချက်များဖြစ်ကြောင်း သိသာထင်ရှားလာနေသည်။ ထိုမှတစ်ဆင့်တက်ကာ ဘင်္ဂါလီများသည် မေယုကျွန်းဆွယ်အား သီးခြားနယ်မြေတစ်ခု ဖြစ်တည်ရန် ဆောင်ရွက်မည်ဖြစ်သည်မှာလည်း ထင်ရှားနေ ပေသည်။

By ကျွန်းသားငမန်း 22 Sep 2018


           ကျွန်းသားငမန်း

          အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားများသည် ခေတ်အဆက် ဆက်လူမျိုးသစ်ဖန်တီးပြီး နယ်မြေရရှိ ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ၌ နေထိုင်လျက်ရှိသော အစ္စလာမ် ဘာသာဝင်များအတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန်  အချိန်ယူ စည်းရုံးသိမ်းသွင်းပြီး နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြရာ ၁၉၄၂ ခုနှစ် နောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုဖြစ်စဉ်မှာ အဆိုးရွား ဆုံးဖြစ် သည်။ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့ နယ်တို့အတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာ နချုပ်တို့ကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ မြန်မာနိုင် ငံရဲတပ် ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား တစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦး ကျဆုံးသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦးနှင့် အပြစ်မဲ့အရပ်သား ပြည်သူ အများအပြား ဒဏ်ရာရရှိကြပြီး လက်နက်ခြောက်လက် ဆုံးရှုံးခဲ့သည်မှာ ၂၀၁၈ခုနှစ် သြဂုတ် ၂၅ ရက်တွင် တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်သည်။

          သြဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ တွင် ဘူးသီတးတောင်မြို့နယ် မဲဆန္ဒ နယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်း အစွန်းရောက်ဘင်္ဂါ လီများ၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် အသက်ဆုံးရှုံးသွားသော ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်၊ မာရမာကြီး၊ ဟိန္ဒူဘာသာဝင်များနှင့် နိုင်ငံ့ဝန် ထမ်းများအတွက် ဝမ်းနည်းကြောင်းနှင့် ဘင်္ဂါလီများ၏အကြမ်းဖက်မှုများအား ရှုတ်ချကြောင်း အဆိုကို တင်သွင်းခဲ့သည်။ ယင်းအဆိုနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးထွန်းသာစိန်က ထောက်ခံဆွေး နွေးခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

          မောင်တောဒေသရှိ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီများသည် နည်းလမ်းပေါင်းစုံသုံး၍ နယ်မြေသစ်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြရာ ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့တိုက် ခိုက်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည့်ပြင်၊ လုံခြုံရေးကင်းစခန်းများကိုပါ တိုက်ခိုက်ခဲ့ခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းပင်ဖြစ်ကြောင်း၊ အာနန်အစီ ရင်ခံစာကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုမှာ အလွန်ဗျူဟာမြောက် သောကြိုတင်ကြံစည် ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ယင်း၏နောက်ပိုင်း ဘင်္ဂါလီများ နေရပ်စွန့်ခွာ တိုက်ခိုက်မှုများ သည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားအမျိုးမျိုးဖြင့် ဇာတ်တိုက်ထားသည့်အလား အစီအစဉ်တကျ ပေါ်ထွက် လာခဲ့သည်ကို တွေ့နေရကြောင်း၊ ယခုအချိန်တွင် ပြီးဆုံးပြီဟု မှတ်ယူ၍မရပါကြောင်း၊ ယင်းတို့၏ ဦးတည်ချက် ဖြစ်သော နယ်မြေရရှိရေးကို လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာဒိုင်း အကာအကွယ်ဖြင့် ဘင်္ဂါလီတို့၏ နယ်မြေရရှိရေးအတွက် တစ်ကျော့ပြန်လှုပ် ရှားလာနိုင်ပါကြောင်းဖြင့် အဆိုကိုတင်သွင်းရာတွင် အဆိုရှင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထည့်သွင်းပြောကြားခဲ့သည်။

          မှန်ပေသည်။ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော အပါအဝင် မေယုကျွန်းဆွယ် အား သိမ်းပိုက်ရေး ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၂ ခုနှစ် မတ် ၂၃ ရက်တွင် ဘင်္ဂါလီတို့က လူအုပ်စုဖွဲ့ပြီး မြန်မာတိုင်းရင်း သား ရခိုင်လူမျိုး ၂၀၀၀၀ ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည် မှာ ကမ္ဘာတစ်ဝန်းကပင် တုန်လှုပ်ချောက် ချားခဲ့ရသည်။ ၁၉၄၆ ခုနှစ် မတ်လတွင် စစ်တကောင်းနယ်သား ဘင်္ဂါလီများနှင့် မောင်တောမြို့နယ်မှ ဘင်္ဂါလီများက မူဂျာဟစ်အမည်ခံကာ နတ်မြစ်ကမ်းတ လျှောက် ဆယ်နှစ်အတွင်း ရခိုင်ရွာ လုံးဝမကျန်စေရေး စီမံကိန်းချ ဆောင်ရွက်ခဲ့သည့်အတွက် မောင်တောနယ်မှ ရခိုင်တိုင်းရင်းသားများ မနေရဲတော့ဘဲ အတွင်းပိုင်းသို့ ပြောင်းရွှေ့ကြရသည်။              ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ ဘူးသီးတောင်၊ မောင်တောဒေသ၌ရှိသော ဘင်္ဂါလီများက မွတ်စလင်ပြည်နယ် သတ်မှတ်ပေးရေး တောင်းဆိုကာ မူဂျာဟစ် လက်နက်ကိုင် သောင်းကျန်းမှု ကြီးထွားလာခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တပ်မတော်တို့ကတိုက်ထုတ် ခဲ့ရသည်။ ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့သော ဖြစ်စဉ်သည် ဘင်္ဂါလီ အကြမ်းဖက်သမားများ ၏ ရည်ရွယ်ချက်များကို ဆက်လက်အ ကောင်အထည် ဖော်ဆောင်ခြင်းဖြစ်ပြီး လူသတ် အကြမ်းဖက်မှုများဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများအား ဒေသတွင်း မနေရဲအောင် ခြိမ်းခြောက် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

          ယင်းမတိုင်မီကလည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ရက် နံနက်ပိုင်း တွင် ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အတွင်းရှိ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေတို့ကို အကြမ်းဖက်သမားများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်(၄၈)လက်၊ ကျည် မျိုးစုံ(၆၆၂၄) တောင့်၊ ကျည်အိမ် (၁၆၄) ခု၊ လှံစွပ်(၄၇) ချောင်း ဆုံးရှုံးသွားခဲ့သည်။ ထိုဖြစ်စဉ်နောက်ပိုင်းတွင် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့သည် လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းကာ တပ်မတော်နှင့် ပူးပေါင်း ပြီး ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်နေစဉ် အကြမ်းဖက် သမားများက ဒေသခံ တိုင်းရင်းသားများအား သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှု၊ ဝါဒဖြန့်မှု ဖြစ်စဉ်များကြောင့် ဒေသတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အဟန့်အတားဖြစ်စေခဲ့သည်။ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ် မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သမားများ၏ ခြေ ကုပ်စခန်းများကို စစ်ဆေးတွေ့ရှိခဲ့ရသည်။                                  

       ဆွမ်းကျွေးအမျှဝေ

          ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက် ဖြစ်စဉ်အတွင်း တာဝန်ထမ်း ဆောင်နေစဉ် အကြမ်းဖက်တိုက်ခိုက် ခံရမှုကြောင့် ကျဆုံးသူများနှင့် ကွယ်လွန်သူများအား ရည်စူးကုသိုလ်ပြုပွဲ ကျင်းပကာ တစ်ပြိုင်တည်းမှာပင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ရပ်ကို အားပေးသူများအား ဆန့်ကျင်ရှုတ်ချသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက် ပြည်လုံးချမ်း သာ မဟာသိမ်တော်ကြီး၌ သြဂုတ် ၂၅ ရက် နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ အမျိုးသားရေး အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးလိုလားသူများ၊ ရဟန်းသံဃာ တော်များ၊ အမျိုးဘာသာ၊ သာသနာ ချစ်မြတ်နိုးသူများ စုစုပေါင်း အင်အား ၅၀၀ခန့် တက်ရောက်ခဲ့ကြ သည်။

          အလားတူ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ အတွင်းနေထိုင်ကြသော ရခိုင်၊ မြို၊ ဒိုင်းနက်တိုင်းရင်းသားနှင့် ပြည်သူ့ဝန်ထမ်းများအပြင် ဟိန္ဒူဘာသာဝင်များ အား အကြမ်းဖက်သမားများက သတ်ဖြတ်သဖြင့် သေဆုံးရသည့် တစ်နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ် အခမ်းအနားကို ရခိုင်အမျိုးသားပါတီ (ANP) က ဦးဆောင်ပြီး စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ရင်ပြင်တော်၌ သြဂုတ် ၂၅ရက် နံနက်ပိုင်းတွင် ကျင်းပသည်။ အခမ်းအနားသို့ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နှင့် အနုမောဒနာ တရားနာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ကြသည်။ ထို့အတူ မောင်တောမြို့နယ် အမှတ်(၄) ရပ်ကွက် ဟိန္ဒူ ယာယီကယ်ဆယ်ရေးစခန်း၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက လည်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင် ၁၁၃ ဦးတို့အတွက် နှစ်ပတ်လည်ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

         

သင်္ခန်းစာရယူ

          ထိုကဲ့သို့ ဆွမ်းကျွေးအခမ်းအနားများ ကျင်းပခဲ့ခြင်းမှာ ဘင်္ဂါလီအ ကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အသက်ပေးလိုက်ရသော ရခိုင်တိုင်းရင်းသားများ ဖြစ်သည့် မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးများ၊ ဟိန္ဒူဘာသာဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ရည်စူးပြီး ကျန်ရစ်သောသူများက တာဝန် ကျေပွန်သင့်သည့်အတွက် အမျှေ၀ ဆုတောင်ခြင်းမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ် သော အကျင့်စရိုက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ တစ်ဘက်တွင်လည်း မိမိနိုင်ငံ၊ မိမိတို့မြေပေါ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားများ နှင့်ရခိုင်မျိုးနွယ်စုဝင်များ အသက်လုပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည် များကို ရှုတ်ချခြင်းဖြစ်သည့်အပြင် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ အနေဖြင့် အမျိုးသားရေး အသိ ထားရှိပြီး လုံခြုံရေးသတိ အမြဲရှိစေရန် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

          ရခိုင်ပြည်နယ်အတွင်း၊ မောင်တောခရိုင်အတွင်း မြန်မာ့လုံခြုံရေးစ ခန်း ၃၀ အား ARSA ဘင်္ဂါလီ အ ကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း ဝင် ရောက်စီးနင်းမှု ပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က အကြမ်း ဖက်တိုက်ခိုက်မှု ဖြစ်စဉ်မျိုးသည် တစ်နေ့တစ်ရက်တည်းဖြင့် လုပ်ဆောင်နိုင်သည် မဟုတ်ဘဲ အချိန်ယူ စီမံချက် ရေးဆွဲ၍ အချိန်ကိုက် တိုက်ခိုက်ကြခြင်းဖြစ်သည်။ အကြမ်းဖက်ဘင်္ဂါလီများသည် သြဂုတ် ၂၅ ရက်နေ့ အကြမ်း ဖက်မှုကို ဖန်တီးပြီး၊ ဖြစ်စဉ်နောက်ပိုင်း သူခိုးကလူဟစ်ကာ နိုင်ငံတကာ၏ ဖိအားကိုရယူ၍ ရခိုင်ပြည်နယ် မြောက်ပိုင်း မေယုကျွန်းဆွယ်ဖြစ်သော မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာပိုင် နယ်မြေတစိတ်တဒေသကို ဖဲ့ထုတ်ရယူရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မောင်တော မြောက်ပိုင်းနေ ဘင်္ဂါလီများအား ARSA အကြမ်းဖက်များက ခြိမ်းခြောက်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာလာကြစေရန် ဖိအားပေး ဆောင်ရွက်ခဲ့ကြသည်။ ဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရာတွင် ဝရုန်းသုံးကား ထွက်ပြေးခြင်းမဟုတ်ဘဲ အေးအေးဆေးဆေးပင် ရွှေ့ပြောင်းထွက်ခွာသွားကြခြင်းဖြစ်သည်။ ထွက်ခွာသွားသူများအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လုံခြုံရေးနှင့် စားဝတ်နေရေးကို တာဝန်ယူကြောင်း၊ မိမိနေအိမ် နေရာဒေသသို့ ပြန်လည်သွားရောက် နေထိုင်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လက်ခံခြင်းမပြုဘဲ ထွက်ခွာသွားခဲ့ကြသည်။  ထွက်ခွာသွားသူ ဘင်္ဂါလီများအား ပြန်လည်လက်ခံရန် နှစ်နိုင်ငံ ညှိနှိုင်း သဘောတူ ညီချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့မှ စတင်လက်ခံရန် ဆောင်ရွက်ခဲ့သော်လည်း ယနေ့ထိ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုဖြင့် ပြန်လည်ဝင်ရောက်လာသူ တကောင်တစ်မြီးမှ မရှိသေးကြောင်းတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံတကာသို့သွားရောက် မျက်ရည်ခံထိုးပြီး မြန်မာနိုင်ငံမှ ထွက်ခွာလာသူများအရေး အကြောင်းပြကာ အလှူငွေများ လက်ခံရယူလျက်ရှိသည်။ မြန်မာနိုင်ငံမှ ထွက်ခွာသွား သူများအား ပြန်လည်ပို့ဆောင်ပေးရန် စိတ်ဝင်စားခြင်းမရှိဘဲ၊ ဒုက္ခသည်ဆိုသူ များအား ထောက်ပံ့ပေးခြင်းများလုပ် ဆောင်ပေးနေသည်မှာ အထင်အရှားပင်ဖြစ်သည်။

          နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းများအား မိုးဒဏ်၊ လေဒဏ်ခံနိုင်ရန် ပြုပြင်ပေးနေခြင်းမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားသူ (ထွက်ပြေးသွားသူများမဟုတ်)ဘင်္ဂါလီများအား ချက်ချင်းပြန်ပို့ရန် အစီအစဉ်မရှိသေးသည်မှာ ထင်ရှားသည်။ ဤသည်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက (၇၂) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံသို့ တင်ပြတောင်းဆိုခဲ့သည့် ကုလသမဂ္ဂ၏ ကြီး ကြပ်မှုဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအတွက် လုံခြုံရေးဇုန် ဖန်တီးပေးရန်ဟူသော အချက်ကို ရှေ့ရှုဆောင် ရွက်ချက်များဖြစ်ကြောင်း သိသာထင်ရှားလာနေသည်။ ထိုမှတစ်ဆင့်တက်ကာ ဘင်္ဂါလီများသည် မေယုကျွန်းဆွယ်အား သီးခြားနယ်မြေတစ်ခု ဖြစ်တည်ရန် ဆောင်ရွက်မည်ဖြစ်သည်မှာလည်း ထင်ရှားနေ ပေသည်။

          ရခိုင်ပြည်နယ်မှ ဒေသစွန့်ခွာ ထွက်သွားသူများအား ပြန်လည်လက်ခံရန် မြန်မာနိုင်ငံမှ အပြုသဘော ဖြင့် ဆောင်ရွက်နေသော်လည်း ယနေ့တိုင် ပြန်လည်ဝင်ရောက်လာခြင်း မရှိသည်မှာ ၎င်းတို့၏အစီအစဉ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

   အမျိုးသားရေးအသိရှိကြဖို့လို

          ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် လည်းကောင်း၊ နိုင်ငံတကာတွင် လည်းကောင်း ဖိအားအမျိုးမျိုးပေး ဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများသည် ဘင်္ဂါလီများ၏ နယ်မြေ ပိုင်စိုးရေး အကြံအစည်များအား စနစ်တကျ စီမံဆောင်ရွက် နေခြင်းပင်ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းတွင်လည်း ARSA အကြမ်းဖက်အဖွဲ့က အချိန်မရွေး ဝင်ရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း ကောလဟလ သတင်းများက ပြန့်ပွားနေသည်။ ယခုတစ်ကြိမ်ဖြစ် ပွားလျှင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် ပြီးစီး သွားမည်ကားမဟုတ်။ ထိုအချက်ကို သတိပြုကြပြီး  တိုင်းရင်းသား ပြည်သူတို့ အနေဖြင့် အမျိုးသားရေးအသိနှင့် လုံခြုံရေးသတိ အမြဲရှိကြရန် လိုအပ်ကြပေလိမ့်မည် ဖြစ်ပေသည်။

                                                                                                                                                                                                                                                  ကျွန်းသားငမန်း

 

ဗီဒီယိုများ