- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမှ အဂတိမှုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်(၅)နှစ်ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
27 Apr 2022

DMG ၊ ဧပြီ ၂၇
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်(၅)နှစ်ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာများရယူခဲ့သည်ဟုအကြောင်းပြချက်ဖြင့် နေပြည်တော်တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-(၅၅)ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။
"အန်တီအောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့ပါတယ်။ ယခင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဆီက ရွှေနဲ့ဒေါ်လာရယူခဲ့တယ်ဆိုပြီးတော့ တရားစွဲဆိုခဲ့တာပါ"ဟု ၎င်းမှပြောသည်။
အဂတိပုဒ်မဖြင့်တရားစွဲခံရသည့်အပေါ် ပြန်လည်အယူခံဝင်ရောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင်ရှေ့နေနှင့် နီးစပ်သူများထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင်ရှေ့နေနှင့်နီးစပ်သူတစ်ဦးမှ "အန်တီအောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ထောင်ဒဏ် ၅ နှစ်ချခဲ့တဲ့အတွက် အယူခံဝင်ဖို့ရှိပါတယ်"ဟု ဆိုသည်။
စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှု(၁၇)မှုဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းအထဲမှ အမှုတချို့ကိုအမိန့်ချမှတ်ထားပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည်။
ဆက်လက်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ဆက်စပ်စွပ်စွဲခံရသည့် အဂတိအမှု၊ ရဟတ်ယာဉ် ဝယ်ယူငှါးရမ်းမှုအတွက်တရားစွဲဆိုထားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာအမှုများနှင့်ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်သည်။