- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုနှစ်ခုကို အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)တို့ကို ယနေ့(ဒီဇင်ဘာလ ၂၇ ရက်)တွင် နေပြည်တော်အထူးတရားရုံးမှ အမိန့်မချဘဲ ဇန်နဝါရီလ(၁၀)ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
27 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၇
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)တို့ကို ယနေ့(ဒီဇင်ဘာလ ၂၇ ရက်)တွင် နေပြည်တော်အထူးတရားရုံးမှ အမိန့်မချဘဲ ဇန်နဝါရီလ(၁၀)ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါအမှုနှစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အမိန့်ချရန်ချိန်းဆိုခဲ့သော်လည်း အမိန့်မချခဲ့ဘဲ ယနေ့တွင်လည်း နောက်ထပ်တစ်ပတ်သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော် မြနန်းဘုံသာနေအိမ်သို့ စစ်ကောင်စီမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့စဉ် လက်ကိုင်စကားပြောစက်(၁၀)လုံးနှင့် Jammer (ဆက်သွယ်ရေးလိုင်းဖြတ်တောက်စက်) တစ်စုံတွေ့ရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပြစ်မှုထင်ရှားလျှင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)မှာ ထောင်ဒဏ်(၃)နှစ်နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)မှာ ထောင်ဒဏ်(၁)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ ၁၀ ခုထက်မနည်းသော အမှုများနှင့်တရားစွဲဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ(၂၅)နှင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(ခ) အမှုနှစ်ခုအတွက် ထောင်ဒဏ်(၄)နှစ်ချမှတ်ခံထားရပြီး စစ်ကောင်စီမှ ၂ နှစ် လျော့ပေးထားကြောင်း သိရသည်။