- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ပေါက်တောမြို့တွင် ပိတ်မိနေသည့် အဘွားအိုတစ်ဦး လက်နက်ကြီးကျ၍ သေဆုံး
စစ်ကောင်စီကနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဘဝမ်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်ဦးညွန့်စိန်မှာ ကျည်စထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်။
26 Nov 2023

DMG ၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်၊ ပေါက်တောမြို့ ဘဝမ်းရပ်ကွက်အတွင်း ပိတ်မိနေသူတစ်ဦးမှာ နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။
စစ်ကောင်စီကနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဘဝမ်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်ဦးညွန့်စိန်မှာ ကျည်စထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်။
“ဘဝမ်းမှာက ကျန်းမာရေးမကောင်းတဲ့သူတွေ အခုထိ ပိတ်မိနေသေးတယ်” ဟု ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့က စစ်ကောင်စီနေဗီနှင့် စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့ရှိ ဘဝမ်းရပ်ကွက်နှင့် ရပ်ကွက် ၃ တို့တွင် နေအိမ်တချို့ မီးလောင်ခဲ့သည်။
ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ နံနက် ၉ နာရီကျော်ကလည်း စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်မှုရှိကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့ မနက်ပိုင်းကလည်း ဂျတ်လေယာဉ်နဲ့ မြို့ထဲပစ်သွားတာရှိတယ်။ အခုလည်း မြို့ထဲမှာ သေနတ်ပစ်သံတွေ ကြားနေရတယ်။ နောက်ပြီးတော့ နေဗီက လက်နက်ကြီးပစ်တာတွေရှိတယ်”ဟု ၎င်းက ပြောသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည်မှာ ၁၁ ရက်ထိ ကြာမြင့်လာပြီ ဖြစ်သည်။
စစ်ရေးပဋိပက္ခအတွင်း ပိတ်မိနေသူများနှင့် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၂၂၀ ကျော်ကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တွင် ရက္ခိုင့်တပ်တော်(AA) က ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ပိတ်မိနေသည့်ဒေသခံများ လွတ်မြောက်ရေးအတွက် AA က ဆက်တိုက်ကြိုးစားနေသည်။
ပေါက်တောတိုက်ပွဲအတွင်း စစ်ကောင်စီက ကြေး၊ ရေ၊ လေ ပေါင်းစုံဖြင့် အင်အားသုံး တိုက်ခိုက်နေပြီး အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးမှုများရှိနေကာ အရေအတွက်အတိအကျကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
DMG စာရင်းအရ စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၆ ရက်ထိ ၁၄ ရက်တာအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် သေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရသူ ၅၈ ဦးရှိနေသည်။
#D002 #DMG