- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
စစ်တွေ တပ်ရင်းများက ပစ်ခတ်မှုကြောင့် ဝါဘိုရွာတွင် ဆေးရုံနှင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး
စစ်တွေမြို့နယ် ဒကစ ဌာနချုပ်နှင့် အခြား စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီး၊ လေကြောင်း အပါအဝင် ဒရုန်းပစ်ခတ်မှုများကြောင့် ယခုကဲ့သို့ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
26 Apr 2025

DMG ၊ ဧပြီ ၂၆
ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှ ပစ်ခတ်မှုတို့ကြောင့် ဝါဘိုကျေးရွာတွင် ဆေးရုံနှင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့နယ် ဒကစ ဌာနချုပ်နှင့် အခြား စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီး၊ လေကြောင်း အပါအဝင် ဒရုန်းပစ်ခတ်မှုများကြောင့် ယခုကဲ့သို့ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အိမ်တွေအကုန်လုံးမီးထဲ ပါသွားပြီ။ တချို့ထက်ဝက်ပြီး ကျန်နေခဲ့တယ်။ ကျန်ခဲ့တဲ့ အိမ်တွေကလည်း အ ကောင်းမဟုတ်တော့ဘူး” ဟု ဝါဘိုကျေးရွာမှ ဒေါ်သန်ဝင်းက ပြောသည်။
စစ်တွေမြို့ မြောက်ဘက် ၁၄ မိုင်အကွာတွင်တည်ရှိသော ဝါဘိုကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နှင့်အတူ တိုက်နယ်ဆေးရုံးရှိသည့် ကျေးရွာ ဖြစ်သည်။
ကျေးရွာသားများမှာလည်း အနီးပတ်ဝင်ကျင်တွင် တိုက်ပွဲဖြစ်ပွားနှင့်အတူ စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒရုန်းနှင့် ဝါဘိုကျေးရွာကို ဒရုန်းနှင့် ဗုံကြဲတိုက် ခိုက်ခဲ့သောကြောင့် နေအိမ် ၃၀ ကျော် မီးလောင် ပျက်စီးသွားခဲ့ကြောင့် သိရသည်။
စစ်တွေမြို့အနီးအနားရှိ ကျေးရွာများဖြစ်ကြသော ဝါဘို၊ တောကန်၊ ကျားမသောက်၊ ကျောက်တန်းကြီး၊ မင်းလှ စသည့် ကျေးရွာများကို စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး၊ လေကြောင်းများ ဖြင့်နေ့စဉ် ပစ်ခတ်မှုရှိနေကြောင်း သိရသည်။
“စစ်တွေအခြေစိုက် တပ်ရင်းတွေကတော့ နေ့တိုင်းပစ်ခတ်တာရှိတယ်။ မြို့နီး ပတ်ဝန်ကျင်က ကျေးရွာတွေမှာဆိုရင် အကုန်လုံးပျက်စီသွားပြီး။ သူတို့ (စစ်ကောင်စီ) တပ်သားတွေ အိမ်တွေဖြိုပြီး ယူးသွားတာလည်း ရှိတယ်” ဟု စစ်တွေဒေသခံ အမျိုးသားဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ် တွေ မြို့နယ်၊ မင်းလှရွာကို ဒရုန်းများဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် မြို့အနီးအနားရှိ ကျေးရွာများမှာ နေအိမ်အဆောက်အဦး ပျက်စီးမှုများနေပြီး လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် လက်နက်ကြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိနေသည်။