- AA က မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဆိုသည့် အမှု IIMM စုံစမ်းဖော်ထုတ်နေ
- အညာဒေသက တော်လှန်ရေးတပ်များကို NRA အဖွဲ့ဦးဆောင် ပေါင်းစပ်ပေးမည်
- ဘူးသီးတောင်တွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့ခြင်းမရှိဟု AA ဖြေရှင်းချက်ပေး
- တောင်ကုတ်တွင် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး
- မင်းပြားတွင် LGBT စုံတွဲ ရေထဲခုန်ချ အဆုံးစီရင်သွား
လုပ်သားလိုအပ်ချက် ရှိနေသည့် ထိုင်းအတွက် ပြည်ပနိုင်ငံများမှ အလုပ်သမားများ တိုးခေါ်ရန် စဉ်းစားနေ
ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်သားလိုအပ်ချက် ရှိနေသည့် ထိုင်းနိုင်ငံသည် သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှပါ အလုပ်သမားများ ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး ပေါင်ကာဝင် ဂျုံရောင်ရောင်ကဒ်က ပြောကြားလိုက်သည်။
14 Aug 2025

ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်သားလိုအပ်ချက် ရှိနေသည့် ထိုင်းနိုင်ငံသည် သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှပါ အလုပ်သမားများ ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး ပေါင်ကာဝင် ဂျုံရောင်ရောင်ကဒ်က ပြောကြားလိုက်သည်။
ထိုင်းသည် လက်ရှိတွင် နိုင်ငံအတွက် အလုပ်သမားများကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှနေ၍ အစိုးရချင်း သဘောတူညီချက်ဖြင့် ခေါ်ယူနေခြင်း ဖြစ်သည်။
"ရှစ်နိုင်ငံအထိ တိုးချဲ့ခေါ်ယူလိုက်မယ် ဆိုရင် အရေးပေါ် အခြေအနေမှာ အလုပ်သမားတွေ ခေါ်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် MoU လုပ်ငန်းစဉ်ကြောင့် ၂လ ၃လအထိ ကြာမြင့်တတ်တာကိုလည်း ရှောင်နိုင်မှာပါ" ဟု ဝန်ကြီးက သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထိုင်းမှ ပြန်သွားကြသည့် ကမ္ဘောဒီးယား လုပ်သားအရေအတွက်သည် အနည်းဆုံး တစ်သိန်းခန့် ရှိကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော်လည်း လုပ်ငန်းရှင်များနှင့် အခြား ဆက်စပ်နယ်ပယ်ကမူ အမှန်တကယ် ပြန်သွားသူ ပမာဏသည် ၅ သိန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ထိုင်းအစိုးရသည် လတ်တလောတွင် ပြည်ပနိုင်ငံများမှ လုပ်သားအသစ် ၄၂၀၀၀ ခန့်ခေါ်ယူကာ နိုင်ငံတဝန်းရှိ လုပ်ငန်းခွင်များတွင် နေရာချထားရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။