- မောင်တောနယ်စပ်က AA စခန်းအချို့ကို ARSA တိုက်ခိုက်
- ကလေးမိခင်များကို စစ်မှုထမ်း ခေါ်ယူခြင်းမရှိဟု AA ပြော
- စစ်မြေပြင်က တရုတ်စီမံကိန်းများ အနာဂတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် ( ဩဂုတ် ၄ မှ ဩဂုတ် ၁၀ ရက်နေ့အထိ)
- AA တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နှင့်အတူ လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထုတ်ပြန်
AA တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နှင့်အတူ လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထုတ်ပြန်
အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ကော့ဘဇားခရိုင်၊ အူခီးယာဒေသ၊ ဘာလုခါလီနယ်စပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က လက်နက်ခဲယမ်း အပြည့်အစုံနှင့် လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြောကြားလိုက်သည်။
12 Aug 2025

အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ကော့ဘဇားခရိုင်၊ အူခီးယာဒေသ၊ ဘာလုခါလီနယ်စပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က လက်နက်ခဲယမ်း အပြည့်အစုံနှင့် လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြောကြားလိုက်သည်။
အသက် ၂၁ နှစ်အရွယ် အဆိုပါတပ်သားသည် မောင်တောမြို့နယ်ရှိ AA တပ်စခန်းတစ်ခုမှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း BGB က ပြောသည်။ အဆိုပါ AA တပ်ဖွဲ့ဝင်သည် AK-47 ရိုင်ဖယ်တစ်လက်၊ ကျည်ကဒ်နှစ်ခု၊ ကျည်အတောင့် ၅၀ ကျော်နှင့်အတူ တနင်္လာနေ့ နံနက် ၉ နာရီခန့်က BGB တပ်ဖွဲ့ဝင်များထံသို့ လက်နက်ချခဲ့ခြင်း ဖြစ်သည်။
၎င်းသည် Jibon Tonchongya ဟု အမည်ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကာ ဘန်ဒါဘန်းခရိုင် နိုင်ခွန်ချာရီ ဒေသတွင် ၎င်း၏နေအိမ် ရှိသည်ဟု ပြောကြားကြောင်းလည်း အူခီးယာ နယ်ခြားစောင့်တပ်ရင်း အမှတ် ၆၄ မှ ဗိုလ်မှူးကြီး ဂျာဆင်းအူဒင်က ပြောဆိုထားသည်။ ၎င်း၏ ပြောကြားချက်များအား စစ်ဆေးနေဆဲဟု သူကဆိုသည်။
Jibon Tonchongya ၏ ပြောကြားချက်အရ ၎င်းထွက်ပြေးလာသည့် AA တပ်စခန်းတွင် နောက်ထပ် ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် အရေအတွက် ၃၀၀ ခန့်အထိ ရှိပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ အချိန်မရွေး ဝင်ရောက်လာနိုင်သည်ဟု သိထားကြောင်းလည်း ဗိုလ်မှူးကြီး ဂျာဆင်းအူဒင်က ပြောကြားထားသည်။
တစ်ချိန်တည်း၌ သြဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညဉ့် ၁၀ နာရီဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်တဘက်ခြမ်း မီတာ ၃၀၀ ခန့်အကွာ ရခိုင်ဘက်၌ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ကို ကြားခဲ့ရပြီး ပစ်ခတ်မှုများသည် နှစ်နာရီဝန်းကျင်ခန့် ကြာခဲ့ကြောင်း အဆိုပါဒေသခံများ၏ ပြောဆိုချက်များကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။