- ယူကရိန်းအတွက် ဒရုန်းဝယ်ယူမှုမှာ အကြီးအကျယ်လာဘ်စားခဲ့သည့် ဖြစ်ရပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ဖော်ထုတ်
- ပါလက်စတိုင်းနိုင်ငံ မရသရွေ့ လက်နက်မစွန့်ဟု ဟားမားစ်ပြော
- စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် AA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီ စစ်ရေးအရ တိုက်ခိုက်လာ
- မြန်မာစုံတွဲကို ရိုက်နှက်တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ
- နွေဦးတော်လှန်ရေး အားပေးစကားပြောရင်း သူပုန်ဖြူစာအုပ်ကို ရေးခဲ့ကြောင်း ဒေါက်တာညို ပြော
မြန်မာစုံတွဲကို ရိုက်နှက်တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ
ထိုင်းနိုင်ငံ ရက်ချာဘူရီခရိုင်တွင် မြန်မာစုံတွဲတစ်တွဲကို တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း Khaosod သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Aug 2025

ထိုင်းနိုင်ငံ ရက်ချာဘူရီခရိုင်တွင် မြန်မာစုံတွဲတစ်တွဲကို တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း Khaosod သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါစုံတွဲသည် ဇူလိုင်လ ၂၉ ရက်နေ့က ညဉ့်ဆိုင်းအလုပ်ဆင်းပြီး အဆောင်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အရိုက်ခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာစုံတွဲက တောင်းပန်နေသည့်ကြားမှ မျက်နှာဖုံးများ တပ်ထားသူ လေးဦးက ရက်ရက်စက်စက် ရိုက်နှက်သွားခြင်း ဖြစ်သည်ကို လုံခြုံရေး ကင်မရာ၌ ထင်ထင်ရှားရှား မြင်ရသည်ဟု Khaosod သတင်းက ဖော်ပြသည်။
ဒါဝင်းဟူသောအမည်ဖြင့် သတင်းတွင်ဖော်ပြထားသည့် ဇနီးဖြစ်သူက သီထိပန်ဘူဖူး (Thitipan Buaphu) ကျေးရွာတွင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး စကားပြန်မှတစ်ဆင့် ရွာလူကြီးထံသို့ ပြောကြားခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
"ကျွန်မတို့ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ ရွာလမ်းထဲ ဝင်လာချိန်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး နှာခေါင်းစည်းတွေ တပ်ထားသူ လေးယောက်က ကျွန်မတို့ဆီ ဦးတည်ရောက်လာတာ" ဟု ဇနီးဖြစ်သူက ပြောသည်။ "လူမှားတာလား။ ကျွန်မတို့ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဖူးဘူးလို့ ပြောသေးတယ်။ ဒါကို စကားတစ်ခွန်းမှ မပြောဘဲ ရိုက်သွားတာ" ဟု သူကဆိုသည်။
တိုက်ခိုက်သူများ၏ အပြုအမူကို ကြည့်ရသည်မှာ မြန်မာနိုင်ငံသားများဟု ယူဆရကြောင်းလည်း ဇနီးဖြစ်သူက ပြောသည်ဟု Khaosod သတင်းတွင် ဖော်ပြထားသည်။
တိုက်ခိုက်သူတစ်ယောက်က ဇနီးဖြစ်သူကို ဆိုင်ကယ်ပေါ်မှ ဆွဲချသွားကာ ကန်ကျောက်ခဲ့ပြီး နောက်နှစ်ယောက်မှာလည်း သူမ၏ ခင်ပွန်းဖြစ်သူကို ရိုက်နှက်နေကြသည်ကို CCTV မှတ်တမ်း၌ တွေ့ရသည်။
ယခုဖြစ်စဉ်အား ပြင်းထန်အကြမ်းဖက်သည့်လုပ်ရပ်အဖြစ် အမှုဖွင့်ကာ ရဲတပ်ဖွဲ့က ကျူးလွန်သူလေးဦးလုံးကို ရှာဖွေစုံစမ်းနေသည်ဟု အရာရှိတစ်ဦးက ပြောကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။