- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
သမ္မတကို ရာထူးမှဖြုတ်ချခဲ့သည့် ပီရူး၌ အရေးပေါ်အခြေအနေ ကြေညာ
သမ္မတဟောင်း ပီဒရိုကာစတီလိုကို ဖြုတ်ချမှုအပေါ် မကျေနပ်ရာက အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ပီရူးနိုင်ငံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Dec 2022

ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၁၅
သမ္မတဟောင်း ပီဒရိုကာစတီလိုကို ဖြုတ်ချမှုအပေါ် မကျေနပ်ရာက အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ပီရူးနိုင်ငံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရက် ၃၀ ကြာမြင့်မည့် အရေးပေါ်အခြေအနေကို ကာကွယ်ရေးဝန်ကြီး အယ်လ်ဘက်တို အိုတာရိုလာက ကြေညာခဲ့သည်။ ယခုကြေညာချက်အရ လွတ်လပ်စွာသွားလာခွင့်၊ စုဝေးခွင့်များကို ကန့်သတ်ထားသလို ညမထွက်ရအမိန့်လည်း ပါဝင်နိုင်ခြေရှိသည်ဟု သူက ပြောကြားသည်။
နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများအတွင်း သေဆုံးသူအရေအတွက်သည် လက်ရှိအထိ ၇ ဦးရှိနေပြီ ဖြစ်သည်။
လက်ဝဲယိမ်းသမ္မတကာစတီလိုသည့် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတော်မိန့်ခွန်းတစ်ရပ် ပြောကြားရာ၌ လွှတ်တော်ကို ဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံကိုအုပ်ချုပ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတ၏ ပြောကြားချက်အပြီးတွင် ဝေဖန်မှုများ အများအပြားရှိခဲ့ပြီးနောက် လွှတ်တော်က အစည်းအဝေးခေါ်ကာ သမ္မတကို ရာထူးမှဖြုတ်ချပြီး သမ္မတသစ်တစ်ဦး ချက်ချင်း အစားထိုး ခန့်အပ်ခဲ့သည်။
သမ္မတကာစတီလိုကိုလည်း နိုင်ငံတော်ပုန်ကန်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ အကျဉ်းထောင်တွင် ရှိနေဆဲဖြစ်သည်။
အသစ်ခန့်အပ်ထားသော သမ္မတဒီနာဘိုလာတဲက ဆန္ဒပြမှုများကို လျှော့ချနိုင်ရေးအတွက် ရွေးကောက်ပွဲကို တစ်နှစ်အတွင်း ပြုလုပ်မည်ဟု ပြောကြားခဲ့သော်လည်း အရှိန်လျော့မသွားပေ။ ကာစတီလိုကို ထောက်ခံသူများက သူ့ကို ချက်ချင်းလွှတ်ပေးရန်နှင့် ရွေးကောက်ပွဲ ချက်ချင်းပြုလုပ်ပေးရန် တောင်ဆိုလျက်ရှိသည်။
ကာစတီလိုသည် သမ္မတသက်တမ်းကို ၁၇ လသာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ယခုကဲ့သို့ ဖြုတ်ချခံလိုက်ရခြင်း ဖြစ်သည်။
ပီရူးတွင် နိုင်ငံရေး မတည်ငြိမ်မှုများ အလွန်များပြားပြီး လက်ရှိသမ္မတ အပါအဝင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ခန့်အပ်ခဲ့သော သမ္မတစုစုပေါင်း ၆ ဦးအထိရှိသည်။