အခြေခံပညာကျောင်းများနှင့် ဘကကျောင်းများအားလုံးပိတ်သည်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်

မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဘက ကျောင်းများအပါအဝင် အခြေခံပညာရေးကျောင်းများအားလုံး ပိတ်သိမ်းမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHs) က ယနေ့ ည ၁၁ နာရီက ထုတ်ပြန်သည်။

08 Jul 2021

DMG ၊ ဇူလိုင် ၈

မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဘက ကျောင်းများအပါအဝင် အခြေခံပညာရေးကျောင်းများအားလုံး ပိတ်သိမ်းမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHs) က ယနေ့ ည ၁၁ နာရီက ထုတ်ပြန်သည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ - ၂၀၂၁ ခုနှစ်၊ မေလတတိယပတ်မှစ၍ မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရသိရှိရသောကြောင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)ကို ၉-၇-၂၀၂၁ ရက်နေ့မှ ၂၃-၇-၂၀၂၁ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဗီဒီယိုများ