- ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော
- ရခိုင်တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသူများ မိုးရာသီဖြတ်ကျော်ရန် အကူအညီလိုအပ်နေ
- မောင်တောတွင် မွတ်ဆလင် ၅ ဦးသတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆို
- ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
- စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ
မောင်တော-အငူမော်ကားလမ်းတွင် ၈ တန်အထက် ကုန်ကားများကို သွားလာခွင့်ပိတ်ပင်မည်
မောင်တော-အငူမော်ကားလမ်းရှိ ဝေသာလီကျေးရွာမှ ဥဒေါင်းကျေးရွာအထိ လမ်းပိုင်းတွင် ၈ တန်အထက် ကုန်တင်ကားများသွားလာခွင့်ကို မကြာမီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
14 Aug 2019
ချလူးအောင် | DMG
သြဂုတ် ၁၄ ၊ မောင်တော
မောင်တော-အငူမော်ကားလမ်းရှိ ဝေသာလီကျေးရွာမှ ဥဒေါင်းကျေးရွာအထိ လမ်းပိုင်းတွင် ၈ တန်အထက် ကုန်တင်ကားများသွားလာခွင့်ကို မကြာမီ ပိတ်ပင်သွားမည်ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မောင်တော-အငူမော်ကားလမ်းတွင် ရေဝပ်မှုများကြောင့် လမ်းပျက်စီးမှုများရှိနေပြီး ဇူလိုင်လ ၂၆ ရက်နေ့က ကုန်တင်ကားများနွံနစ်ကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။
“ပိတ်ဖို့စီစဉ်နေတာတော့ကြာပါပြီ၊ ဘာဖြစ်လို့လဲ့ဆိုတော ဒီလမ်းက မူလလမ်းဖောက်စဉ်ကတည်းက ကားငယ်လေးတွေသွားဖို့ ဖောက်ခဲ့တာဖြစ်တယ်။ ကုန်တင်ကားတွေသွားဖို့ရည်ရွယ်ပြီး ဖောက်ခဲ့တဲ့လမ်းတော့မဟုတ်ဘူး” ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ပြောသည်။
အဆိုပါလမ်းတွင် ၈ တန်အထက်ကုန်ကားများ သွားလာခွင့်ပိတ်ပင်မှုကို မည်သည့်နေ့တွင် စတင်၍ မည်သည့် အချိန်ထိပိတ်သွားမည်ကို မပြောနိုင်သေးကြောင်း ဦးငွေထွန်းက ဆိုသည်။
လက်ရှိမှာ ၎င်းလမ်းပျက်စီးနေသည့်အတွက် ကျန်းမာရေးကိစ္စများဖြင့်သွားလာမည့် ကားငယ်များလည်း သွားလာရန်ခက်ခဲနေကြကြောင်း သိရသည်။
၎င်းလမ်းအားအသုံးပြုကာ မောင်တောမြို့နှင့် စစ်တွေမြို့သို့ ကုန်ပစ္စည်းများပို့ဆောင်နေသည့် ကုန်တင်ကားများလည်း အများအပြားရှိနေပြီး ကုန်ကားများကိုသွားလာခွင့်မပြုပါက ကုန်သည်များအတွက် အခက်အခဲဖြစ်လာနိုင်သကဲ့သို့ ကုန်စည်စီးဆင်းမှုလည်း အခက်အခဲဖြစ်လာနိုင်ကြောင်း ကုန်စည်ပို့ဆောင်နေသူများက ပြောဆိုသည်။
မောင်တော-အငူမော်ကားလမ်းကို ၂၀၁၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်အတွင်းတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။