ရန်ကုန်က ၂ လောင်းပြိုင် လူသတ်မှုကျူးလွန်သူများကို စစ်တွေတွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ မင်းရဲကျော်စွာ(၆-ခ)လမ်း၊ အမှတ် (၁၆၅)၊ ၄ လွှာတွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောာင်မြို့နယ်မှ ဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်ခဲ့သူ ၂ ဦးကို စစ်တွေမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှ သြဂုတ် လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။

By သက်ပိုင် 08 Aug 2020

ဓာတ်ပုံ - Yangon Police

သက်ပိုင် | DMG
သြဂုတ် ၈ ၊ စစ်တွေ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ မင်းရဲကျော်စွာ(၆-ခ)လမ်း၊ အမှတ် (၁၆၅)၊ ၄ လွှာတွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောာင်မြို့နယ်မှ ဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်ခဲ့သူ ၂ ဦးကို စစ်တွေမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှ သြဂုတ် လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူ ဦးထွန်းလှိုင် အသက် (၄၈) နှစ်မှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ အချက်ပေါင်းများစွာဖြင့် အိပ်ခန်းအတွင်း၌လည်းကောင်း ဇနီးဖြစ်သူ  ဒေါ်လှလှ အသက် ၄၈ နှစ်သည် အိပ်ခန်း၌ မှောက်လျှက် လည်းကောင်း ဇူလိုင် ၃၁ ရက်နေ့က သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များက ဆိုကြသည်။

ထိုသို့ သတ်ဖြတ်ခဲ့သူ ၂ ဦးမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်၊ အကွက်(၁)၊ ဝိသာခါလမ်းနေ အောင်ကျော်မြင့် (၃၀)နှစ်( ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နေ့စားဝန်ထမ်း) နှင့် ဘောလုံးကွင်း ရပ်ကွက်၊ မေယုလမ်းနေ ဝင်းမောင် (၅၁)နှစ်တို့ ကို သြဂုတ် ၆ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်ဖြတ်ခြင်းခံရသူ ဇနီးမောင်နှံ နှစ်ဦးမှာ ယခင်က ဘူးသီးတောင်မြို့တွင် “ရက္ခတော်ဝင်”အမည်ရှိ ရွှေဆိုင်နှင့် ပန်းထိမ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ဇနီးဖြစ်သူ၏ ကျန်းမာရေးအခြေနေကြောင့် ရန်ကုန်မြို့၌ ဆေးကုသမှုခံယူနေရခြင်းမှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသူ၂ ကို ထိန်းသိမ်းထားခြင်းနှင့် မည်သို့ဆက်လက်ဆောင်ရွက်သွားမည် ကိုစစ်တွေမြို့မရဲစခန်းမှ စခန်းမှူးနှင့် ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့မရဲစခန်းတို့အား DMGမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ