မင်းပြားတိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်အထိ ရခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

By Admin 13 Mar 2024

မင်းပြားမြို့ပေါ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
မင်းပြားမြို့ပေါ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကာလအတွင်း မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ ဒေသခံ (၄) ဦးနှင့် င/တန်ပျင်းကျေးရွာမှ ဒေသခံ (၃) ဦး အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၃၀)‌ကျော်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း AA ၏ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယနေ့ ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားပြည်သူများနေထိုင်သည့် ရပ်/ရွာများအား ပစ်မှတ်ထားကာ မြေပြင်တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ဗုံးကြဲချခြင်း၊ စစ်ရေယာဉ်များမှ အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ရပ်/ရွာများသို့ ဝင်ရောက်၍ ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအား အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခြင်းနှင့် ရပ်/ရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေခဲ့ကြောင်း ဆိုသည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က မင်းပြားမြို့နယ် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၅)တပ်ရင်းမှ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက် သမီးဖြစ်သူအား အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့ကြသည်။ 

ထို့နောက် အဆိုပါသားအမိနှစ်ယောက်စလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု၌ ကိုယ်တိုင် ပါဝင်ခဲ့သူ ကိုယ်ပိုင်အမှတ် - တတ/၁၂၅၉၄၀ တပ်သား ကိုကိုအောင်၏ ဝန်ခံထွက်ဆိုချက်နှင့် ၎င်းဖြစ်စဉ်အား သရုပ်ပြသည့် ရုပ်သံမှတ်တမ်းကို AA က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ