- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
မောင်တောတွင် သေဆုံးနေသည့် ကျွဲ၊နွားအကောင် ၅၀ ပါ ဘုတ်တစ်စီး ကမ်းတင်နေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကမ်းခြေတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က ကျွဲ/နွားအကောင်ရေ ၅၀ ပါဝင်သည့် ဘုတ်တစ်စီးအား ကမ်းကပ်လျက်တွေ့ရှိရကြောင်း သိရသည်။
04 Sep 2019
ချလူးအောင် | DMG
စက်တင်ဘာ ၄ ၊ မောင်တော
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကမ်းခြေတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က ကျွဲ/နွားအကောင်ရေ ၅၀ ပါဝင်သည့် ဘုတ်တစ်စီးအား ကမ်းကပ်လျက်တွေ့ရှိရကြောင်း သိရသည်။
၎င်းဘုတ်အတွင်းပါဝင်သည့် ကျွဲ/နွားအကောင် ၅၀ လုံးမှာ ကြိုးများဖြင့်ချည်နှောင်လျက် ပုပ်ပွသေဆုံးနေပြီး ဘုတ်တွင်လူတစ်ဦးတစ်ယောက်မှ ပါလာခြင်းမရှိကြောင်း ကျောက်ပန်းဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ဆိုသည်။
“အခု ကျွဲ/နွားတွေကိုမြေမြုပ်ဖို့တောင် အခက်အခဲ့တွေ့နေရပါတယ်” ဟု ဦးမောင်ဘုက ပြောသည်။
မောင်တောဒေသအတွင်းတွင် တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ကျွဲ/နွားတင်ပို့မှုများကို မကြာခဏ ဖမ်းဆီးရရှိမှုများရှိနေပြီး ယခုတွေ့ရှိသည့် ကျွဲ/နွားအသေများနှင့် ဘုတ်မှာလည်း တရားမဝင် ကုန်သွယ်မှုသာ ဖြစ်မည်ဟု သုံးသပ်ပြောဆိုကြသည်။
ယခုနှစ်အတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် နွားကောင်ရေ ၁၀၀ ခန့်တင်ပို့ရန်စီစဉ်ထားပြီး သြဂုတ်လ ၁၁ ရက်နေ့က နွားကောင်ရေ ၂၅ ကောင်ကို ပထမအသုတ်အဖြစ် တင်ပို့ခဲ့သည်။