- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
အမိုးအကာအောက် မရောက်နိုင်သေးသည့် မွတ်ဆလင်များ (ဓာတ်ပုံသတင်း)
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသော ဘာဆာရာကျေးရွာတွင် လူနေအိမ်များ ရွာလုံးကျွတ်ပျက်စီးကာ လူသေဆုံးမှုများလည်း ရှိခဲ့သည်။
20 Jul 2023

စစ်တွေမြို့နယ်၊ ဘာဆာရာ (မွတ်ဆလင်)ကျေးရွာကို ဇူလိုင်လ ၁၉ ရက်နေ့တွင် DMG က ကွင်းဆင်းလေ့လာစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံများဖြစ်သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသော ဘာဆာရာကျေးရွာတွင် လူနေအိမ်များ ရွာလုံးကျွတ်ပျက်စီးကာ လူသေဆုံးမှုများလည်း ရှိခဲ့သည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်ဆောက်လုပ်ပေးမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသေးသဖြင့် ဘာဆာရာရွာက မွတ်ဆလင်များမှာ လုံခြုံသော အမိုးအကာအောက်သို မရောက်ရှိနိုင်ကြသေးပေ။
လက်ရှိတွင် စစ်ကောင်စီထံက ရရှိထားသော တာပေါ်လင်စအချိုဖြင့် ယာယီတဲအိမ်ဆောက်လုပ်ကာ နေထိုင်နေကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေ အကူအညီများ လိုအပ်နေဆဲဖြစ်သည်။
#I010