အစိုးရပေး လျှော်ကြေးငွေကို ယူလက်ခံရင် ပြန်လွှတ်ပေးမယ်လို့ပြော
09 May 2018
dtv news - မာန်အောင်မြို့နယ် စမုံတဲအုပ်စု လေယဉ်ကွင်းတိုးချဲ့ရာမှာ ပါဝင်သွားတဲ့ လယ်ယာမြေပေါ်တွင် အစိုးရကပေးအပ်တဲ့ လျော်ကြေးငွေကို မယူပဲ မြေပေါ်မှာ အိမ်ဆောက်လုပ်လာတဲ့အတွက် ခွင့်ပြုချက်မရှိဘဲ နေအိမ်ဆောက်လုပ်မှုအပေါ် လယ်ယာမြေဥပဒေဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ် ခံထားရသူနှစ်ဦးနှင့် ပတ်သက်ပြီး လျော်ကြေးငွေကို ပြန်ယူရင် ပြစ်ဒဏ်ကနေ လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက လာရောက်ပြောဆိုနေကြတယ်လို့ သိရပါတယ်။
သတင်း - အောင်ကောင်းဇော်