- အင်ဒိုနီးရှား၊ အမေရိကန်နှင့် မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်
- ဒုက္ခသည်ကွန်ဖရင့် တက်ရောက်လာသည့် မိုဟာမက်ယူနွတ်က နေရပ်ပြန်ရေး လမ်းညွှန်ချက် ၇ ရပ် အဆိုပြု
- MNDAA ဖမ်းဆီးရထားသည့် သေနတ် ၂၀၀ ကျော်ကို တရုတ်ထံ အပ်၊ ၄၀၀ ကျော်ကို ဖျက်ဆီး
- ယူကေတွင် ခိုလှုံခွင့် တောင်းခံသူများကို နေရာချထားသည့် ဟိုတယ်များရှေ့၌ ဆန္ဒပြမှုများ ဖြစ်ပွား
- ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်
ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
ကော့ခ်မြစ်နှင့် စိုင်မြစ်တို့၌ သတ္တုဓာတ်များ ပျော်ဝင်နေသည့်ပြဿနာနှင့် နယ်စပ်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေး အပါအဝင် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာ၌ အရှိန်မြှင့်ရန် ထိုင်းနှင့် မြန်မာတို့ သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jul 2025

ကော့ခ်မြစ်နှင့် စိုင်မြစ်တို့၌ သတ္တုဓာတ်များ ပျော်ဝင်နေသည့်ပြဿနာနှင့် နယ်စပ်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေး အပါအဝင် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာ၌ အရှိန်မြှင့်ရန် ထိုင်းနှင့် မြန်မာတို့ သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဒေသတွင်းနယ်စပ်ရေးရာ ကော်မတီ (RBC) ၏ ၃၇ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
RBC သည် နယ်စပ်ရေးရာ ရေရှည်စိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်ရွယ်သည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ တတိယမြောက် စစ်ဒေသမှူး ဗိုလ်မှူးကြီး ကစ်တီပေါင် ဂျမ်ဆူဝမ်က ပြောကြားပြီး အဆိုပါအစည်းအဝေး၌ မြစ်ရေညစ်ညမ်းမှုနှင့် အွန်လိုင်းငွေလိမ်မှုပြဿနာများကို ထိုင်းအရာရှိများက အဓိက တင်ပြဆွေးနွေးခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ကော့ခ်နှင့် စိုင်မြစ်တို့သည် နယ်စပ်အနီးတွင် တရားမဝင် ရွှေတူးဖော်မှုများကြောင့် အဓိက ညစ်ညမ်းနေခြင်း ဖြစ်ကာ မြစ်ရေအတွင်း ခဲနှင့် အာဆင်းနစ်အဆိပ်တို့ ပျော်ဝင်နေသည်ကို တွေ့ရကြောင်း ဗိုလ်မှူးကြီး ကစ်တီပေါင်က ပြောကြားသည်။ အဆိုပါမြစ်ရေ ညစ်ညမ်းမှုကြောင်း ထိုင်းနှင့် မြန်မာ နှစ်ဘက်လုံး၌ ကျန်းမာရေးနှင့် ဇီဝသက်ရှိဆိုင်ရာ ဆိုးကျိုးများ သက်ရောက်လျက်ရှိသည်။
မြန်မာဘက်ကလည်း ယခုပြဿနာများကို ဆက်လက်ဆွေးနွေးရန်နှင့် RBC ၏ မူဘောင်ကို အခြေခံကာ ပူးပေါင်း အဖြေရှာသွားရန် သဘောတူခဲ့သည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေးတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် သဘောတူခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။