- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မင်းပြားမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သမင်ခြေရာကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၁၁ ရက်) မွန်းလွှဲပိုင်းအချိန်က ငါးရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။
11 Sep 2022

DMG ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သမင်ခြေရာကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၁၁ ရက်) မွန်းလွှဲပိုင်းအချိန်က ငါးရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။
ဒဏ်ရာရရှိသူမှာ ကိုမောင်အေးစိန် (၃၈)နှစ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ကျိန်းတောင်ဘုရား အနောက်ဖက်ချောင်း၌ ငါးရှာသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ ကိုအမ်းသားကြီးကပြောသည်။
"သူက ကျိန်းတောင်အနောက်ဖက်မာ ငါးကွန်ပစ်ဖို့တာ။ ကွန်တွေဘာတွေဖော်ပြီး လှေနဲ့ပြန်လာတဲ့အချိန်မှာ အလေးသွားချင်လို့ဆိုပြီး ကျိန်းတောင်အနောက်ဖက်က ခမရ ၅၄၁ ဖက်ခြုံထဲသွားတာ။ အဲဒီအချိန်မှာမိုင်းနင်းမိတာ"ဟု ၎င်းကပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ကိုမောင်အေးစိန်မှာ ခြေထောက်နှစ်ဖက်လုံး ကြေမွသွားပြီး မင်းပြားဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။
"လူနာအခြေအနေကတော့ ဒဏ်ရာပြင်းပါတယ်။ အခုလောလောဆယ်တော့ မင်းပြားဆေးရုံမှာပါ။ ခြေထောက်နှစ်ဖက်စလုံးက မရှိတော့ဘူး။ ဖြတ်ပစ်ရတော့မယ်။ မင်းပြားဆေးရုံကနေ မြောက်ဦးဆေးရုံကိုပို့ဖို့လုပ်နေကြပါတယ်"ဟု ကိုမောင်အေးစိန်၏ ညီဖြစ်သူ ကိုမောင်လုံးကပြောသည်။
မင်းပြားမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ကလည်း ထင်းရှာသွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ခြေတစ်ဖက်ပြတ်သွားခဲ့သည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ မိုင်းထိမှန်သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးအထိရှိသည်။