- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကို စာသင်ခန်းတွေမှာ ထည့်သွင်းအသိပညာပေးဖို့ လိုအပ်
အဓိကအရေးကြီးဆုံးအချက်ကတော့ မိုင်းလို့ သံသယရှိတဲ့အရာဝတ္ထုတစ်ခုကို မြင်တွေ့တဲ့အချိန် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာတွေကို သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။
26 Feb 2025

DMG ၊ အယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခကြောင့် ဘက်ပေါင်းစုံကထိခိုက်ခံစားနေရတဲ့ ကလေးတွေအတွက် မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။
မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို အန္တရာယ်ရှိမှန်းမသိဘဲ အိမ်ကိုယူဆောင်လာတာ၊ ထုခွဲဆော့ကစားမိတာ၊ ကျေးရွာအနီးဝန်းကျင်နဲ့ လယ်ကွင်းတွေမှာ မိုင်းနင်းမိတဲ့ဖြစ်ရပ်တွေဟာ သက်သေပြလို့မကုန်နိုင်အောင် များပြားလှပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ စခန်းချခဲ့တဲ့နေရာတွေမှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်ရှိနေနိုင်တယ်ဆိုတာကို ကလေးတွေကို အသိပေးသင့်ပါတယ်။
ဆရာ၊ ဆရာမတွေ၊ လူကြီးမိဘတွေအနေနဲ့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ဆိုတာ ဘာနဲ့တူသလဲဆိုတာနဲ့ ဘယ်လောက်ထိ အန္တရာယ်ပြုနိုင်လဲဆိုတာတွေကို ခွဲခြားသိရှိနိုင်အောင် ကလေးတွေကို အသိပညာပေးမှုနဲ့ လေကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။
အဓိကအရေးကြီးဆုံးအချက်ကတော့ မိုင်းလို့ သံသယရှိတဲ့အရာဝတ္ထုတစ်ခုကို မြင်တွေ့တဲ့အချိန် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာတွေကို သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။
ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ကြိုးပမ်းမှုမရှိဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေဟာ လာမယ့်မျိုးဆက်တွေအထိ သက်ရောက်သွားနိုင်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ဟာ မြန်မာက ဆီးရီးယားကို ကျော်တက်သွားခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုရဲ့ ၃၇ ရာခိုင်နှုန်း (၁,၄၉၈ ဦး)မှာ ကလေးငယ်တွေ ဖြစ်တယ်လို့ နိုင်ငံတာကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) အစီရင်ခံစာက ဖော်ပြပါတယ်။
ပြည်တွင်းစစ်သက်ဆိုးရှည်နေတဲ့ မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကို စာသင်ခန်းတွေထဲမှာ ထည့်သွင်းအသိပညာပေးဖို့ အချိန်ကျနေပြီဖြစ်ကြောင်း DMG က တိုက်တွန်းရေးသားလိုက်ရပါတယ်။