- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရခိုင်တွင်နေထိုင်ကြသည့် မျိုးနွယ်စုများအကြား စည်းလုံးမှုပိုရှိလာကြောင်း ULA/AA ပြော
ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် မတူကွဲပြားသောမျိုးနွယ်စုနှင့် လူမျိုးများအကြားမှာ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုပိုရှိလာသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။
11 Aug 2022
DMG ၊ သြဂုတ် ၁၁
ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် မတူကွဲပြားသောမျိုးနွယ်စုနှင့် လူမျိုးများအကြားမှာ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုပိုရှိလာသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။
ထို့အပြင် မျိုးနွယ်စုများနှင့်ဆက်ဆံရေးကို ပိုမိုလွှမ်းခြုံစနစ်ကျအောင် ကြိုးစားဆောင်ရွက်နေသည်ဟုလည်း ယနေ့(သြဂုတ်လ ၁၀ ရက်)တွင်ပြုလုပ်သော Online သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“အာရက္ခပြည်အတွင်း မှီတင်းနေထိုင်နေကြတဲ့ မတူကွဲပြားတဲ့မျိုးနွယ်စုတွေ၊ လူမျိုးအကြားမှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုတည်ဆောက်ထားနိုင်တဲ့အတွက်ကြောင့် အရင်ထက် စည်းလုံးညီညွတ်မှုရှိလာတယ်။ ULA/AA ရဲ့ တရားစီရင်ရေးဟာ အာရက္ခတိုင်းပြည်တစ်ခုလုံး အတိုင်းအတာနဲ့ ပိုမိုလွှမ်းခြုံစနစ်ကျအောင် ကြိုးစားတည်ဆောက်နေကြပါတယ်”ဟု ဦးခိုင်သုခက ပြောဆိုသည်။
ယင်းသို့ မျိုးနွယ်စုများအကြားတွင် ရင်းနှီးမှုပိုရှိလာသည့်အတွက် မြန်မာစစ်တပ်ဘက်မှ ULA/AA တရားစီရင်ရေးကိစ္စရပ်များကို ဖိအားပေး၊ နှောင့်ယှက်မှုပိုများလာနေပြီး ULA/AA အနေဖြင့် အမှုကိစ္စများကိုဆောင်ရွက်ရာတွင် အခက်အခဲအကျပ်အတည်းကြားမှာ တော်လှန်ရေးဆန်ဆန် ပြောင်းရွှေ့လုပ်ဆောင်နေရသည်ဟုလည်း ဆက်ပြောသည်။
“မြန်မာစစ်တပ်ဘက်က တရားစီရင်ရေးဘက်မှာ နှောင့်ယှက်လာတဲ့အတွက် ကျနော်တို့တရားစီရင်ရေးတွေကို ဆောင်ရွက်တဲ့အခါ ကြန့်ကြာမှုတွေရှိပေမဲ့ ရခိုင်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ULA တရားရုံးဌာနကို ပိုပြီးယုံကြည်လာကြပြီးတော့ အရင်ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဘယ်လောက်ထိဖိနှိပ်ဖိနှိပ် ပြည်သူတွေရဲ့ပူးပေါင်းမှုဟာ ကျနော်တို့ရဲ့တရားစီရင်ရေးကဏ္ဍ အရင်ထက်စနစ်ကျအားကောင်းပြီးတော့ တည့်မတ်မှန်ကန်သမာသမတ်ကျတဲ့ တရားရေးမဏ္ဍိုင်အဖြစ် ပီပြင်ခိုင်မာလာနေတာက ရခိုင့်တရားစီရင်ရေးရာကို အာရက္ခပြည်သူလူထုက လက်ခံယုံကြည်ထားတာကို ပြသရာရောက်ပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။
ULA/AA အပေါ် ရခိုင်ပြည်သူလူထု၏ ထောက်ခံမှုမှာ အထွဋ်အထိပ်ရောက်ရှိနေပြီဖြစ်သည့်အတွက် မြန်မာစစ်တပ်ကလည်း ကြွက်မနိုင် ကျီကိုမီးတိုက်ဆိုသကဲ့သို့ ULA/AA ကိုထောက်ခံသူဟုယူဆရသည့် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးမှုများလည်းရှိနေကြောင်း ဦးခိုင်သုခကပြောဆိုသည်။