- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
- တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်
- မင်းပြား မြေယာအငြင်းပွားမှုတွင် ဒေသခံ ၁၁ ဦးကို ၅၀၅ အပါ ပုဒ်မ ၄ ခုဖြင့် ULA/AA အမှုဖွင့်ထား
AA ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ယောက် ပြန်လွတ်
နတ်မြစ်အတွင်း ငါးဖမ်းနေစဉ် အာရက္ခတပ်တော်ထံ၌ ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း နယ်ခြားစောင့်တပ်ရင်း အမှတ် (၂) မှ ဗိုလ်ကြီး အာရှစ်ကာ ရာမန်က ပြောကြားသည်။
17 Apr 2025

DMG ၊ ဧပြီ ၁၇
အာရက္ခတပ်တော်ထံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ယောက်သည် ဧပြီလ ၁၆ ရက်နေ့ ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့သည် နတ်မြစ်အတွင်း ငါးဖမ်းနေစဉ် အာရက္ခတပ်တော်ထံ၌ ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း နယ်ခြားစောင့်တပ်ရင်း အမှတ် (၂) မှ ဗိုလ်ကြီး အာရှစ်ကာ ရာမန်က ပြောကြားသည်။
“တောက်လျှောက် ကြိုးစားခဲ့ပြီးနောက်မှာတော့ သူတို့ကို ဗုဒ္ဓဟူးနေ့မှာ ပြန်ခေါ်နိုင်ခဲ့ပါပြီ” ဟု သူက ပြောသည်။
သို့သော်လည်း ငါးဖမ်းပိုက်နှင့် ငါးဖမ်းလှေများကိုမူ AA ဘက်က သိမ်းဆည်းထားလိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့၏ အမည်များနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို လတ်တလောတွင် BGB က ကောက်ယူနေပြီး ပြီးလျှင် သူတို့ကို မိသားစုဝင်များထံ ပြန်လွှဲပေးသွားမည်ဟု ဒေလီစတားက ဖော်ပြသည်။
အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မောင်တောကို သိမ်းပိုက်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ AA ထံတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား အရေအတွက်သည် ၁၅၁ ဦးအထိရှိကြောင်း ဗိုလ်ကြီး အာရှစ်ကာရာမန်က အစောပိုင်းတွင် ပြောကြားထားသည်။
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်သည် နတ်မြစ်ကြောတလျှောက်တွင် ရေပြင်နယ်စပ် ၈၄ ကီလိုမီတာအထိ ထိစပ်လျက်ရှိသည်။