- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
- တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်
- မင်းပြား မြေယာအငြင်းပွားမှုတွင် ဒေသခံ ၁၁ ဦးကို ၅၀၅ အပါ ပုဒ်မ ၄ ခုဖြင့် ULA/AA အမှုဖွင့်ထား
ငါးလအတွင်း AA ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၅၀ ကျော်အထိရှိ
AA သည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် မောင်တောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းယူခဲ့သည်။ ထို့နောက်တွင် နတ်မြစ်တလျှောက်၌ ကင်းလှည့်စောင့်ကြပ်မှုများ ခပ်စိတ်စိတ် ရှိလာခဲ့သလို နတ်မြစ်အတွင်း ရခိုင်ရေပိုင်နက်၌ ငါးဖမ်းခွင့်ကိုလည်း တားမြစ်ထားသည်။
16 Apr 2025

DMG ၊ ဧပြီ ၁၆
အာရက္ခတပ်တော်က ပြီးခဲ့သည့် ငါးလအတွင်း နတ်မြစ်ထဲ၌ ဖမ်းဆီးခဲ့သော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား အရေအတွက်သည် ၁၅၁ ဦးအထိရှိကြောင်း ပရိုသော်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တက္ကနာရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း အမှတ် (၂) မှ ဗိုလ်ကြီး အာရှစ်ကာရာမန်၏ ပြောကြားချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
AA သည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် မောင်တောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းယူခဲ့သည်။ ထို့နောက်တွင် နတ်မြစ်တလျှောက်၌ ကင်းလှည့်စောင့်ကြပ်မှုများ ခပ်စိတ်စိတ် ရှိလာခဲ့သလို နတ်မြစ်အတွင်း ရခိုင်ရေပိုင်နက်၌ ငါးဖမ်းခွင့်ကိုလည်း တားမြစ်ထားသည်။
မောင်တောကို AA က သိမ်းယူခဲ့ပြီးနောက်ပိုင်း လက်ရှိအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား စုစုပေါင်း ၁၅၁ ဦးရှိကာ ၎င်းတို့ထဲမှ ပြန်လွတ်လာသူ ၁၃၄ ဦးရှိကြောင်း အာရှစ်ကာရာမန်က ပြောကြားသည်။ ကျန်ရှိနေသူများ အမြန်ဆုံး လွတ်မြောက်လာရေးအတွက် AA နှင့် ဆက်သွယ်လျက်ရှိပြီး ရက်ပိုင်းအတွင်း သတင်းကောင်း ကြားရနိုင်ခြေရှိသည် ဟုလည်း သူကပြောသည်။
နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ AA ထံတွင် ဖမ်းဆီးခံရမှုဖြစ်တိုင်း ဘင်္ဂလားဒေ့ရှ် မီဒီယာအများစုက အဖမ်းခံရသည်ကိုသာ အသားပေး ဖော်ပြသည်က များပြီး ဖမ်းဆီးခံရသည့်နေရာ၊ အထူးသဖြင့် ရေပိုင်နက် ကျူးလွန်မှု ရှိ၊မရှိ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမျိုး မရှိသလောက် နည်းသည်။
AA သည် ၎င်းတို့ ဖမ်းဆီးထားသည့် ငါးဖမ်းသမားများကို ပြန်လွှတ်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များတွင် အဆိုပါ ငါးဖမ်းသမားများသည် ရခိုင်ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသဖြင့် ဖမ်းဆီးရခြင်းဟု ထည့်သွင်းဖော်ပြလေ့ ရှိသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်သည် နယ်စပ်ဧရိယာ ၂၇၀ ကီလိုမီတာခန့် ထိစပ်နေသည်။ ဤအထဲ၌ နတ်မြစ်ကြောင်းတလျှောက် ၈၄ ကီလိုမီတာအထိ ဆက်စပ်နေသည့် ရေပြင်ဧရိယာလည်း ပါဝင်သည်။
■ နတ်မြစ်အတွင်း ၅၈ ရက် ငါးဖမ်းခွင့်ပိတ်
တချိန်တည်း၌ နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ၅၈ ရက်တာ ငါးဖမ်းခွင့် ပိတ်ပင်မှုသည်လည်း ဧပြီလ ၁၅ ရက်နေ့တွင် စတင်အသက်ဝင်ပြီဖြစ်သည်။ ငါးသားပေါက်ခြင်း၊ ငါးမျိုးစိတ် ထိန်းသိမ်းခြင်းနှင့် ဆက်စပ်ပြီး မုတ်သုံအဝင်ကာလ၌ ယခုကဲ့သို့ ငါးဖမ်းခွင့် ပိတ်ထားခြင်း ဖြစ်သည်။
ဤတားမြစ်မိန့်သည် ဇွန်လ ၁၁ ရက်နေ့အထိ အသက်ဝင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ငါးလုပ်ငန်းနှင့် မွေးမြူရေး ဝန်ကြီးဌာနက မတ်လလယ်ပိုင်းက ထုတ်ပြန်ထားသည်။