- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ညိုအေးကို ပထမအကြိမ် ရုံးထုတ်
ယနေ့ရုံးထုတ်တွင် ဒေါ်ညိုအေးကို ချုပ်ရမန်ကြီး နှစ်ပတ်ထပ်ယူလိုက်ပြီး လာမည့် စက်တင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။
29 Aug 2023

DMG ၊ ဩဂုတ် ၂၉
ရခိုင်အမျိုးသမီးများကွန်ရက်(RWN) ဥက္ကဌ ဒေါ်ညိုအေးကို နိုင်ငံတော်ဆူပူအောင်လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(ခ) ဖြင့် ယနေ့(ဩဂုတ် ၂၉ ရက်) စစ်တွေမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးထုတ်တွင် ဒေါ်ညိုအေးကို ချုပ်ရမန်ကြီး နှစ်ပတ်ထပ်ယူလိုက်ပြီး လာမည့် စက်တင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။
“ဒီနေ့ ပုဒ်မ- ၅၀၅ (ခ)နဲ့ တရားစွဲတင်တယ်။ အမှုကို တရားသူကြီးက လက်ခံလိုက်တယ်။ စစ်တော့ မစစ်ဆေးသေးဘူး။ နောက်ထပ် ရမန်ကြီး နှစ်ပတ်ယူလိုက်တယ်” ဟု သမီးဖြစ်သူ မစောမြသန္တာက DMG သို့ ပြောသည်။
ဒေါ်ညိုအေးသည် ရခိုင်ပြည်တွင်း အမျိုးသမီးအရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
(၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့သည့် ဒေါ်ညိုအေးကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူအောင် လှုံ့ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (ခ)ဖြင့် စစ်တွေမြို့ အမှတ်(၁)ရဲစခန်း စခန်းမှူးက တရားလိုလုပ်ကာ အမှုဖွင့်ခဲ့သည်။
စစ်တွေမြို့မှ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဖြူဖြူသန်းက “ဆန်ပြဿနာနေ့နဲ့ အထိမ်းအမှတ် ပြုလုပ်လို့ ဖမ်းတာကတော့ ဒါက လုပ်ကြံမှု၊ ကြံစည်မှုဖြစ်တယ်။ ဒီဝမ်းနည်းဖွယ်အထိမ်းအမှတ်က နှစ်စဉ်နှစ်တိုင်း လုပ်နေကြတာ။ ဒါကို အကြောင်းပြပြီးတော့ ဖမ်းတယ်ဆိုတာက လုပ်ကြံမှုပဲဖြစ်တယ်” ဟု ပြောသည်။
၁၉၆၇ ခုနှစ် ဦးနေဝင်း လက်ထက်တွင် ရခိုင်ပြည်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကို ဖြေရှင်းပေးရန် စစ်တွေဒေသခံများ တောင်းဆိုဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူရာချီ သေဆုံးခဲ့ရသည်။
ထိုသို့ သေဆုံးခဲ့ရသူများကို အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် ဩဂုတ် ၁၃ ရက်နေ့တွင် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာ (၅၆)နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
#R007