- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
အာဏာသိမ်းမှုနောက်ပိုင်း ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရမှု ၄ ဆအထိ မြင့်တက်
၂၀၂၀ ဇူလိုင်လမှ ၂၀၂၃ နှစ်ကုန်အထိ စစ်တမ်းကောက်ယူထားသည့် ကာလအတွင်း ကလေးသူငယ် ၄၀၀၀ ကျော်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အကြိမ်ပေါင်း ၅၁၄၀ အထိရှိခဲ့ပြီး ၎င်းတို့ထဲတွင် ၃ လသားအထိ ငယ်ရွယ်သူများလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
13 Apr 2025

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း၌ ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံရမှုသည် ၄ ဆအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်၌ ဖော်ပြထားသည်။ ဖြစ်စဉ်အများစုမှာ မြန်မာစစ်တပ်နှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အုပ်စုများ ကျုးလွန်ခြင်း ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၀ ဇူလိုင်လမှ ၂၀၂၃ နှစ်ကုန်အထိ စစ်တမ်းကောက်ယူထားသည့် ကာလအတွင်း ကလေးသူငယ် ၄၀၀၀ ကျော်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အကြိမ်ပေါင်း ၅၁၄၀ အထိရှိခဲ့ပြီး ၎င်းတို့ထဲတွင် ၃ လသားအထိ ငယ်ရွယ်သူများလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
ဤပမာဏသည် ဆိုခဲ့ပါကာလ ရှေ့ပိုင်း ၂၀၁၈ စက်တင်ဘာလမှ ၂၀၂၀ ဇွန်လအထိ ရှိခဲ့သည့် ချိုးဖောက်မှုများထက် ၄၀၀ ရာခိုင်နှုန်း (၄ဆ) အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ကုလအစီရင်ခံစာက ဖော်ပြသည်။
အဓိကအားဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ယခုကဲ့သို့ တဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သည့် လုပ်ရပ် အများစုမှာ မြန်မာစစ်တပ်နှင့် ၎င်းနှင့် ဆက်နွယ်သည့် အုပ်စုများက ကျူးလွန်ခဲ့ကြခြင်းဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်က “ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာတာ၊ လက်နက်ကိုင် အုပ်စုတွေ အဆမတန် တိုးပွားလာတာတွေအပေါ် အလေးအနက် စိုးရိမ်ထိတ်လန့်မိပါတယ်” ဟု ပြောကြားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
အဆင်ခြင်မဲ့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကဲ့သို့ ဖောက်ခွဲရေး ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသည့် ကလေးသူငယ် အရေအတွက် မြင့်တက်လာခြင်း၊ တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် ကလေးအရေအတွက် မြင့်တက်လာခြင်းတို့အပေါ် အံ့သြတုန်လှုပ်မိသည်ဟုလည်း အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။ ပဋိပက္ခနှင့် ဆက်စပ်နေသည့် အုပ်စုများ၊ အထူးသဖြင့် မြန်မာစစ်တပ်က စာသင်ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်မှု မြင့်တက်လာသည်ဟုလည်း သူက ပြောသည်။
ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များအနက် ၄၀ ရာခိုင်နှုန်းခန့်မှာ တပ်သားအဖြစ် စုဆောင်းခံရမှုများ ဖြစ်သည်။ ကလေးဖမ်းဆီးခံရသည့် အရေအတွက်မှာလည်း အဆ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဖမ်းဆီးခံရသူ အများစုမှာ အတင်းအကြပ် စစ်သင်တန်း တက်ခိုင်းခံခဲ့ရသည်။
လူသစ်စုဆောင်းခြင်း၊ သတင်းထောက်လှမ်းခြင်း၊ ငွေတောင်းခြင်းတို့တွင် ကလေးငယ်များကို အသုံးချနေသလို စစ်မြေပြင်တွင် လူသားဒိုင်းကာအဖြစ်ပါ ကလေးငယ်များကို အသုံးချနေကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။