- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး
နိုင်ငံတဝန်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဖေဖော်ဝါရီလအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် ၁၃ ဦးအပါအဝင် အမျိုးသမီး စုစုပေါင်း ၆၆ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ထုတ်ပြန်သည်။
06 Mar 2025

DMG ၊ မတ် ၆
နိုင်ငံတဝန်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဖေဖော်ဝါရီလအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် ၁၃ ဦးအပါအဝင် အမျိုးသမီး စုစုပေါင်း ၆၆ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ယနေ့ (မတ် ၆ ရက်)တွင် ထုတ်ပြန်သည်။
BWU ၏ အချက်အလက်အရ အမျိုးသမီးများ သေဆုံးခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို လေ့လာကြည့်ပါက လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၂ ဦး၊ အကျဉ်းထောင်တွင်း ဆေးကုသမှုမရရှိခြင်းကြောင့် ၁ ဦးနှင့် မြေမြှုပ်မိုင်းကြောင့် ၇ ဦးရှိကြောင်း တွေ့ရသည်။
ထို့အပြင် အမျိုးသမီး ၆၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၁ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦးနှင့် အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းကြောင့် ၁ ဦးတို့ ဖြစ်သည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှု ၄ နှစ်ကျော် ကြာမြင့်လာပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျုးလွန်နေဆဲ၍ အမျိုးသမီး ထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ် တိုးလာနေသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံတဝန်းတွင် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BWU ၏ စာရင်းအရ သိရသည်။