- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
စနဲ ဆေးရုံကို စစ်ကောင်စီက အသေခံ ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်
စနဲမြို့နှင့် ၃ မိုင်ခန့်အကွာရှိ အမှတ်(၁၈) စစ်ကောင်စီ တောင်မော်ဦးရေတပ်စခန်းမှ အသေခံဒရုန်းများ အသုံးပြုကာ ဒရော့ဗုံးနှစ်လုံးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
10 Mar 2025

DMG ၊ မတ် ၁၀
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (မတ်လ ၁၀ ရက်)၊ နံနက်ပိုင်းတွင် အသေခံ ဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စနဲမြို့နှင့် ၃ မိုင်ခန့်အကွာရှိ အမှတ်(၁၈) စစ်ကောင်စီ တောင်မော်ဦးရေတပ်စခန်းမှ အသေခံဒရုန်းများ အသုံးပြုကာ ဒရော့ဗုံးနှစ်လုံးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို တိုက်ခိုက်မှုအတွင်း ဒရော့ဗုံးတစ်လုံးမှာ ခွဲစိတ်ဆောင်သို့ ကျရောက်ပါကွဲပြီး ကျန်တစ်လုံးမှာ ခွဲစိတ် ဆောင်အပြင်ဘက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း သိရသည်။
စစ်ရှုံးစစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတို့ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသည်။
စစ်ကောင်စီက ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ပြည်သူများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများ ရင်ဆိုင်နေကြရသည်။