- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရခိုင်ဘက်သို့ ဓာတ်မြေသြဇာ ပမာဏအများအပြား မှောင်ခိုကူးရန် ကြံစည်သူ ၁၁ ဦးအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
10 May 2025

ရခိုင်ဘက်သို့ ဓာတ်မြေသြဇာ ပမာဏအများအပြား မှောင်ခိုကူးရန် ကြံစည်သူ ၁၁ ဦးအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့အား မေလ ၇ ရက်နေ့ညဉ့်က စိန့်မာတင်ကျွန်းအနီး ရေပြင်၌ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးမှုအား ကမ်းခြေစောင့်တပ် ဌာနချုပ်မှ ပြန်ကြားရေးအရာရှိ ဟာရန်အာရာရှစ်က မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါရေပြင်၌ ကင်းလှည့်နေသည့် ကမ်းခြေစောင့်တပ်သည် မသင်္ကာဖွယ်ရာ စက်လှေကို တွေ့ရပြီးနောက် ရှာဖွေစစ်ဆေးရာ၌ အကောက်ခွန်စာရင်း ပြသနိုင်ခြင်း မရှိသည့် ဓာတ်မြေသြဇာ ၇၄၂ အိတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
စက်လှေပေါ် လိုက်ပါလာသူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အားလုံးသည် အူခီးယာ ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများ ဖြစ်သည်။ စက်လှေကို သိမ်းဆည်းပြီး တက္ကနာ ရဲစခန်းသို့ လွှဲပေးလိုက်ပြီဖြစ်သလို ဓာတ်မြေသြဇာ အိတ်များကိုလည်း တက္ကနာ အကောက်ခွန်ဂိုဒေါင်သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြထားသည်။
လတ်တလောတွင် ၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်အောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်ကြားရေးအရာရှိ ဟာရန်အာရာရှစ်က ပြောကြားသည်။