- စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ
- သံတွဲရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
- စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန်
- အိန္ဒိယနှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာပူးပေါင်းမှု မြှင့်တင်မည်
- အိန္ဒိယနယ်စပ်မှ စက်သုံးဆီများကို မြန်မာသို့ မတင်သွင်းရန် ဒေသခရိုင်တရားရုံး အမိန့်ထုတ်
ကျောက်တော်၊ အပေါက်ဝရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွား
ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။
16 Sep 2022
DMG ၊ စက်တင်ဘာ ၁၆
ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။
၎င်းမှာ ယမန်နေ့၊ ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်က
ရဲစခန်းမှ အဝတ်ထုတ်များကိုကိုင်ဆောင်ကာ ကျောက်တော်မြို့သို့သွားရာတွင် မြို့အနီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
"သူက အဝတ်ထုတ် ၃ ထုတ်ကိုကိုင်ပြီး ကားဂိတ်ကိုသွားဖို့အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ကို လာငှါးတယ်။ ကားဂိတ်ကနေတဆင့် ကျောက်တော်မြို့ထဲကိုသွားမယ်ပေါ့။ အဲဒီလိုကယ်ရီငှါးသွားရင်းနဲ့ အဖမ်းခံလိုက်ရတာပါ"ဟု ၎င်းကပြောသည်။
အဆိုပါဒုရဲအုပ်မှာ အပေါက်ဝရဲစခန်း ၌တာဝန်ကျနေသည်မှာ တစ်နှစ်ခန့်သာရှိသေးပြီး လက်ရှိအချိန်ထိ ရဲစခန်းဖက်မှ လာရောက်ရှာဖွေစုံစမ်းခြင်းများ တစုံတရာမရှိသေးကြောင်းလည်း သိရသည်။
"သူက ရခိုင်တော့မဟုတ်ဘူး။ ဒီကို တာဝန်ကျနေတာလည်း မကြာသေးဘူး။ ရဲစခန်းကတော့ သူပျောက်သွားတာကို သိတာလား၊ မသိတာလားတော့မပြောတတ်ဘူး။ အခုအချိန်ထိ အပြင်ထွက်ပြီး ရှာနေတာတွေ၊ စုံစမ်းနေတာတွေကိုတော့ မတွေ့ရဘူး။ အကုန်လုံး ပုံမှန်အနေအထားပါပဲ"ဟု အဆိုပါဒေသခံကဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်သည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် AA ဘက်က စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုရှိနေသည်။ အလားတူ မြန်မာစစ်တပ်ကလည်း အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီးလျက်ရှိနေသည်။