- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မောင်တောတွင် မွတ်ဆလင်တစ်ဦး သေနတ်ပစ်ခတ်ခံရ
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ (မွတ်ဆလင်) ကျေးရွာမှ ဒေသခံတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မောင်တောခရိုင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
02 Dec 2022
.jpg)
DMG | ဒီဇင်ဘာ ၁
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ (မွတ်ဆလင်) ကျေးရွာမှ ဒေသခံတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မောင်တောခရိုင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
သေနတ်အပစ်ခံရသူမှာ အသက် ၃၂ နှစ်အရွယ် မာမတ်အီလီယာစ် ဆိုသူဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၃၀) ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာ ဈေးအတွင်း ဈေးဝယ်နေစဉ် ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရကာ ညာဖက်ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း မာမတ်အီလီယာစ်၏ အစ်ကို ဖြစ်သူ မာမတ်အီဒီယာစ် က DMG သို့ပြောသည်။
“ သူက မနေ့က ညနေ့ပိုင်းက ဈေးထဲကို ဈေးဝယ်သွားတယ်။ အဲဒီမှာ ပစ္စတို သေနတ်နဲ့အပစ်ခံရတာ။ ပစ်တာကတော့ ၁ ချက်ပစ်သွားတာ။ ညာဖက်ပေါင်မှာ ကျည်ထိသွားတယ် ” ဟု ၎င်းကဆိုသည်။
ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သူမှာ ငါးစားကြူးကျေးရွာနေ ဂေါ်နီယာဖြစ်ပြီး အပစ်ခံရသူနှင့် ယခင်က လူမှုရေး ကိစ္စများကြောင့် ရန်ဖြစ်ဖူးသူ ဖြစ်ကြောင်း အစ်ကိုဖြစ်သူ မာမတ်အီဒီယာစ် က ဆက်ပြောသည်။
“ သေနတ်ပစ်သွားတဲ့သူနဲ့ ကျနော်ညီနဲ့က အရင်က စကားအချေအတင်များ ဖူးတာရှိတယ်။ ရန်တစ်ခါ ဖြစ်ဖူးတယ်။ (ပစ်သွား) သူကိုတော့ ဖမ်းမမိသေးဘူး။ ကျနော့် ညီက အခု မောင်တောဆေးရုံးမှာ (Operation) လုပ် နေတယ်။ ဒဏ်ရာကတော့ နည်းနည်းပြင်းတယ် ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသူ ဂေါ်နီယာအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း သိရသည်။