- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
ကွန်ထရိုးလိန်းအော်ဖီဆာ
စာရေးဆရာ သားလှ (ရသေ့တောင်) ၏ ကွန်ထရိုးလိန်းအော်ဖီဆာ စာအုပ်သည် Development Journal/ ROMA TIME Journal/ ပညာတန်ဆောင်း မဂ္ဂဇင်းတို့တွင် ရေးခဲ့သော ပညာရေးဆောင်းပါးများနှင့် အသစ်ရေးထားသော ပညာရေးဆိုင်ရာ ဆောင်းပါးများအား စုစည်းထုတ်ဝေခြင်းဖြစ်သည်။
ပညာရေးဆောင်းပါးများ၊ ဟာသာဝတ္ထုတိုများ စာအုပ်နှစ်အုပ်ကို ထုတ်ဝေထားသော စာရေးဆရာ သားလှသည် လက်ရှိတွင်လည်း ရသေ့တောင်မြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး (ပညာ/စီမံကိန်းစစ်ဆေးအကဲဖြတ်) တစ်ဦးဖြစ်ရာ သူ၏ဆောင်းပါးများမှာ သဘောတရားနှင့် လက်တွေ့ကို အခြေခံထားသည်။
မိဘများက သားသမီးများကို အဘယ်ကြောင့် ကျောင်းထားကြသနည်း ဆောင်းပါးတစ်နေရာတွင်
* ကျောင်းဆိုသော စကားရပ် School ဆိုသည်မှာ ခေါမ စကားကနေဖြစ်ပေါ်လာခြင်းပါ။ School ဆိုသည်မှာ Leisure အားလပ်ချိန်ကို အသုံးချခြင်း။ ကျွနု်ပ်တို့ လူသားများ အားလပ်ချိန်မှာ ပညာရှာမယ။ တစ်နည်းပညာရှာဖို့ အားလပ်ချိန်လိုအပ်ခြင်းပင်။ ယခုအခါ ကျွနု်ပ်တို့မှာ အားလပ်ချိန် မရှိအောင် တရစပ် ကျူရှင်တွေတစ်ခုပြီးတစ်ခုတက်။ စာ တစ်စာစာ သင်ယူနေကြသည်မှာ ဝိုင်းပြီးကျူရှင် ကျူရှင်ပြီးဝိုင်း။ ရှယ်တစ်မျိုး။ ရိုးရိုးတစ်မျိုး။ ထူးရှယ်တစ်မျိုး။ အဆင့်မြင့်တစ်ဖုံ။ ဤရောဂါသည် ကူးစက်မြန်ရောဂါ ဆိုးကြီးကဲ့သို့ အခြေခံပညာအဆင့်သာမက အဆင့်မြင့်ပညာဟုခေါ်သော တက္ကသိုလ်များသို့တိုင် ကူးစက်ခဲ့ချေပြီ။ နတ်ပြည်ခြောက်ထပ်မှာပင် ကျူရှင်ရှိမလား မပြောတတ်။ ဟု ယခုခေတ်ကို ဖော်ညွှန်းထားသည်။
စာ ဟူသည်မှာ ပညာရရုံသက်သက်အတွက် အသုံးချခံ ကိရိယာတစ်မျိုးမျှသာပါ။ စာထဲက အသိထဲသို့ ရောက်ဖို့ အရေးကြီးပါသည်။ ဘဝအသိများဖြစ်သော လူ့တန်ဖိုးအစစ်များမှာ ပြည်သူ့နီတိ (Civics)/ လူ့ ကိုယ်ကျင့်တရား ( Ethics)/ ယဉ်ကျေးပျူငှာ လောကဝတ် (Etiquettes)/ များကို ဘဝအတွက် ကျောင်းပေးကြသော ကျောင်းများကသာ ဖြည့်ဆည်း ပေးနိုင်ပါသည်။ ပညာရေးဟူသည်မှာ သမ္မတဖြစ်ရေး။ တရားသူကြီးဖြစ်ရေး။
ဆရာဝန်ဖြစ်ရေး --- ဖြစ်ရေး သက်သက်မဟုတ်ရကား ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်ရေးကို ကျောင်းများက တာဝန်ယူရပါလိမ့်မည်။ ဟု ပညာရေးနှင့်ပတ်သက်သော တပည့်ဆရာမိဘ အစရှိသော ကဏ္ဍစုံကို ရှုမြင်သုံးသပ်ကာ ရေးသားထားရာ ပညာရေးစနစ်ကို လေ့လာချင်သူများဖြစ်စေ။ ဗဟုသုတလိုလားသူများအတွက်ဖြစ်စေ လက်ကိုင်ထားသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။
ဆောင်းပါးစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပြီး ကောင်းစံပုံနှိပ်တိုက်တွင် ပုံနှိပ်ထားသည်။ ဝေဘူလစာပေမှ ပထမအကြိမ် ထုတ်ဝေထားပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့်ဖြန့်ချိသည်။
ထုတ်နုတ်ရေးသားသူ - ကျော်လင်း (ရောင်စုံ)
13 May 2017