မျိုးဆက်သစ်တိုးတက်ရစ်ဖို့

ညိုထွန်း 05 Jan 2019

ဤစာအုပ်တွင် ရှေ့ကနှင့်မတူသော အကြောင်းအရာများ၊ အတွေ့အကြုံများကို လူငယ်များအတွက် သာမက လူကြီးမိဘများအတွက်ပါ ဆင်ခြင်သုံးသပ်တတ်စေရန် ရှင်းလင်းပြေပြစ်သော အရေးအသားများဖြင့် ရေးသားထားသည်။

ဆရာကြီး လယ်တွင်းသား စောချစ် ၏ “ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ”

ညိုထွန်း 11 Dec 2018

ဆရာကြီး၏ ကျောင်းဆရာဘဝ တကယ့်ကိုယ်တွေ့ဖြစ်စဉ်တွေကို ဝတ္ထုသဖွယ် ရေးသားထားခြင်းဖြစ်ပြီး ၁၉၇၈ ခုနှစ် စာပေဗိမာန်ပထမဆု၊ ၁၉၈၀ ပြည့်နှစ် အမျိုးသားစာပေဆု၊ အရှေ့တောင်အာရှစာပေဆု (၂၀၁၅) များကို ရရှိခဲ့သည်။ “ The Gardener Among the Flowers ” အင်္ဂလိပ်ဘာသာ ပြန်ဆိုသောအခါလည်း အာဆီယံ ၁၀ နိုင်ငံ စာပေဆုရရှိခဲ့သည်အထိ လူကြိုက်များအောင်မြင်ခဲ့သည့် ဝတ္ထုဖြစ်သည်။

မြန်မာပြည်က မိဘပြည်သူများ

ကြယ်စင်မင်းခန့် 12 Jul 2017

သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ ယခုအချိန်တွင် သတင်းစာပညာရပ်အား သင်တန်းပေးနေသော သတင်းစာဆရာမဘဝများကို အဆင့်ဆင့်ဖြတ်သန်းလာခဲ့သော မြတ်စုမွန်၏ သတင်းဆောင်းပါးများ စုည်းမှုဖြစ်သည်။ စာရေးသူကိုယ်တိုင်ကလည်း သတင်းထောက်တစ်ယောက်ဘဝ ဖြတ်သန်းမှု ကိုးနှစ်တာကာလအတွင်း အခြေခံလူတန်းစားများ၏ လူမှုဘဝအကြောင်း ဆောင်းပါးများကို အများဆုံးရေးသားခဲ့သည်။

သေခြင်း ဖီလိုဆိုဖိ

ကြယ်စင်မင်းခန့် 29 May 2017

ရခိုင့်လူမှုဘဝ/ နိုင်ငံရေး အခြေအနေများကို ရေးဖွဲ့ထားသည့်စာအုပ်ဖြစ်သည်။ အုန်တော/ ထွန်းကြယ်သိုက်/ ခိုင်မင်းစံတို့၏ ပေါင်းစည်းထားသည့် စာပေလက် ရာဖြစ်သည်။ သေခြင်းဖီလိုဆိုဖီမှာ ထွန်းကြယ်သိုက်၏ ဆောင်းပါးခေါင်းစဉ်တစ်ခု ဖြစ်သည်။ ရခိုင့်နွေဦးဟုခေါ်ဆိုနိုင် လောက်သော နိုင်ငံရေးပွင့်လင်းလာစတွင် ရခိုင်တိုးတက်ရေးဂျာနယ်တွင် ရေးခဲ့သော ဆောင်းပါးများဖြစ်သည်။

ရှင်သန်ရစ်သည့် ကျူငုတ်တစ်ပင်

ကြယ်စင်မင်းခန့် 23 May 2017

ကမ္ဘောဒီးယားမှ ပိုပေါ့အစိုးရလက်ထက်တွင် အယူဝါဒမတူသည့်သူများ/ သံသယရှိသူများကို ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခဲ့သည့် ကမ္ဘာကျော်ခမာနီတို့၏ လူသတ်ပွဲထဲမှ ကျန်ရစ်သည့် လူများထဲမှ ချမ်းမေဆိုသောသူ၏ ကိုယ်တွေ့ ဇာတ်လမ်းစာအုပ်ဖြစ်သည်။

ကမ်းခြေပုံပြင်

မေလှိူင်းဖြူ 20 May 2017

စာရေးဆရာမ မေလှိုင်းဖြူ၏ ဝတ္ထုတို ပေါင်းချုပ်စာအုပ်ဖြစ်သည်။ ပြည်မဖက်မှာ နာမည်ကြီးမဂ္ဂဇင်းများဖြစ်သော ရွှေအမြုတေ/ရုပ် ရှင်တေးကဗျာမဂ္ဂဇင်းတို့တွင် ဖော်ပြ ခဲ့ သောဝတ္ထုတိုများလည်းပါဝင်သည်။ စာရေးသူ၏အမှာစာမှာပါသည့်အတိုင်း ဝတ္ထုတိုအများစုက ငပီလီဒေသ နောက်ခံများဖြစ်ရာ ပင်လယ်/လှိုင်း/အုန်းပင် /စသည့် ဒေသ၏မြင် ကွင်းများက ဝတ္ထုအများစုတွင် တွေ့ရသည်။

စာရေးဆရာမ မေလှိုင်းဖြူသည် သရုပ်ဖော်အ ရေးအသားနှင့်ရသတို့ကို အနုပညာဖြင့်ပုံဖော် နိုင် စွမ်းရှိသော ကလောင်တစ်ချောင်းဖြစ်သည်။သူမ၏ အဖွဲ့များတွင် သတိပြုစရာ/သင် ခန်းစာယူစရာ/တွေးတောစဉ်းစားစရာတို့ဖြင့် ပြည့်နှက် နေ သည်။ စာအုပ်ထဲတွင် အမှာစာရေးပေးသော စာရေးဆရာ လှမြင့်အောင် (တောင် ကုတ်)မှလည်းယခုလို ရေးထားသည်။

*ဆရာမ မေလှိုင်းဖြူ၏ ဝတ္ထုများအပေါ် ပရိတ်သတ်က ပေါ့ပေါ့ဆဆ မဖတ်မိအောင် လက်တို့ရခြင်းသာ ဖြစ်ပါသည်။ ဆရာမနှင့်အတူ သူကျင်လည်ရာဒေသက လူ့သဘာဝများ ဆီ စီးမျောလိုက်ပါရင်း ခံစားမှု တစ်စုံတစ် ရာ ပွင့်လင်းမြင် သာလျှက် စာဖတ်သူလည်း ပါဝင် ပြောဆိုလိုသည်အထိစေ့ဆော်မှု ဖြစ်ပေါ်လာတန် ကောင်း၏။ ယင်းသည်ပင်လျှင် ဝတ္ထုရေးဆရာ၏ စေတနာကိုသိမြင်ရာရောက်ပြီ* ဟု အမှာစာရေးပေထားသည်ကို တွေ့ရသည်။

မိုးခါးရေးဝတ္တုတိုထဲတွင် ခေတ်ပြိုင် ခံစားမှုကို တွေ့နိုင်သည်။ ခေတ်ကာလစီးမျောမှုနဲ့အတူ မြေယာဝယ်သူများလာခြင်း/မမြင်ဖူးသော ငွေကြေးများကို မြင် ဖူးလာသည့်အခါ လူတိုင်း လိုလိုမိမိတို့၏ ဘိုးစဉ်ဘောင် ဆက်မြေယာများကို ရောင်းချလာကြခြင်း /ယင်းအ ခြေ နေများတွင် မိသားစုထဲတွင်သ ဘောထားကွဲလွဲမှု ရှိလာကြခြင်းများကို ကြုံလာကြ ရသည်။

*မြေဆိုတာ ရွှေမဟုတ်ဘူး ကိုငလုံး။ရွှေဝယ်ပြီး ပြန်ရောင်းရင် ရှုံးတာမှန်ပေမယ့် ကြိုက်တဲ့အချိန် ပြန်ရောင်းလို့ရတယ်။ မြေဆိုတာက ဝယ်သူရှိတုန်း ရောင်းရတာ။ ဝယ်သူမရှိရင် ရှင့်ပစ္စည်း သိန်းတစ်ရာနဲ့ရောင်းလည်းမထွက်ဘူး။ ပြီးတော့ သိန်း ၅၀၀ ဆိုတဲ့ငွေကို ကျုပ်တို့တစ်သက် ကိုင် ဖူးလို့လား။* စသည့် အခင်းအကျင်းများသည် ခေတ်ပြိုင် ခံစားမှုများ ဖြစ်သည်။ ယင်းဝတ္ထုတိုကို ရေးရာတွင် စာရေးဆရာမ မေလှိုင်းဖြူ၏ ဇာတိမြေကို ကာကွယ်လိုသော စေတနာတရားကို တွေ့နိုင် ပါသည်။မြေယာကို မကြုံဖူးသည့်ဈေးနဲ့ရောင်းချပြီး အနာဂတ်အတွက် မစဉ်းစားမိသူများကို သူမြင် မိသမျှကို အနုပညာနဲ့တန်ဆာဆင်ထားသည်။

ယင်းဝတ္ထုတိုနဲ့အတူ အိပ်မက်ဘယ်ဆီ ငပလီ/ချစ်ခြင်း၏ရသ/ရွှေမေတ္တာနေရာချင်းတော့မတူ/လျော်ကြေး/ခရုပုံပြင်/မိုးခါးရေ/ပိတောက်လမ်း/အကယ်ဒမီနဲ့တစ်ပွဲတစ်လမ်း/လွပ်လပ်စွာပြောခွင့်ပေး/အချစ်ဆိုတာ မတည်မြဲသော အရာ/ချစ်သူတို့ ၏မောင်း ထောင်းပွဲ/ရင် ထဲက အတ္တဆူး/"စာ"နဲ့"စွာ" စသည့် ဝတ္တုတို ၁၄ ပုဒ်ပါဝင်သည်။

လင်းလွန်းခင် စာပေမှ ၂၀၁၆ ဖေ ဖော်ဝါရီလတွင် ထုတ်ဝေပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။

တြိဂံများ

နာနို 19 May 2017

ရခိုင် မော်ဒန်ကဗျာဆရာ နာနို(Aryan) သုံးအုပ်မြောက် လုံးချင်းကဗျာစာအုပ်ဖြစ်သည်။

တစ်အုပ်လုံးမှာ ရခိုင်စကားသံများဖြင့် ရေးသားထားခြင်းဖြစ်သည်။

ခေတ်ပေါ်။ ခေတ်ပြိုင်။ မောဒန်။ ပို့စ်မော်ဒန် စသော ကဗျာအမျိုးအစား ၂၉ ပုဒ်ဖြင့် ဖန်တီးထားသော စာအုပ်သည် မော်ဒန်ကဗျာကို လေ့လာလိုသူတိုင်း နှစ်သက်သူတိုင်း ဖတ်ချင်စရာ ကောင်းသောစာအုပ်တစ်အုပ်ပါ။ ယင်းကဗျာများထဲမှ စကားလုံးသုံးစွဲပုံ။ ဖန်တီးပုံတို့မှာ နာနို (Aryan) မှော်ဝင်သော လက်ရာများဖြစ်သည်။

*ကမ္ဘာပေါ်မှာ

ကိုယ့်အစာအိမ်ထဲကကိုယ်

ရုန်းမထွက်နိုင်ရေလူတိ

ဇာလောက်ဟိလေးလို့

ပျင်းဖို့ကောင်းရေ။

လမ်းနန့်လူနန့်

ဖြောင့်မတ်ခြင်းတရားကို ရှာဖွီဖို့

တူညီသော အနားတိလေ့

ဆန့်ကျင့်ဖက် ဖြစ်ခစွာ

ပျင်းဖို့ကောင်းရေ။

သမိုင်းရာဇဝင် ဆိုစွာ

နက်ဖန်ခါတိုင်းအတွက်

လူငယ်တိလျှောက်ဖို့လမ်းတလမ်းဗျာလ်လို့

တွေးယင်း ငေးယင်း

ပျင်းဖို့ကောင်းရေ။

 

ဂုဏ်" တလုံးဟိမှ

ခေါင်းတလုံးဖော်နိုင်ရေ လောက

အတွေးမွဲတေမှု ပြသနာနန့်

ခံယူချက်တိ လူလားမမြောက်ကတ်စွာလေ့

ပျင်းဖို့ကောင်းရေ။

 

သံစဉ်မပီရေဂီတာတလက်နန့်

ရစ်သမ်ကျင့်ယင်း

နှင်းဆီတပွင့်၏သက်ပြင်းစွာ

နောက်ကျလားရေမိုးထဖက်တစ်ခုဖြစ်ခလို့

ပျင်းဖို့ကောင်းရေ။

 

လမ်းက ကျောက်ခဲကို ကောက်ကေ

နောက်ဘဝလမ်းမှာကျောက်ဖြစ်တတ်တေလို့

အသိ(၁၈)နှစ် မပြည့်သိရေ

လူကြီးတိ ဒသနကို ကြားနီရစွာကိုက

ပျင်းဖို့ကောင်းရေ။

 

ပျင်းဖို့ကောင်းရေ ကဗျာမှ

စာမျက်နှာ ၄၄ ၄၅

 

ငါရို့မသင် ရေ သင်ခန်းစာတိစွာ

ငါရို့ ကံကြမ္မာဖြစ်လာယင့်

အတ္တအိမ်ဝင်္ကပါထဲက

အယစ်လွန် သွီးတိကို ဆွဲထုတ်ဖို့

အကောင်းဆုံးကို ပျင်ဆင်ဖို့အတွက်

ဒဏ် ရာတိကိုဖွင့်ကြည့်နီစရာမလို

သီဆုံးခြင်းစွာရှင်သန်ခြင်း ဖြစ်တေပိုင်

ရင်ဆိုင်ခြင်းဆိုစွာလေ့

တိုက်ခိုက်ခြင်းဖြစ်တေ

ကြွီလာယ်ကြွီ ကြွီချင်သလောက်ကြွီ

ကြယ်ကြွီလကြွီ တောကြွီ တောင်ကြွီ

ပင်လယ်လေ့ ကြွီ ရိုးမလေ့ကြွီ

ကြွီရဲလို့ကြွီရေ

သွီးစက်စက်နီ အောင်လံကို

အမြင့်ဆုံးမှာ ရွှတ်တင်ထားမေ။

 

ဘီလူးမတိုင်းပြည်ကို စစ်တိုက်ထွက်ခြင်း ကဗျာမှ

စာမျက် နှာ ၂၁

 

"ရခိုင်ပြည်က ကြိုဆိုပါရေ"

လမ်းအပျက် အိမ်အပျက်နန့်

ခေတ်အပျက် စနစ်အပျက်နန့်

နိုင် ငံလေ့အပျက် ရာသီလည်းအပျက်

မျှော်လင့်ချက် မဟိရေ ကောင်းကင် မာ

ကိုယ်ထူကိုယ်ထ ကြယ်တိနန့်

လင်းနီရဗျာလ်။

-------- 

ဓားသွားထက်က ရက္ခိတ စိတ်တိ

နှင်းစက်မျှော် ရေ သဇင် ချိုတိ

ဆားလူးခံရ ရေ တီတ ကောင် ပိုင်

တွန့်လိမ်နီကတ်တေစိတ်မီးစတိ

အမှန်နန့်အမှားမာ

ခြားနားရေအရသာတိအပြည့်နန့်။

 

နာကြင် မှုအသီးအပွင့်ကလွဲကေ

အချိန်တခုကို ပြုဖို့စောင့်ယင်းမျှော်ယင်း

လာလမ်းအတိုင်းပြန်လားကတ်တေလူတိ

ကိုယ့်ကိုကိုယ် ပြန်မျှားခ ရေ မြစ်တိ လူတိ

ထိုးစိုက်နီရေဓားတ ချောင်းမာ

ဆတ်ဆတ်တုန်နီရေဘဝတိ ကာလတိ

အမှားမခံနိုင် ရေ မာနတချို့ကို

စွန့်လွှတ်တည်ဆောက် လိုက် ရဗျာလ်။

 

ရက္ခပူရ ကြေးမုံ ကဗျာမှ

စာမျက်နှာ ၅၄ ၅၆ ၅၇

 

ယင်းကဲ့သို့ လှပထိမိစူးရှသော အဖွဲ့အနွှဲ့များဖြင့်ရေးထားသော ကဗျာစာအုပ်တွင် တခြားသော ကဗျာများမှာလည်း ကောက်နုတ်ပြစရာကောင်းလောက်အောင် ကောင်းမွန်ကြကြောင်း အထူးပြောစရာမလိုပေ။ နာနို(Aryan)သည် ရှေ့တွင် လည်း သွီးတစ်စက်၏ ရွက်ဝါလူးဗေဒ။ ပန်းသဘင် ကိုလာသော နက္ခတ်စသော ရခိုင်ကဗျာလုံးချင်းနှစ်အုပ်ကို ထုတ်ဝေထားပြီး ကဗျာချစ်သူ။ ကဗျာကို မြတ်နိုးသူတို့ကြားတွင် အောင်မြင်နေသော ကဗျာဆရာ တစ်ဦးလည်းဖြစ်သည်။

ယခုစာအုပ်တွင် လက်ချောင်းများ။ ဝမ်း၏ ထောင့်မှန်များ။ နယ်ရုပ်။ အချေတယောက်နန့်ပင် လယ်တစင်း။ အဘောင်သျှင်ပြောရေ ဝတ္ထု။ ဘီလူးမ တိုင်းပြည်ကို စစ်တိုက်ထွက်ခြင်း။ မျှား။ သမိုင်းယှုံးရေရွာ။ မျဉ်းမဟိရေ ဆလား။ လူ။ ဖြစ်တည်မှု။ တောအုပ်။ အချိန်။ ခေါင်းအုံးမှားရေ ည။ ပြတင်းပေါက်ထဲကအရောင်။ ဖြတ်ပိုင်းပုံ။ အဇ္ဈတ္တသို့ လားရေလမ်း။ FOR SALE။ ပျင်းဖို့ကောင်းရေ အသံ။ZOOM ငါ့လက်သူကြွယ်မာပေါက်တေ ငါးမျက်စိ။ ရက္ခပူရကြေးမုံ။

အရူးမ။ ရွာ။ အရိုင်းသက္ကရာဇ်။ ဝှက်ဖဲချပ်တိ ဖတ်စာ။ 2015 .NOVEMBER. 08။ လမ်း။ ပြန်စရာ အိမ်မဟိရေ ညတိအကြောင်း။ အစရှိသော ကဗျာများပါဝင်သည်။

လက်ချောင်း ကဗျာထဲက နှုတ်ဆက် စာသားထဲတွင် *လူဆိုစွာ ကိုယ့်မာဟိစွာ ကိုယ်သိဖို့လိုရေပိုင် ကိုယ့်မှာမဟိစွာလေ့ ကိုယ်သိဖို့လိုပါရေမနှား။ ငါ့မာဟိစွာ တခုတည်းဗျာလ်။ ကဗျာ။ ကဗျာကလွဲလို့ အားလုံးနန့်လွဲခရေကောင်ပါ။ ကဗျာဆိုစွာ ပွင့်စီကြွီစီရေ စိတ်အပေါင်းရို့ကကြိုးမျှင် လေ့ဖြစ်တေ။ အနည်းဆုံးတော့ လူတယောက်စွာ လူသားဖြစ်စဉ်ကို ထိတွိမိခဖို့ ကိုယ့်နှလုံးခုန်သံကိုယ် ဆားမြည်းကြည့်ဖို့တောလိုပါရေ။ * ဟု ဖော်ပြထားသည်။

ယင်း ရခိုငလုံးချင်းစာအုပ်အား ရခိုင်သားကြီးစာပေမှ ၂၀၁၆ စက်တင် ဘာလတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး တန်ဖိုး ၁၅၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။

အိုင်ရင်းနှင့်အိဗ် ကျူရီ

DMG 14 May 2017

 

စာရေးဆရာ မောင်ခိုင်အောင် (စစ်တွေ) ဘာသာပြန် လက်ရာဖြစ်သည်။ ဘာသာပြန်ဆရာက ဤစာအုပ်နှင့် ပတ်သက်၍ အမှာစာတစ်နေရာတွင် ယခုလိုဖော်ပြထားသည်။

*မဒမ်ကျူရီဟု လူသိများသော ပိုလန်သူ မာယာစကလို ဒေါ့စကာ ဖြစ်ပါသည်။

သူ့သမီး အိုင်ရင်းနှင့် ခင်ပွန်းသည် ဂျူလီယော့တို့သည်လည်း နိုဘယ်ဆုရ သိပ္ပံပညာရှင် များဖြစ်ကြသည်။ ဂျူလီယော့သည် ဒုတိယ ကမ္ဘာစစ်ကာလတွင် ပါရီ၏မြေအောက်တော်လှန်ရေး ခေါင်းဆောင်။ စစ်အပြီးတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ခေါင်းဆောင်ဖြစ်သည်။ မိခင်၏ အတ္ထုပတ္တိကိုရေးဖွဲ့သူ အိဗ်ကျူရီသည် ငယ်စဉ်ကတည်းက ပါရမီရှင် စန္ဒယားဆရာမဖြစ်သည်။ စစ်ကာလတွင် ရှေ့တန်းစစ်မျက်နှာများ။ အာရှ။ ဥရောပအနှံ့ရောက်ရှိခဲ့သော စစ်သတင်းထောက်။ စာပေ စစ်သည်တော်ဖြစ်သည်။ စစ်ကြီးပြီးသောအခါ ယူနီဆက် ပရဟိတ သံတမန် ဖြစ်လာသည်။ သူမ၏ ခင်ပွန်းသည် ယူနီဆက်ကိုယ်စား ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရယူခဲ့သည်။ 

* ကျွန်မတို့ မိသားစုမှာ နိုဘယ်ဆုတွေ အများကြီးပဲ။ မေမေကနှစ်ခု။ ဖေဖေကတစ်ခု။ အစ်မတို့လင် မယားက တစ်ခုစီ။ ကျွန်မ ယောင်္ကျားကလည်း တခုယူလိုက်ရသေးတယ်။

ကျွန်မက ဘာမှမရဘူး။ မအောင်မြင်ပါဘူး။ မိသားစုထဲမှာ ကျွန်မကရှက်စရာပဲ* ဟု အိဗ်ကျူရီက ရယ်ရယ်မောမောနှင့် နောက်ပြောင်ပြောဖူးသည်။ သမိုင်းတန်ဖိုးကြီးသော အနုပညာဆန်လှသော ဘဝများပါတကားဟု ဘာသာပြန်သူမှ မှတ်ချက်ပြုထားသည်။

မိသားစုဘဝဆိုသော အပိုဒ်တွင်

*အမှန်စင်စစ် သူတို့သည် ကျော်ကြားမှုကိုမကြိုက်။ မခံစားတတ်။ ဂုဏ်ပကာသနကို မမက်မော။ သူတို့ဘဝကို သိပ္ပံပညာတွင် မြုပ်နှံထားသည်။ အချိန်နာရီများကို အလုပ်၌သုံးစွဲသည်။ သူတို့တန်ဖိုးထားသည်မှာ စိတ်၏ငြိမ်းချမ်းမှု။ လွတ်လပ်စွာ စဉ်းစားတွေးခေါ် မြော်မြင်မှုသာ ဖြစ်သည်။ သူတို့က အလုပ်ကိုတန်ဖိုးထားသည်။ ဟု ဖော်ပြထားရာ ယခုစာအုပ်သည်

ကမ္ဘာကျော်သိပ္ပံပညာရှင်။ နိုဘယ်ဆုရ မိသားစုတစ်စု ဖြတ်ကျော်လာခဲ့သော ခေတ်ကိုသော်လည်းကောင်း။ ၎င်းတို့၏ပညာရပ်အပေါ် တန်ဖိုးထားပုံနှင့် လောကဓံကို ရဲဝံ့စွာရင်ဆိုင်ကြသည်ကိုလည်းကောင်း။ အရေးကြုံလာလျှင် တိုင်းပြည်နှင့် လူမျိုးအပေါ် သက်စွန့်ဆန်ဖျားကူညီကြပုံကိုလည်းကောင်း စိတ်လှုပ်ရှားဖွယ်။ အတုယူလေးစားစရာ

ကောင်းဖွယ်တို့ကို ဖတ်ရှုကြရမည်ဖြစ်သည်။

မုံရွေးစာအုပ်တိုက်မှ ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည်။ တန်ဖိုးမှာ ၂၇၀၀ ကျပ်ဖြင့် ဖြန့်ချီသည်။

အနောက်ဖက်တံခါး မြေလုစစ်ပွဲ

ကျော်လင်း (ရောင်စုံ) 13 May 2017

စာရေးဆရာ/သတင်းစာဆရာတစ်ဦးဖြစ်သူ သားရွှေဦး (ကစ္ဆပ) အနောက်ဖက်တံခါး မြေလုစစ်ပွဲသည် ၂၀၁၆ အောက်တိုဘာ ရက်နေ့မှ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် ကျီကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ်/ငါးခူရကျေးရွာရှိ နယ်ခြားစောင့် ရဲစခန်းနှင့် ရသေ့တောင်မြို့နယ်မှာရှိသော ကိုးတန်ကောက် နယ်ခြားရဲစခန်းများ အကြောင်းကို ကိုယ်တိုင်သတင်းလိုက်စုံစမ်းကာ ရေးသားထားသော စာအုပ်ဖြစ်သည်။

အနောက်ဖက်တံခါးမှ အကြမ်းဖက် ခြိမ်းခြောက်ခံရမှု။ မောင်တော အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီး ၁၇ ရက်အကြာ။ အနောက်ဖက်တံခါးမှာ ကောက်ရိုးမီးလုံခြုံရေး မဖြစ်ပါစေနဲ့။ မောင်တော အကြမ်းဖက်မှုကို မီဒီယာတွေ ဘယ်လို ချဉ်းကပ်ခဲ့သလဲ။ UN နဲ့ နိုင်ငံတကာ သံတမန်တွေက မောင်တောအကြမ်းဖက်မှုကို ဒီတစ်ခါ ဘယ်လို ရှုမြင်သုံးသပ်ကြမလဲ။ မောင်တောနယ်စပ် အကြမ်းဖက်မှု ရက်ပေါင်း ၄၀ အကြာ။ UN ဝန်ထမ်းတွေကို ဘယ်လို စိစစ်အရေးယူမလဲ။ စနစ်တကျ အကြမ်းဖက်တိုက် ခိုက်မှု။ အနောက်ဘက် တံခါးကို ဘယ်လိုပြောခဲ့ကြသလဲ။ အနောက်ဘက်တံခါး ထပ်မကျိုးပေါက်ဖို့ ဘာတွေလုပ်ရမလဲ။ စသော ဆောင်းပါး ၁၀ ပုဒ်အပြင် လွှတ်တော်ကိုယ်စားလှယ်များ။ ဥပဒေပညာရှင်။ ရခိုင်မျိုးစောင့်အဖွဲ့ဝင်နှင့် မောင်တော ဒေသခံများဖြစ်သော ရခိုင်လူမျိုးများအပါအဝင် ဘင်္ဂလီ တချို့ကိုလည်း အင်တာဗျူးများ မေးမြန်းထားသည်။

သားရွှေဦး (ကစ္ဆပ) သည် လက်ရှိတွင်လည်း Weekly Eleven မှ ရခိုင်ပြည် သတင်းထောက် တစ်ဦးဖြစ်ပြီး ယခုစာအုပ်အား ရေးသားရာတွင် ဘက်မျှသောအတွေး Impact နှစ်ဖက်အသံပါသော အချက်အလက်များကို အခြေပြုကာ ရေးသားခြင်းဖြစ်ရာ သမိုင်းဒဏ်ရာမပါပဲ ပကတိတရားများကို တွေ့မြင်ရမည့်စာအုပ်ဖြစ်သည်။ အရှေ့ဘက်ကောင်းကင် စာပေမှ ၂၀၁၇ ဇန်နဝါရီလတွင် ထုတ်ဝေပြီး တောင်မင်းကြီး ကျော်ထွီးစာပေမှ တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ဖြန့်ချီသည်။

 

ထုတ်နုတ်ရေးသားသူ - ကျော်လင်း (ရောင်စုံ)/DMG 

ကွန်ထရိုးလိန်းအော်ဖီဆာ

ကျော်လင်း (ရောင်စုံ) 13 May 2017

  

စာရေးဆရာ သားလှ (ရသေ့တောင်) ကွန်ထရိုးလိန်းအော်ဖီဆာ စာအုပ်သည် Development Journal/ ROMA TIME Journal/ ပညာတန်ဆောင်း မဂ္ဂဇင်းတို့တွင် ရေးခဲ့သော ပညာရေးဆောင်းပါးများနှင့် အသစ်ရေးထားသော ပညာရေးဆိုင်ရာ ဆောင်းပါးများအား စုစည်းထုတ်ဝေခြင်းဖြစ်သည်။

ပညာရေးဆောင်းပါးများဟာသာဝတ္ထုတိုများ စာအုပ်နှစ်အုပ်ကို ထုတ်ဝေထားသော စာရေးဆရာ သားလှသည် လက်ရှိတွင်လည်း ရသေ့တောင်မြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး (ပညာ/စီမံကိန်းစစ်ဆေးအကဲဖြတ်) တစ်ဦးဖြစ်ရာ သူ၏ဆောင်းပါးများမှာ သဘောတရားနှင့် လက်တွေ့ကို အခြေခံထားသည်။

မိဘများက သားသမီးများကို အဘယ်ကြောင့် ကျောင်းထားကြသနည်း ဆောင်းပါးတစ်နေရာတွင်

* ကျောင်းဆိုသော စကားရပ် School ဆိုသည်မှာ ခေါမ စကားကနေဖြစ်ပေါ်လာခြင်းပါ။ School ဆိုသည်မှာ Leisure အားလပ်ချိန်ကို အသုံးချခြင်း။ ကျွနု်ပ်တို့ လူသားများ အားလပ်ချိန်မှာ ပညာရှာမယ။ တစ်နည်းပညာရှာဖို့ အားလပ်ချိန်လိုအပ်ခြင်းပင်။ ယခုအခါ ကျွနု်ပ်တို့မှာ အားလပ်ချိန် မရှိအောင် တရစပ် ကျူရှင်တွေတစ်ခုပြီးတစ်ခုတက်။ စာ တစ်စာစာ သင်ယူနေကြသည်မှာ ဝိုင်းပြီးကျူရှင် ကျူရှင်ပြီးဝိုင်း။ ရှယ်တစ်မျိုး။ ရိုးရိုးတစ်မျိုး။ ထူးရှယ်တစ်မျိုး။ အဆင့်မြင့်တစ်ဖုံ။ ဤရောဂါသည် ကူးစက်မြန်ရောဂါ ဆိုးကြီးကဲ့သို့ အခြေခံပညာအဆင့်သာမက အဆင့်မြင့်ပညာဟုခေါ်သော တက္ကသိုလ်များသို့တိုင် ကူးစက်ခဲ့ချေပြီ။ နတ်ပြည်ခြောက်ထပ်မှာပင် ကျူရှင်ရှိမလား မပြောတတ်။ ဟု ယခုခေတ်ကို ဖော်ညွှန်းထားသည်။ 

စာ ဟူသည်မှာ ပညာရရုံသက်သက်အတွက် အသုံးချခံ ကိရိယာတစ်မျိုးမျှသာပါ။ စာထဲက အသိထဲသို့ ရောက်ဖို့ အရေးကြီးပါသည်။ ဘဝအသိများဖြစ်သော လူ့တန်ဖိုးအစစ်များမှာ ပြည်သူ့နီတိ (Civics)/ လူ့ ကိုယ်ကျင့်တရား ( Ethics)/ ယဉ်ကျေးပျူငှာ လောကဝတ် (Etiquettes)/ များကို ဘဝအတွက် ကျောင်းပေးကြသော ကျောင်းများကသာ ဖြည့်ဆည်း ပေးနိုင်ပါသည်။ ပညာရေးဟူသည်မှာ သမ္မတဖြစ်ရေး။ တရားသူကြီးဖြစ်ရေး။

ဆရာဝန်ဖြစ်ရေး --- ဖြစ်ရေး သက်သက်မဟုတ်ရကား ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်ရေးကို ကျောင်းများက တာဝန်ယူရပါလိမ့်မည်။ ဟု ပညာရေးနှင့်ပတ်သက်သော တပည့်ဆရာမိဘ အစရှိသော ကဏ္ဍစုံကို ရှုမြင်သုံးသပ်ကာ ရေးသားထားရာ ပညာရေးစနစ်ကို လေ့လာချင်သူများဖြစ်စေ။ ဗဟုသုတလိုလားသူများအတွက်ဖြစ်စေ လက်ကိုင်ထားသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

ဆောင်းပါးစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပြီး ကောင်းစံပုံနှိပ်တိုက်တွင် ပုံနှိပ်ထားသည်။ ဝေဘူလစာပေမှ ပထမအကြိမ် ထုတ်ဝေထားပြီး တန်ဖိုး ၂၀၀၀ ကျပ်ဖြင့်ဖြန့်ချိသည်။

 

ထုတ်နုတ်ရေးသားသူ - ကျော်လင်း (ရောင်စုံ) 

Showing 1-10 of 10 items.