- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ
- စစ်ကောင်စီ ပိတ်ဆို့ထား၍ ကျောက်ဖြူတွင် ခရီးသည် ၃၀၀ ခန့် သောင်တင်နေ
- ရခိုင်ရေပြင်တွင် ငါးဝင်ဖမ်းသည့် ငါးဖမ်းသမား ၁၂၂ ဦးအထိ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဖမ်းဆီး
မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
၂၀၂၅ ခုနှစ် မေလအတွင်း မွတ်ဆလင်ဒုက္ခသည်များ စီးနင်းလိုက်ပါလာသည့် မော်တော်ဘုတ် နှစ်စင်း နစ်မြုပ်ခဲ့ပြီး သေဆုံးသူ ၄၂၇ ဦးအထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
24 May 2025

၂၀၂၅ ခုနှစ် မေလအတွင်း မွတ်ဆလင်ဒုက္ခသည်များ စီးနင်းလိုက်ပါလာသည့် မော်တော်ဘုတ် နှစ်စင်း နစ်မြုပ်ခဲ့ပြီး သေဆုံးသူ ၄၂၇ ဦးအထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါ ဘုတ်နှစ်စင်းသည် မေလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့က နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ လိုက်ပါသွားသူ စုစုပေါင်း ၅၁၄ ဦးခန့် ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ရှိ ဒုက္ခသည်စခန်းများမှ ထွက်ပြေးသွားကြသူများ ဖြစ်ကြောင်း UNHCR က ပြောကြားသည်။
နစ်မြုပ်မှုမှ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူ ၈၇ ယောက်သာ ရှိခဲ့သဖြင့် ယခုနှစ်အတွင်း ပင်လယ်တွင်း၌ မွတ်ဆလင်ဒုက္ခသည် လှေနစ်မြုပ်မှုများအနက် သေဆုံးမှုအများဆုံး ဖြစ်ရပ်ဟုလည်း UNHCR ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
"ထောက်ပံ့ငွေ ဖြတ်တောက်မှုများကြောင့် ပိုဆိုးသွားသည့် စာနာမှုအကျပ်အတည်းကြီးသည် ဒုက္ခသည်များအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေပြီး ဒုက္ခသည်များ အနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုများအတွက် လုံခြုံရေး၊ အကာအကွယ်၊ ဂုဏ်သိက္ခာရှိသော လူမှုဘဝ ရရှိနိုင်ရန် အန္တရာယ်ကြီးသော ခရီးစဉ်ကို ဖြတ်သန်းမှု ပိုများလာကြသည်" ဟု UNHCR ၏ အာရှနှင့် ပစိဖိတ်ဒေသ ဌာနခွဲ ညွှန်ကြားရေးမှူး ဟိုင်ကျုံဂျန် (Hai Kyung Jun) က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရှိ ဒုက္ခသည်များ၏ လူမှုဘဝ တည်ငြိမ်ရေးအတွက် ဘဏ္ဍာရေး အကူအညီများ လိုအပ်နေကြောင်းလည်း UNHCR က တိုက်တွန်းသည်။ ၂၀၂၅ ခုနှစ်တွင် ဒုက္ခသည်ကူညီရေးအတွက် ရန်ပုံငွေ ၃၈၃.၁ သန်းလိုအပ်ပြီး လက်ရှိတွင် စုစုပေါင်း ပမာဏ၏ ၃၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။