- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
ရှင်သန်ရစ်သည့် ကျူငုတ်တစ်ပင်
ကမ္ဘောဒီးယားမှ ပိုပေါ့အစိုးရလက်ထက်တွင် အယူဝါဒမတူသည့်သူများ/ သံသယရှိသူများကို ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခဲ့သည့် ကမ္ဘာကျော်ခမာနီတို့၏ လူသတ်ပွဲထဲမှ ကျန်ရစ်သည့် လူများထဲမှ ချမ်းမေဆိုသောသူ၏ ကိုယ်တွေ့ ဇာတ်လမ်းစာအုပ်ဖြစ်သည်။
23 May 2017
ကမ္ဘောဒီးယားမှ ပိုပေါ့အစိုးရလက်ထက်တွင် အယူဝါဒမတူသည့်သူများ/ သံသယရှိသူများကို ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခဲ့သည့် ကမ္ဘာကျော်ခမာနီတို့၏ လူသတ်ပွဲထဲမှ ကျန်ရစ်သည့် လူများထဲမှ ချမ်းမေဆိုသောသူ၏ ကိုယ်တွေ့ ဇာတ်လမ်းစာအုပ်ဖြစ်သည်။
လက်ရှိအချိန်တွင် ချမ်းမေသည် ဖနွမ်းပင်မြို့တွင်ရှိသော တူးဆလန်းပြတိုက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ကြသော သတင်းထောက်များ/ သုတေသီများ/ ကျမ်းပြု ပုဂ္ဂိုလ်များ/ စာရေးဆရာများ/ လေ့လာသူများအား သူဖြတ်သန်းခဲ့ရသော ငရဲခန်းကာလများကို ဖြေဆိုလျှက်ရှိသည်။ ယခုစာအုပ်သည် ချမ်းမေ၏ ဖြေကြားချက်များအား အစီအစဉ်တကျ ပြန်လည်တည်းဖြတ်ထားသော စာအုပ်ဖြစ်သည်။
၁၉၇၅ မှ ၁၉ ၇၉ ခုနှစ်အတွင်းက ခမာနီ (ခ) ပိုပေါ့အစိုးရ၏ ရက်စက်မှုအပေါင်းကို လူတစ်ဦး၏ ဖြစ်ရပ်ကို အခြေပြူ၍ မြင်တွေ့နိုင်သည်။
စာအုပ်၏တစ်နေရာတွင် ယခုလိုဖော်ပြထားသည်။
* S 21 ခေါ် တူးဆလန် အကျဉ်းစခန်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်ရှိသည်။ ၁၉၇၅ ခုနှစ် ဧပြီလ ၁၇ ရက်မှ ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်အထိ သက်ဆိုးရှည်ခဲ့သော ကမ်းပူးချား ကွန်မြူနစ်ပါတီအုပ်စိုးမှု ကာလအတွင်း ဖြစ်ထွန်းတည်ရှိလာခဲ့သော ဤတူးဆလန်သည်
ထိတ်လန့်ကြောက် ရွံ့မှု/ ယုံမှားသံသယလွန်ကဲမှု/ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့၏ နမူနာပုံစံတစ်ခုဖြစ်သည်။ ဤအကျဉ်းစခန်းတွင် ထိတ်လန့်ဖွယ် ကိန်းဂဏာန်းများရှိသည်။ အကျဉ်းသားပေါင်း ၁၄၀၀၀ ကွပ်မျက်ခံခဲ့ရပြီး ၇ ဦးတည်းသာ အသက်ရှင် ကျန်ရစ်နေခြင်း ဖြစ်သည်။ ၂၀ ရာ စုအတွင်း လူအသေအပျောက်အများဆုံး အကျဉ်းထောင်
တစ်ခုအဖြစ် စာရင်းဝင်ပါသည်။ * ဟု ပါရှိသည်။
အဆိုပါ တူးဆလန်ပြတိုက်သည် ယခင်က ပညာသင်ကျောင်းတစ်ခုဖြစ်ခဲ့ပြီး ပိုပေါ့အစိုးရမှ အကျဉ်းစခန်းလုပ်ကာ အယူဝါဒမတူသူများအား မိသားစုအလိုက် ချန်မထားပဲ
သတ်ဖြတ်နည်းမျိုးစုံဖြင့် ရှင်းလင်းခဲ့သည့်နေရာဖြစ်သည်။ ယင်းနေရာအပြင် တစ်ခြားလူသတ်ကုန်းများလည်း နိုင်ငံအနှံ့ ၇၀ ခန့်ရှိခဲ့သည်ဟုအဆိုရှိသည်။
ယခုစာအုပ်၏ ဇာတ်ကောင်ဖြစ်သော ချမ်းမေမှ ၄င်း၏အမှာစာတွင် * တူးဆလန် အကျဉ်းထောင်မှာ သေဆုံးသွားကြတဲ့ လူတွေရဲ့ဓာတ်ပုံတွေ ရှေ့ဖြတ်လျှောက်
သွားတဲ့အခါမှာ သြော် ဒီလူတွေဟာ သေချင်ခဲ့ကြမှာ မဟုတ်ပေဘူး။ အသက်ရှင်ချင် ခဲ့ကြမှာပဲလို့ ကျွန်တော်တွေးပါတယ်။ * ဟု ဖော်ပြထားသည်။
သူကိုယ်တိုင်လည်း သမီး ၂ ဦးကို ပြန်မတွေ့နိုင်တော့သည်မှာ ယခုအချိန်ထိ။ သေဆုံးသွားပြီဟု သူကိုယ်တိုင် မှတ်ချက်ပြုထားသည်။ လူမမယ်က လေးငယ်နဲ့သူ၏ ဇနီးသည်မှာလည်း သူရှေ့မှာပင် လရောင်အောက်တွင် ပစ်သတ်ခံခဲ့ရသည်။ သူသာလျှင် ကျဉ်ဆံမထိ၍ လွတ်မြောက်လာခြင်းဖြစ်သည်။
ယင်းကဲ့သို့ အာဏာရှင် တယူသန်တို့၏ အမှောင်ခေတ်ကို ယခုစာအုပ်တွင် သံဝေဂရဖွယ်/ သနားစဖွယ်/လူမဆန်သူ တို့၏ လုပ် ရပ်အား စက်ဆုပ် ဖွယ် စသည့် ရသတို့ကို ဖတ်ရှုရမည် ဖြစ်သည်။
ရခိုင်လူမျိုးဘာသာပြန် ဆရာတစ် ဦးဖြစ်သူ ဆရာဝေသာမှလည်း ပြေပြစ်သော ဘာသာပြန်များဖြင့် စာဖတ်ပရိတ်သတ်အား ဆွဲခေါ်သွားမယ် ဖြစ်သည်။
ယခုစာအုပ်ကို ဦးကျော်ဝေ ရွက်စိမ်းစာပေမှ ထုတ်ဝေပြီး တန်ဖိုး ၁၅၀၀ ဖြင့် ROMA TIME MEDIA က ဖြန့်ချိသည်။