- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
အမေရိကန်၏ အရေးယူဒဏ်ခတ်မှုများကို ရယ်မော၍သာနေမည်ဟု ဟောင်ကောင်ခေါင်းဆောင် ပြောကြား
ရုရှားသူဌေးကြီးပိုင် ဇိမ်ခံသင်္ဘောကို အရေးယူရန်ငြင်းဆန်မှုအတွက် အမေရိကန်က မိမိအား ဒဏ်ခတ်အရေးယူလာခြင်းအပေါ် ရယ်မော၍သာနေမည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
12 Oct 2022

ရုရှားဘီလျံနာသူဌေးကြီး အယ်လယ်ဇီမော်ဒါရှော့ ပိုင်ဆိုင်သည့် ဇိမ်ခံသင်္ဘောကြီးအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟောင်ကောင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၁၂
ရုရှားသူဌေးကြီးပိုင် ဇိမ်ခံသင်္ဘောကို အရေးယူရန်ငြင်းဆန်မှုအတွက် အမေရိကန်က မိမိအား ဒဏ်ခတ်အရေးယူလာခြင်းအပေါ် ရယ်မော၍သာနေမည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အင်္ဂါနေ့တွင် သတင်းထောက်များက အမေရိကန်၏ ဒဏ်ခတ်မှုများနှင့်ပတ်သက်၍ သူ့အပေါ် ရိုက်ခတ်မှုအခြေအနေကို မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒီလုပ်ရပ်က ရိုင်းစိုင်းတဲ့လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော် မှတ်ချက်ပေးနေမှာ မဟုတ်ပါဘူး”ဟု သူက ပြန်လည်ဖြေကြားသည်။
“ဒီ ဒဏ်ခတ်အရေးယူမှု ဆိုတာတွေကို ကျွန်တော်တို့ ရယ်ပဲရယ်နေပါ့မယ်”ဟု သူကဆိုသည်။
ရုရှားဘီလျံနာသူဌေးကြီး အယ်လယ်ဇီမော်ဒါရှော့ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် ဇိမ်ခံသင်္ဘောကြီးသည် ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်ရေပိုင်နက်သို့ ရောက်ရှိခဲ့သည်။
မော်ဒါရှော့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးစပ်သူများအနက် တစ်ဦးဖြစ်သည်။ ယူကရိန်းကို မော်စကိုကျူးကျော်ပြီးနောက် အနောက်နိုင်ငံများက ပူတင်အား ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကိုယ်တိုင်သည်လည်း ဟောင်ကောင်၏ နိုင်ငံရေးဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သူများအား အမေရိကန်က ၂၀၂၀ ခုနှစ်တွင် ဒဏ်ခတ်အရေးယူခဲ့သည့် တရုတ်အရာရှိများအနက် တစ်ဦးဖြစ်သည်။
ဇိမ်ခံသင်္ဘောကြီးအား မိမိတို့အနေဖြင့် အရေးယူရန်မရှိကြောင်း ဟောင်ကောင်က ပြောကြားခဲ့ပြီးနောက်တွင် အမေရိကန်က ဟောင်ကောင်အနေဖြင့် စီးပွားရေးဆုံချက်အဖြစ် ရပ်တည်မှုကို ထိခိုက်ခံရနိုင်ခြေ ရှိနေကြောင်း သတိပေးခဲ့သည်။
ဘဏ်နှင့် အခြားကုမ္ပဏီများသည် ဒဏ်ခတ်ပိတ်ဆို့ ခံထားရသူများနှင့် ဆက်ဆံမိပါက အမေရိကန် သြဇာကြီးသည့် ကမ္ဘာ့ဈေးကွက်နှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရပ်ဆိုင်းခံရဖွယ် ရှိနေသည်။