- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
- ပူတင်ကို 'သိပ်စိတ်ပျက်မိတယ်' ဟု ထရမ့်ပြော
- သေနတ်နှင့် လက်နက်ပစ္စည်း လက်ဝယ်ရှိသူများ ၄၅ ရက်အတွင်း အပ်နှံကြရန် AA အသိပေး
- ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်
- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ တိမ်းရှောင်သူ ၄၀၀၀ ခန့်ရှိ
ပြီးခဲ့သော လေးရက်အတွင်း ချင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ဝင်ရောက်တိမ်းရှောင်သူ အရေအတွက်သည် ၄၀၀၀ နီးပါးအထိ ရှိကြောင်း အိန္ဒိယအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Jul 2025

ပြီးခဲ့သော လေးရက်အတွင်း ချင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ဝင်ရောက်တိမ်းရှောင်သူ အရေအတွက်သည် ၄၀၀၀ နီးပါးအထိ ရှိကြောင်း အိန္ဒိယအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါဒုက္ခသည်များသည် တောထူထပ်သည့် လမ်းကြောင်းများကို ဖြတ်သန်းပြီး အိန္ဒိယသို့ ဝင်ရောက်ခိုလှုံလာကြခြင်း ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ဇူလိုင်လ ၇ ရက်နေ့က ပြောကြားသည်။
"သူတို့ထဲက အများအပြားက အိန္ဒိယမှာ ဆွေမျိုးတွေ ရှိကြတဲ့အတွက် အမျိုးတွေနဲ့ အတူနေနေကြပါတယ်" ဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးအတွင်းဝန် ဗန်လာမာဝီယာက အေအက်ဖ်ပီသို့ ပြောသည်။
မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ကေဆာဒန်ဂါကလည်း ဒုက္ခသည်များ အသစ်ရောက်ရှိလာကြသည်ကို အတည်ပြုထားသည်။ သို့သော်လည်း အရေအတွက်ကိုမူ ၃၀၀၀ ခန့်ဟု သူကရိုက်တာသို့ ဖြေကြားထားသည်။
"တိုက်ပွဲတွေကိုတော့ ကျွန်တော်တို့ လက်လှမ်းမမီပါဘူး။ ရောက်လာတဲ့သူတွေရှိတယ်။ သူတို့ကို လူသားချင်းစာနာမှု ရှုထောင့်ကနေ ကျွန်တော်တို့အနေနဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း ထောက်ပံ့ရမှာ ဖြစ်ပါတယ်" ဟု ဆာဒန်ဂါက ရိုက်တာသို့ ပြောကြားသည်။
မီဇိုရမ်သည် လတ်တလောတွင်လည်း မြန်မာဒုက္ခသည် ၃၀၀၀၀ ခန့်ကို လက်ခံထားသည်။