- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
ယခု အလုပ်ဖြုတ်ခံရသူများတွင် ပြည်တွင်းဝန်ဆောင်မှုရေးရာ ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးရာ ဝန်ထမ်း ၂၄၆ ဦး ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
12 Jul 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ 'ရုံခါ'သည့် လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် ရုံးတွင်းဝန်ထမ်း ၁,၃၅၀ ကျော်ကို ထုတ်ပယ်သည့် အစီအစဉ်အား ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလုပ်ဆောင်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဘက်က သံတမန်ရေးရာဌာနအပေါ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့် ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ဝေဖန်သူများကမူ ဤလုပ်ဆောင်ချက်သည် အမေရိကန်ပြည်ထောင်စု၏ ပြည်ပဆိုင်ရာ မိမိအကျိုးစီးပွား ကာကွယ်မြှင့်တင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မည်ဟု ပြောဆိုနေကြသည်။
ယခု အလုပ်ဖြုတ်ခံရသူများတွင် ပြည်တွင်းဝန်ဆောင်မှုရေးရာ ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးရာ ဝန်ထမ်း ၂၄၆ ဦး ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဝန်ထမ်းလျှော့ချလိုက်မှုဖြစ်စဉ်သည် ဝါရှင်တန်အနေဖြင့် ကမ္ဘာ့အရေးအခင်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် ရုရှား-ယူကရိန်းစစ်ပွဲ၊ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ဂါဇာပဋိပက္ခနှင့် အစ္စရေး-အီရန် တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသ ပြဿနာဖြစ်ပေါ်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
"ဝန်ကြီးဌာနဟာ သံတမန်ရေးရာ ဦးစားပေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်ဖို့အတွက် ပြည်တွင်းလုပ်ငန်းဆောင်တာတွေကို ပိုပြီး ရိုးရိုးရှင်းရှင်းဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းအရေအတွက် လျှော့ချမှုတွေကို အဓိကမဟုတ်တဲ့ လုပ်ငန်းတာဝန်တွေ၊ ပုံစံချင်းဆင်တူနေတဲ့ ဒါမှမဟုတ် ပိုလျှံနေတဲ့ ရုံးတွေနဲ့ ကုန်ကျစရိတ်တွေ လျှော့ချပြီး လုပ်ငန်းတွေကို ပိုပြီး ထိရောက်အောင် လုပ်ဆောင်နိုင်မယ့် ရုံးတွေကို သေသေချာချာ ရွေးချယ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းများထံ ပေးပို့သော အသိပေးစာတွင် ဖော်ပြထားသည်။
အဆိုပါ အသိပေးစာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက အမေရိကန်ပြည်ထောင်စုအခြေစိုက် ဝန်ထမ်း ၁၈,၀၀၀ အနက် မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သူများအပါအဝင် စုစုပေါင်း ဝန်ထမ်းလျှော့ချမှုသည် ၃,၀၀၀ နီးပါးအထိ ရှိလာလိမ့်မည်ဟု ဆိုသည်။
ယခုလုပ်ဆောင်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ "အမေရိကန် ဦးစားပေး" မူဝါဒ နှင့် နိုင်ငံခြားရေးမူဝါဒကို ပေါင်းစည်းညီညွတ်စေရန် ကြိုးပမ်းသည့် ပြန်လည်ဖွဲ့စည်းမှု၏ ပထမခြေလှမ်းလည်းဖြစ်သည်။
ယခင် သံတမန်ဟောင်းများနှင့် ဝေဖန်သူများကမူ နိုင်ငံခြားရေးဝန်ထမ်းများကို ထုတ်ပယ်ခြင်းသည် တရုတ်နှင့် ရုရှားတို့ကဲ့သို့သော ပြိုင်ဘက်များ၏ အင်အားကြီးမားလာမှုကို တန်ပြန်နိုင်သည့် အမေရိကန်ပြည်ထောင်စု၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည် ဟု ပြောကြားထားသည်။