- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
မြန်မာ့ပို့ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု ထရမ့်အစိုးရ အကြောင်းကြား
မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု အမေရိကန်အစိုးရက အသိပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Jul 2025

မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု အမေရိကန်အစိုးရက အသိပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အခွန်ကောက်ခံမည့် နှုန်းထားနှင့် ပတ်သက်ပြီး အသိပေးထားသည့် နိုင်ငံစုစုပေါင်း ၁၄ နိုင်ငံအထိရှိကာ အများစုမှာ အာရှနိုင်ငံများဖြစ်သည်။
မြန်မာနှင့် လာအိုနိုင်ငံအပေါ် ကောက်ခံမည့် အခွန်နှုန်းထားမှာ ၄၀ ရာခိုင်နှုန်းနှင့် အများဆုံး ဖြစ်သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှာ ၃၆ ရာခိုင်နှုန်း ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်မှာ ၃၅ ရာခိုင်နှုန်းဖြစ်သည်။
အမေရိက၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ပို့ကုန်များအပေါ် ကောက်ခံမည့်အခွန်မှာ ၂၅ ရာခိုင်နှုန်းဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အခွန်နှုန်းထား သတ်မှတ်ခံရသည့် နိုင်ငံများက အမေရိကန်အပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက ၎င်းတို့ တိုးမြှင့်လိုက်သည့် ပမာဏအား ယခုအမေရိကန်က သတ်မှတ်ထားသည့် ပမာဏတွင် ထပ်ပေါင်းပြီး ကောက်ခံသွားမည်ဟုလည်း ထရမ့်က ဂျပန်နှင့် တောင်ကိုရီးယားတို့ထံ ပေးပို့ခဲ့သည့် အကြောင်းကြားစာ၌ ထည့်ရေးထားသည်ကို တွေ့ရသည်။
သမ္မတထရမ့်သည် ပြီးခဲ့သော ဧပြီလ ၂ ရက်နေ့ကလည်း ပို့ကုန်ခွန်ကောက်ခံမည့် စာရင်းတစ်ခု ကြေညာခဲ့သည်။ ထိုစဉ်က ကြေညာချက်၌ မြန်မာအပေါ် ကောက်ခံမည့် နှုန်းထားမှာ ၄၄ ရာခိုင်နှုန်းဖြစ်သဖြင့် ယခုအသစ် သတ်မှတ်ထားသည့်နှုန်းထားမှာ ၄ ရာခိုင်နှုန်း လျော့နည်းသွားခြင်း ဖြစ်သည်။
ယခုအခွန်နှုန်းထားများသည် သြဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။