ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းအား ရဲတပ်ဖွဲ့ဝင်စီးရာတွင် ဂိုဏ်းသား ၂၅ ဦး သေဆုံး

ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းတစ်ခုအား ဝင်ရောက်စီးနင်းရာ၌ ဂိုဏ်းသား ၂၅ ဦး သေဆုံးခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

01 Nov 2021

(ဓာတ်ပုံ - abc.net.au)

DMG ၊ နိုဝင်ဘာ ၁

ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းတစ်ခုအား ဝင်ရောက်စီးနင်းရာ၌ ဂိုဏ်းသား ၂၅ ဦး သေဆုံးခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

“သေဆုံးသူ ရာဇဝတ်သား ၂၅ ဦးရှိပါတယ်။ ဒဏ်ရာရသူ မရှိပါဘူး” ဟု ဗဟိုရဲတပ်ဖွဲ့ဝင်တစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။

ရဲအရာရှိ ၅၀ ဦးက စစ်တပ်ရဲနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ယခုစစ်ဆင်ရေးကို ဗာဂျင်ဟားမြို့တော်အနီးတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် ဘဏ်များနှင့် ATM စက်များကို ဓားပြတိုက်ရန် အထူးကျွမ်းကျင်သည့် ရာဇဝတ်ဂိုဏ်သားများရှိနေသော မွေးမြူရေးခြံနှစ်ခြံကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထိုဂိုဏ်းသားများသည်

ဒေသတွင်း ဘဏ်ခွဲအများအပြားကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်ဟု ရဲသတင်းရင်းမြစ်က ပြောသည်။
ရဲတပ်ဖွဲ့ဝင်ဘက်က သေဆုံးဒဏ်ရာရသူ မရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ရိုင်ဖယ်၊ လက်ဗစ်ဗုံးကဲ့သို့ လက်နက်များ အစုလိုက်အပြုံလိုက် သိမ်းဆည်းရမိခဲ့သလို ခိုးယူထားသော ကားများလည်း အများအပြား သိမ်းဆည်းမိကြောင်း ရဲသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

ဘရာဇီးနိုင်ငံတွင် အလယ်အလယ်မြို့များ၌ လက်နက်ကြီးများကိုင်ဆောင်ကာ စနစ်တကျ စီစဉ်ထားသည့် ဘဏ်ဓားပြတိုက်မှုများ ပိုမိုမြင့်တက်လာနေပြီး ဓားပြများသည် ထွက်ပြေးရန် လမ်းကြောင်းများကိုပါ စနစ်တကျ စီစဉ်ထားလေ့ရှိကြသည်။

ပြီးခဲ့သော သြဂုတ်လက ဆာအိုပေါ်လိုပြည်နယ်ရှိ အာရာကာတူဘာမြို့တွင် ဖြစ်ပွားခဲ့သော ဓားပြမှုတစ်ခုတွင် ဆိုလျှင် ဓားပြများသည် ဒရုန်းများ၊ ဖောက်ခွဲရေးပစ္စည်းများအသုံးပြုခဲ့ကြသလို ဓားစာခံများ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပါ အသုံးပြုခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ