ဘော့ဆိုနာရိုကိုသမ္မတနေရာမှာဆက်ထားဖို့ ထောက်ခံသူတွေက ဘရာဇီးစစ်တပ်ကို တောင်းဆို

ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ ဘရာဇီးသမ္မတဘော့ဆိုနာရိုကို အရင်သမ္မတရာထူးနေရာမှာပဲ ဆက်ပြီးထားဖို့နဲ့ ဘရာဇီးစစ်တပ်က ဝင်ရောက်စွက်ဖက်ပေးဖို့ ထောင်နဲ့ချီတဲ့ ဘော့ဆိုနာရိုထောက်ခံသူတွေက တောင်းဆိုလိုက်ပါတယ်။ 

By Admin 04 Nov 2022

ဘော့ဆိုနာရိုကိုသမ္မတနေရာမှာဆက်ထားဖို့ ထောက်ခံသူတွေက ဘရာဇီးစစ်တပ်ကို တောင်းဆို

ဘရာစီလီယာမြို့၊ စစ်ဌာနချုပ်အပြင်ဘက်မှာ ဆန္ဒပြနေကြသူတွေ။ (ဓာတ်ပုံ - AFP)

DMG | နိုဝင်ဘာ ၄

ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ ဘရာဇီးသမ္မတဘော့ဆိုနာရိုကို အရင်သမ္မတရာထူးနေရာမှာပဲ ဆက်ပြီးထားဖို့နဲ့ ဘရာဇီးစစ်တပ်က ဝင်ရောက်စွက်ဖက်ပေးဖို့ ထောင်နဲ့ချီတဲ့ ဘော့ဆိုနာရိုထောက်ခံသူတွေက တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာလက်ဝဲဝါဒီလူလာဒါဆေးလ်ဗာက ပြန်ပြီးအနိုင်ရခဲ့ပါ တယ်။ ဘော့ဆိုနာရိုက သူ့ရဲ့ရှုံးနိမ့်မှုကိုလက်မခံသလို လူလာအနိုင်ရတာကိုလည်း ချီးကျူးဂုဏ်ပြုစကားပြောတာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ အစိုးရသစ်ကို အာဏာလွှဲပြောင်းကြောင်းပြောဖို့ စင်ပေါ်တက်လာခဲ့ပြီး မိန့်ခွန်းတိုပြောကြားခဲ့ပါတယ်။ 

လက်တင်အမေရိကနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဆော်ပေါ်လိုမြို့တော်မှာရှိတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေ စုဝေးခဲ့ကြပြီး ကြားဝင်ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ကြပါတယ်။ 

“ဗဟိုက ကြားဝင်စွက်ဖက်တာမျိုးလုပ်ဖို့ ကျွန်တော်တို့လိုလားပါတယ်။ မဲခိုးတဲ့သူတွေအုပ်ချုပ်မှာကို ကျွန် တော်တို့လက်မခံပါဘူး” လို့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဘော့ဆိုနာရိုထောက်ခံသူတစ်ယောက်ကပြောပါတယ်။ 

မြို့တော်ဘရာစီလီယာမှာလည်း လူထောင်ပေါင်းများစွာစုရုံးခဲ့ပြီး “လူထုတော်လှန်ရေး” ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။ ရီယိုဒီဂျနေရိုမြို့လယ်မှာလည်း ဆန္ဒပြသူတွေက “လူလာ ၊ မင်းကသူခိုး။ မင်းနေရမယ့်နေရာက ထောင်ထဲပဲ” လို့ အော်ဟစ်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေကနိုင်ငံအနှံ့က လမ်းတွေကိုသုံးရက်ကြာတဲ့အထိ ဆက်တိုက်ပိတ်ဆို့ထားကြပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ သိရပြီးတဲ့နောက်မှာတော့ ရှုံးနိမ့်သွားတဲ့ ဘရာဇီးသမ္မတက နှစ်ရက်ကြာတဲ့အထိ နှုတ်ဆိတ်နေတဲ့အတွက် မဲရလဒ်ကိုလက်မခံမှာစိုးရိမ်ခဲ့ကြပါတယ်။ နှစ်မိနစ်ကျော်သာကြာတဲ့ သူ့မိန့်ခွန်းမှာအနိုင်ရသွားတဲ့ လူလာရဲ့နာမည်ကိုတောင် ထည့်သွင်းပြောဆိုတာမျိုးမရှိခဲ့ပေမယ့် အခြေခံဥပဒေကို “အပြည့်အဝ”လိုက်နာသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

လက်ရှိအနိုင်ရသွားတဲ့ လူလာကလည်း ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုတစ်ကြိမ်က တတိယအကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ သမ္မတတတိယသက်တမ်းအတွက် လာမယ့် ဇန်နဝါရီ ၁ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပါလိမ့်မယ်။

ဗီဒီယိုများ