- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
ဘရာဇီးတွင် အစိုးရက ကိုဗစ်-၁၉ အချက်အလက်အားလုံးကို ပယ်ဖျက်ပြီး သေဆုံးသူစာရင်းကို ဖုံးကွယ်
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး လနှင့်ချီမှတ်သားထားသည့် အချက်အလက်များအား ဘရာဇီးတာဝန်ရှိသူများက စနေနေ့တွင် အများပြည်သူ မကြည့်ရှုနိုင်အောင် ပယ်ဖျက်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားထားသည်။
07 Jun 2020

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး လနှင့်ချီမှတ်သားထားသည့် အချက်အလက်များအား ဘရာဇီးတာဝန်ရှိသူများက စနေနေ့တွင် အများပြည်သူ မကြည့်ရှုနိုင်အောင် ပယ်ဖျက်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားထားသည်။
ဗိုင်းရပ်စ်ကူးစက်မှုအား အများပြည်သူ အဓိကစောင့်ကြည့်ရာနေရာ ဖြစ်သလို ကပ်ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ဒေသအလိုက်တင်ပြပေးနေသည့် “covid.saude.gov.br” ဝက်ဘ်ဆိုက်မှ အချက်အလက်များအား ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
ဘရာဇီးသည် ကမ္ဘာ့နိုင်ငံများအနက် ကိုရိုနာကပ်ဘေးကို ဒုတိယအများဆုံး ခံစားနေရသည့်နိုင်ငံဖြစ်သည်။ ဗိုင်းရပ်စ်အရေးကို ကိုင်တွယ်ရန် နှောင့်နှေးမှု၊ အစိုးရ၏ တရားဝင်အချက်အလက်များအား အပြောင်းအလဲပြုလုပ်မှုဖြင့် ဘရာဇီးသမ္မတ ဘော့ဆိုနာရိုက ခုခံပြောဆိုမှုများ ရှိနေချိန်၌ ယခုကဲ့သို့ အချက်အလက်များ အဖျက်ခံရခြင်းဖြစ်သည်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနသည် စုစုပေါင်းကူးစက်မှု အရေအတွက်အား ထုတ်ပြန်ပေးနေမှုကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ နောက်ဆုံးရရှိခဲ့သော အချက်အလက်များအရ ဘရာဇီးသည် ကူးစက်မှု ၆၇၂၀၀၀ ဖြင့် ကမ္ဘာ့ ဒုတိယကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်သည်။ စုစုပေါင်းသေဆုံးသူ အရေအတွက်သည်လည်း ယခုသီတင်းပတ်တွင် အီတလီကိုကျော်လွန်၍ ၃၆၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။
“တစ်စတစ်စ ပိုများလာတဲ့ အရေအတွက်တွေက… နိုင်ငံရဲ့ လက်ရှိအခြေအနေကို ကိုယ်စားမပြုပါဘူး” ဟု သမ္မတဘော့ဆိုနာရိုက တွစ်တာတွင်ရေးသားခဲ့သည်။ “ကူးစက်မှုအချက်အလက်တွေကို ပိုကောင်းမွန်အောင် တင်ပြနိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်” ဟုပြောကြားထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကိုပါ ကိုးကားရေးသားထားခြင်း ဖြစ်သည်။
“covid.saude.gov.br” ဝက်ဘ်ဆိုက်ပေါ်မှ အချက်အလက်များအား သောကြာနေ့တွင် ဖယ်ရှားလိုက်ပြီးနောက် စနေနေ့တွင် နောက်ဆုံး ၂၄ နာရီစာ သေဆုံး၊ ကူးစက်၊ ပြန်လည်ကောင်းမွန်လာသည့် အချက်အလက်များကိုသာ ဒီဇိုင်းပုံစံအသစ်နှင့်အတူ ဖော်ပြထားသည်ကို တွေ့ရသည်။
အချက်အလက်များအား အဘယ်ကြောင့် ဖယ်ရှားလိုက်ကြောင်းကိုမူ သမ္မတဘော့ဆိုနာရိုနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုလုံးက ဖြေရှင်းချက်ပေးခြင်း မရှိပေ။
ဘရာဇီးသမ္မတဘော့ဆိုနာရိုသည် ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်အား အရေးမကြီးသယောင် ပေါ့ပျက်ပျက် တုံ့ပြန်ခဲ့သလို ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကိုလည်း စစ်တပ်မှအရာရှိများနှင့် အစားထိုးခန့်အပ်ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ အသွားအလာကန့်သတ်ချက်များကိုလည်း ဝေဖန်ကန့်ကွက်ခဲ့သူဖြစ်သည်။