- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
ဂန္ထဝင်ဘောလုံးသမားပီလီ၏ ၈၁ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ
ကမ္ဘာ့ဂန္ထဝင်ဘောလုံးသမား ပီလီ၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့အား အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Oct 2021

DMG ၊ အောက်တိုဘာ ၂၅
ကမ္ဘာ့ဂန္ထဝင်ဘောလုံးသမား ပီလီ၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့အား အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပီလီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကျန်းမာရေးပြဿနာကြောင့် ဆေးရုံတက် ကုသခဲ့ရပြီး သူ့မွေးနေ့တွင် ကျန်းကျန်းမာမာ တွေ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။
“ကျွန်တော့်မွေးနေ့ ရောက်ပါတော့မယ်။ ကိတ်မုန့်တောင် ပြင်ထားကြပြီ” ဟု ဘရာဇီးဂန္ထဝင်ဘောလုံးသမား ပီလီက သောကြာနေ့တွင် ဆိုရှယ်မီဒီယာပေါ်၌ ရေးသားခဲ့သည်။
၁၉၅၆ မှ ၁၉၇၄ အထိ ပီလီကစားခဲ့သည့် ဆန်တို့စ်ကလပ်ကလည်း ပီလီအတွက် မွေးနေ့ဆုတောင်းများ ရေးသားခဲ့သည်။
အမည်ရင်း အက်ဒ်ဆင်အာရန်တက်စ် ဒိုနာဆီမန်တို ဖြစ်သည့် ပီလီသည် ကမ္ဘာ့ဖလားပွဲကို ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင် အောင်ပွဲနှင့် ကစားခဲ့ဖူးသည့် တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်သည်။
ပီလီသည် ကျန်းမာရေးချို့ယွင်းပြီး မကြာခဏဆိုသလို ဆေးရုံတက်ရောက် ကုသနေရသူ ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း အူမတွင် သံသယဖြစ်ဖွယ် အကျိတ်တွေ့ရမှုကြောင့် ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူနေရသည်။
ခွဲစိတ်မှုခံယူပြီး ရက်အနည်းငယ်အကြာ၌ အသက်ရှူခက်ခဲ့သည့် လက္ခဏာများကြောင့် ပီလီသည် ထပ်မံ၍ ကုသမှုခံယူခဲ့ရသည်။