- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဥရောပနဲ့ဒူဘိုင်းမှာ ကိုကင်းမှောင်ခိုဂိုဏ်းတွေ ဖမ်းဆီးခံရ
“Desert Light” လို့နာမည်ပေးထားတဲ့ နိုင်ငံတကာစစ်ဆင်ရေးမှာ အဖြူရောင်အမှုန်တန်ချိန် ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ စပိန်မှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဥရောပသမဂ္ဂရဲဌာနက ပြောပါတယ်။
30 Nov 2022

Europol ကဖမ်းဆီးခဲ့သော မူးယစ်ရာဇာတစ်ဦး။ ဓာတ်ပုံ - AFP
DMG | နိုဝင်ဘာ ၃၀
“Desert Light” လို့နာမည်ပေးထားတဲ့ နိုင်ငံတကာစစ်ဆင်ရေးမှာ အဖြူရောင်အမှုန်တန်ချိန် ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ စပိန်မှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဥရောပသမဂ္ဂရဲဌာနက ပြောပါတယ်။
ဒူဘိုင်းဖြိုခွင်းမှုမှာတော့ နယ်သာလန်က “ ငါးကြီးကြီးတစ်ကောင်” ဖမ်း ဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူက ဒတ်ချ်ရာဇဝတ်ဘုရင် Ridouan Taghi နဲ့ ဆက်စပ်နေသူဖြစ်ပါတယ်။ Ridouan Taghi ကတော့ ၂၀၁၉ ခုနှစ်ကတည်းက အာရပ်စော်ဘွားများပြည်ထောင်စုမှာ သူ့ဖာသာဖမ်း ဆီးခံခဲ့သူဖြစ်ပါတယ်။
Europol က တန်ဖိုးအမြင့်ဆုံးပစ်မှတ်အဖြစ် ဖမ်းဆီးရမိတဲ့မူးယစ်ဆေး တွေက ဥရောပကိုကင်း ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကို ထိန်းချုပ်ထားသူ တွေရဲ့ ပစ္စည်းတွေဖြစ်ကြပါတယ်။
“သံသယရှိသူတွေရဲ့ ထိန်းချုပ်ကွပ်ကဲမှု အောက်ကနေ ဥရောပကိုတင်သွင်းတဲ့ ကိုကင်းပမာဏက ကြီးမားများပြားလွန်းပါတယ်” လို့ Europol ကပြောပါတယ်။
သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒတ်ချ်တရားခံဟာ အိုင်ယာလန်နဲ့ အီတလီမူးယစ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ ဒူဘိုင်းမှာမဟာမိတ်ဖွဲ့ခဲ့တယ်လို့ ဒတ်ချ်လူထုရုပ်သံလိုင်း NOS ကပြောပါတယ်။
Europol ကထုတ်ပြန်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ အမေရိကန်မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံကွပ်ကဲမှု (DEA) နဲ့ စပိန်ဂါဒီယားအရပ်ဘက်က ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူတွေနဲ့ သူတို့ရဲ့ဇိမ်ခံကားတွေ၊ သိုဝှက် ထားတဲ့ငွေကြေး စတာတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ ပြသထားပါတယ်။
ဥရောပကိုကင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကိုထိန်းချုပ်ထားတဲ့ ကြီးမားတဲ့ မူးယစ်ဂိုဏ်းကို ဖြိုခွဲဖမ်းဆီးခဲ့ရာမှာ နိုင်ငံအသီးသီးက လူပေါင်း ၄၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ဒူဘိုင်းက မူးယစ်ရာဇာ ၆ ယောက်လည်း ပါဝင်တယ်လို့ တနင်္လာနေ့ကပဲ Europol က ပြောကြားခဲ့ပါတယ်။