ပီရူးတွင်တွေ့ရသည့် မြွေမျိုးစိတ်သစ်အား မင်းသားကြီးဟယ်ရီဆင်ဖို့အမည်ကို ဂုဏ်ပြုမှည့်ခေါ်

မင်းသားကြီးဟယ်ရီဆင်ဖို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသဖြင့် ယခုကဲ့သို့ သူ့အမည်ကို အစွဲပြုကာ မှည့်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း Edgar Lehr က ပြောကြားသည်။

By Admin 17 Aug 2023

ရုပ်ပုံ - The Straits Times
ရုပ်ပုံ - The Straits Times

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အားပေးထောက်ခံသည့် အင်ဒီယာနာဂျုံးမင်းသား ဟယ်ရီဆင်ဖို့ကို ဂုဏ်ပြုသည့်အနေဖြင့် ပီရူးတွင်တွေ့ရှိရသည့် မြွှေမျိုးစိတ်အသစ်အား သိပ္ပံပညာရှင်များက Tachymenoides harrisonfordi ဟု အမည်ပေးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ညိုဝါရောင်သမ်းသည့် ကိုယ်ပေါ်တွင် အမည်းစက်များရှိကာ အနက်ရောင် ဝမ်းဗိုက်နှင့် ကြေးနီရောင်မျက်လုံးများရှိသည့် ဤမြွှေကို အမေရိကန်-ဂျာမန် ဇီဝဗေဒပညာရှင် Edgar Lehr ဦးဆောင်သည့်အဖွဲ့က ပထမဆုံး တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

မင်းသားကြီးဟယ်ရီဆင်ဖို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသဖြင့် ယခုကဲ့သို့ သူ့အမည်ကို အစွဲပြုကာ မှည့်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း Edgar Lehr က ပြောကြားသည်။

“Conservation International အဖွဲ့နဲ့ ဆွေးနွေးပြီးနောက်မှာ ဟယ်ရီဆင်ဖို့ကလည်း သူ့နာမည်ကို အသုံးပြုဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်” ဟု သူကပြောသည်။

၁၆ လက်မရှည်သည့် အဆိုပါမြွေမျိုးစိတ်ကို ၂၀၂၂ ခုနှစ် မေလတွင် အိုတီရှီအမျိုးသားဥယျာဉ်ရှိ တောင်တန်းများပေါ်မှ တောအုပ်ထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း San Marcos အမျိုးသားတက္ကသိုလ်က သြဂုတ်လ ၁၆ ရက်နေ့က ပြောကြားသည်။

ဤမြွှေသည် ယခင်က လုံးဝမတွေ့ဖူးသေးသည့် တွားသွားသတ္တဝါ မျိုးစိတ်သစ်ဖြစ်ကြောင်းကို ပညာရှင်များသည် ယခုမှသာ အတည်ပြုနိုင်ကြခြင်း ဖြစ်သည်။ 

အဆိုပါမြွေသည် အရွယ်ရောက်သူ လူကြီးများအတွက် အန္တရာယ်မရှိသော်လည်း ဖားနှင့် အိမ်မြှောင်ဖမ်းရာတွင်မူ အထူး ကျွမ်းကျင်သည်ဟု Edgar Lehr ၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ