- အင်ဒိုနီးရှား၊ အမေရိကန်နှင့် မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်
- ဒုက္ခသည်ကွန်ဖရင့် တက်ရောက်လာသည့် မိုဟာမက်ယူနွတ်က နေရပ်ပြန်ရေး လမ်းညွှန်ချက် ၇ ရပ် အဆိုပြု
- MNDAA ဖမ်းဆီးရထားသည့် သေနတ် ၂၀၀ ကျော်ကို တရုတ်ထံ အပ်၊ ၄၀၀ ကျော်ကို ဖျက်ဆီး
- ယူကေတွင် ခိုလှုံခွင့် တောင်းခံသူများကို နေရာချထားသည့် ဟိုတယ်များရှေ့၌ ဆန္ဒပြမှုများ ဖြစ်ပွား
- ရခိုင်ဘက်မှ သေနတ်သံများကြောင့် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတင်းကျပ်
ဒုက္ခသည်ကွန်ဖရင့် တက်ရောက်လာသည့် မိုဟာမက်ယူနွတ်က နေရပ်ပြန်ရေး လမ်းညွှန်ချက် ၇ ရပ် အဆိုပြု
ဘင်္ဂလားဒေ့ရှ်တွင် သုံးရက်ကြာ ကျင်းပနေသည့် မွတ်ဆလင်ဒုက္ခသည်အရေး နိုင်ငံတကာ ကွန်ဖရင့်သို့ ယနေ့တွင် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
25 Aug 2025

ဘင်္ဂလားဒေ့ရှ်တွင် သုံးရက်ကြာ ကျင်းပနေသည့် မွတ်ဆလင်ဒုက္ခသည်အရေး နိုင်ငံတကာ ကွန်ဖရင့်သို့ ယနေ့တွင် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ယနေ့တွင် ပါမောက္ခယူနွတ်က ဒုက္ခသည်များကို နေရပ်ပြန်ပို့နိုင်ရေးအတွက် အဆိုပြုချက် ၇ ရပ် တင်ပြခဲ့ပြီး အဓိကအားဖြင့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ ဒုက္ခသည်များအတွက် ရေရှည် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်များ ထားရှိရန်၊ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်အကြား တိုက်ပွဲများ ရပ်တန့်ပြီး ဒုက္ခသည်နေရပ်ပြန်ရေးအတွက် အာမခံပေးရန်၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်အောင် ပလက်ဖောင်းတစ်ရပ် ထားရှိရန်၊ ICJ နှင့် ICC တို့ဆောင်ရွက်နေသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များ ပိုအားကောင်းအောင် ဆောင်ရွက်ရန် တို့ပါဝင်သည်။
"အပြောလောက်နဲ့ ပိတ်မိနေလို့ မရပါဘူး။ အကောင်အထည် ဖော်ရမယ့်အချိန်ဟာ ခုအချိန်ပါပဲ" ဟု ပါမောက္ခယူနွတ်က ပြောကြားသည်။
မွတ်ဆလင်ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်လည်းဖြစ်သည်ဟု ယူနွတ်ကပြောသည်။
ကော့ဘဇားတွင် ကျင်းပသည့် ယခုစကားဝိုင်းဆွေးနွေးပွဲသည် စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုလသမဂ္ဂတွင် ကျင်းပမည့် မွတ်ဆလင်ဒုက္ခသည်ရေးရာ ညီလာခံအတွက် အထောက်အကူ ဖြစ်စေမည်ဟု မိမိအနေဖြင့် မျှော်လင့်သည်ဟုလည်း ပါမောက္ခယူနွတ်က ပြောကြားသည်။
ကော့ဘဇားခရိုင် အင်နာနီကမ်းခြေရှိ Baywatch ဟိုတယ်တွင် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ယခုကွန်ဖရင့်အား ၂၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ ဤကွန်ဖရင့်ကို မွတ်ဆလင်ဒုက္ခသည်ရေးရာ အထူးကိုယ်စားလှယ်ရုံးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ၌ မွတ်ဆလင်ဒုက္ခသည် စုစုပေါင်း ၁.၃ သန်းခန့်ရှိပြီး ကော့ဘဇားရှိ ဒုက္ခသည်စခန်းများနှင့် ဘာဆန်ချာကျွန်းရှိ အိမ်ရာများ၌ နေရာချထားသည်။ အဆိုပါစခန်းများတွင် မွေးဖွားသည့် ကလေး အရေအတွက်သည် တစ်နှစ်လျှင် ၃၂,၀၀၀ ခန့်ရှိသည်။