- မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ
- ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ
- ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်
- သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ
- စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နိုင်ငံတွင်း ရေလွှမ်းမိုးနေသည့် နေရာများသို့ သွားရောက်ကြည့်ရှု
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည့် ရှင်အီဂျူးမြို့ (Sinuiju) နှင့် အီဂျူး (Uiju) ဒေသတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဖော်ပြသည်။
31 Jul 2024
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည့် ရှင်အီဂျူးမြို့ (Sinuiju) နှင့် အီဂျူး (Uiju) ဒေသတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာန ကေစီအန်အေက ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖော်ပြသည်။
အဆိုပါဒေသတွင် စိုက်ပျိုးမြေဧကပေါင်း ၇ ထောင်ကျော်နှင့်အတူ နေအိမ်အလုံးရေ ၄၀၀၀ ကျော်ခန့်အထိ ရေလွှမ်းမိုးခံနေရသည်။
ရေလွှမ်းမိုးသည့် ဒေသများကို ကင်ဂျုံအန်းသည် ပြီးခဲ့သော တနင်္ဂနွေနေ့က သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းအရ သိရသည်။
လတ်တလောဖြစ်ရပ်များနှင့် ပတ်သက်ပြီး အရေးပေါ် နှစ်ရက်ကြာအစည်းအဝေးကို အာဏာရ လုပ်သားပါတီက ကျင်းပခဲ့ကြောင်း ကေစီအန်အေက ထုတ်ပြန်သည်။
ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကင်ဂျုံအန်းက စိုးရိမ်ပူပန်မှု ပြသခဲ့သလို ရေလွှမ်းမိုးလျက်ရှိသည့် ဒေသများတွင် အခြေအနေများ နဂိုအတိုင်း ပြန်ဖြစ်စေရန်အတွက် အမြန်ဆုံး ဆောင်ရွက်ကြရန်လည်း တိုက်တွန်းသည်ဟု သတင်းက ဖော်ပြသည်။
တရုတ်နှင့်လည်း နယ်စပ်ချင်း ထိစပ်နေသည့် အဆိုပါဒေသများတွင် ပြီးခဲ့သော ရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်း ဂေမီ တိုက်ခတ်ခဲ့သလို မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ တရုတ်တောင်ပိုင်းတွင်လည်း မုန်တိုင်းနှင့်အတူ မိုးကြီးသဖြင့် မြေပြိုပြီး လူ ၁၂ ဦးအထိ သေဆုံးခဲ့သည်။